■ အီဘာ နှင့် ဆိုစီဒက် (စနေညနေ ၅း၃၀ နာရီ)
အီဘာကစားပုံ တက်ရိပ်ပြလာတာတွေ့ရတယ်။ အရင် ကတည်းက အိမ်ကွင်းမှာ ကစားပုံစုစည်းမှုပိုရှိတတ်လို့ ခြေစွမ်း မငြိမ်သေးတဲ့ ဆိုစီဒက် အီဘာကွင်းမှာ (၃)မှတ်ပြည့်ရဖို့ခက် မယ်။
ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့မှန်းထားချင်တယ်။
 ■ စပို့တင်းဂီဂျွန် နှင့် ဘာစီလိုနာ (စနေည ၈း၄၅ နာရီ)
ဘာစီလိုနာတိုက်စစ်က MSNတိုက်စစ်အတွဲမှာ နှစ်ယောက်ထုတ်သုံးရင်တောင် အလုပ်ဖြစ်ပေမယ့် တစ်ယောက်တည်းသုံးခဲ့ရင်တော့ ဂိုးရဖို့ခက်သွား တတ်တာကို အလာဗတ်စ်နဲ့ပွဲမှာ မြင်ထားရတယ်။
စပို့တင်းဂီဂျွန်ကလည်း အိမ်ကွင်း (၂)ပွဲစလုံးအနိုင်ရထားပြီး အိမ်ကွင်းကစားပုံကောင်းကိုပြထားနိုင်လို့ ချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ ဘာစီလိုနာ ဒီပွဲကိုပေါ့ဆရဲမယ်မထင်ပါဘူး။
နောက်ပြီး စပို့တင်းဂီဂျွန်ကွင်းမှာ နောက်ဆုံးကစားတဲ့ (၃)ပွဲစလုံးလည်း ဘာစီလိုနာ အသာစီးနဲ့ကစားထားနိုင်တာမျိုးလည်းမတွေ့ရလို့ အခုပွဲမှာလည်း ဘာစီလိုနာဆီကသွင်းဂိုးတွေ ထင်သ လောက်မျှော်လင့်လို့မရဘူး။
ဒါပေမဲ့ တစ်ပွဲရှုံးထားလို့ အာရုံပိုစိုက်မယ့် ဘာစီလိုနာပဲကြိုက်တယ်။ ဂိုးတော့များသွားနိုင်မယ်။
■ ဘီလ်ဘာအို နှင့် ဆီဗီလာ (စနေည ၁၁း၀၀ နာရီ)
ဘီလ်ဘာအိုကစားပုံ ပုံမှန်နီးပါးပြန်ဖြစ်လာပါပြီ။ ဒါပေမဲ့ ပွဲဦးရှုံးထားတဲ့ ယူရိုပါလိဂ်ကို ဒီတစ်ပတ်မှာ ပိုအာရုံစိုက်နိုင်တယ်။
ဆီဗီလာကလည်း အဝေးကွင်းပွဲဆို ထိန်းကစားနေတယ်။
(၂)သင်းစလုံး ဥရောပပွဲရှိလို့ သရေပွဲဖြစ်ဖို့ များနေတယ်။
■ လက်စ်ပါးမားစ် နှင့် ရီးယဲလ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
ရီးယဲလ်မက်ဒရစ်အတွက် အစမ်းသပ်ခံပွဲမျိုးပါပဲ။ ရာသီအစ လက်စ်ပါမားစ်ရဲ့ခြေစွမ်းကလည်း အားရစရာကောင်းနေ တယ်။ ပြီးခဲ့တဲ့ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ လက်စ်ပါမားစ်ဟာ ဒီရာသီအစမှာတော့ သိသာစွာပြောင်းလဲသွားပြီးကစားအား အတော်လေးတက်လာတယ်။ (၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲနိုင် (၁)ပွဲရှုံးထားပေမယ့် လက်စ်ပါမားစ်ရဲ့တိုက်စစ်ကစားပုံ အတော်လေးကောင်းမွန်လာတာ တွေ့ရတယ်။ ကစားပြီးသမျှပွဲတိုင်းကို ဂိုးရအောင်ကစားနိုင်သလို၊ အိမ်ကွင်းမှာကစားခဲ့တဲ့ (၂)ပွဲစလုံး အနိုင်ရအောင်ကစားထားပြီး (၆)ဂိုးသွင်း (၁)ဂိုးသာပြန်ပေးခဲ့ရတဲ့ လက်စ်ပါမားစ်ရဲ့ အိမ်ကွင်းကစားအားကလည်း အားရစရာဖြစ်နေတယ်။ ရီးယဲလ်ကတော့ ဒီပွဲအပြီး ချန်ပီယံလိဂ်ကစားရဦးမယ်။ နောက်ပြီးတိုက်စစ်မှာလည်း စီရော်နယ်လ်ဒို၊ ဘေးလ်၊ ဘန်ဇီမာ (၃)ဦးစလုံးရဲ့ ကြံ့ခိုင်မှုအနေအထားက ရာနှုန်းပြည့်မဟုတ်သေးဘူး။ ဒါပေမဲ့ အဝေးကွင်းမှာတော့ ရီးယဲလ် သတိနဲ့ထိန်းကစားနေတာတွေ့နေရတယ်။ ပြီးခဲ့တဲ့ရာသီ လက်စ်ပါမားစ်ကွင်းမှာလည်း ရီးယဲလ် (၂-၁)နဲ့ပဲ အနိုင်ရထားပြီး အနိုင်ရဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်။ လက်ရှိခြေစွမ်းအရလည်း အိမ်ကွင်းဆိုရင် အပြန်အလှန်တိုက်စစ်ဖွင့်ဖို့ ကြိုးစားတတ် တဲ့ လက်စ်ပါမားစ်ကိုပဲ ရွေးထားချင်တယ်။ ဂိုးတော့နည်းမယ်။

No comments:
Post a Comment