Sunday, September 11, 2016

စည်းကမ်းပိုင်းဆိုင်ရာအားနည်းမှုကို ထိန်းသိမ်းရန် ဒီယေဂိုကော်စတာကို ချယ်လ်ဆီးနည်းပြ ကွန်တီ သတိပေး

စည်းကမ်းပိုင်းဆိုင်ရာအားနည်းမှုကို ထိန်းသိမ်းရန် ဒီယေဂိုကော်စတာကို ချယ်လ်ဆီးနည်းပြ ကွန်တီ သတိပေး
ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ စည်းကမ်းပိုင်းဆိုင်ရာအားနည်းမှုကို သတိပေးခဲ့ပြီး၊ ပွဲပယ်ပြစ်ဒဏ်များ ကျခံရမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
ဒီယေဂိုကော်စတာသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားပြီးချိန်တွင် အ၀ါကတ်(၂)ကြိမ်ပြသခံထားရသဖြင့် ကွန်တီက ၎င်း၏တိုက်စစ်မှူး ပွဲပယ်ခံရပြီး အရေးကြီးသောပွဲစဉ်များ လွဲချော်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
'' ဒီယေဂိုက စိတ်အားထက်သန်လွန်းတဲ့သူပါ။ ဒါကြောင့်မို့ သူက ရံဖန်ရံခဲါ အ၀ါကတ်တွေ ပြခံနေရပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကနေ သူတိုးတက်လာဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။ ဒီယေဂိုကော်စတာကို ပွဲတိုင်းမှာ ကျွန်တော်ရှိစေချင်တာအမှန်ပါပဲ။
ဒီယေဂိုကော်စတာအနေနဲ့ အခြေအနေကို နားလည်ရပါမယ်။ မှန်ကန်တဲ့ စိတ်အားထက်သန်မှု၊ မှန်ကန်တဲ့ ခံယူချက်တွေ ရှိရပါမယ်။ သူ့ရဲ့ စိတ်ခံစားချက်တွေကို ကွင်းထဲမှာ မှန်ကန်စွာပြောင်းလဲသင့်ပါတယ်'' ဟု ကွန်တီက ပြောကြားခဲ့သည်။
ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့် ဘောလုံးရာသီက (၄၄)ပွဲကစားခဲ့ရာတွင် အ၀ါကတ် (၁၁)ကြိမ် ပြသခံခဲ့ရပြီး အဲဗာတန်အသင်းနှင့် အက်ဖ်အေဖလားပွဲစဉ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
(ပုံစာ - လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် နည်းပြကွန်တီနှင့် ဒီယေဂိုကော်စတာ)
Photo: Chelsea FC

No comments:

Post a Comment