Saturday, September 10, 2016

ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေနေ့ ပွဲများ အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေနေ့ ပွဲများ အကြိုသုံးသပ်ချက်
■ မန်ယူ နှင့် မန်စီးတီး (စနေည ၆း၀၀ နာရီ)
ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်နှစ်သင်းစလုံးက ဒီရာသီမှာ ပုံစံကောင်းပြနေကြပြီး ရာနှုန်းပြည့်နိုင်ပွဲရယူထားကြတဲ့ အသင်းတွေ ပါ။ မန်ချက်စတာကလပ်အသင်းနှစ်သင်းရဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုကို ဘောလုံးလောကမှာ စိတ်ဝင်စားအရာအကောင်းဆုံး
ပြိုင် ဘက်အတွဲအဖက်ဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့က ထပ်ပြီးအားဖြည့်ထားကြတယ်။ ဒီနည်းပြနှစ်ယောက်ရဲ့ ထိပ်တိုက် တွေ့ဆုံမှုအစဉ်အလာပိုင်းအရ သမိုင်းမှာ (၁၆)ကြိမ်ဆုံတွေ့ဖူးပြီး မော်ရင်ဟိုက ဂွါဒီယိုလာကို (၃)ကြိမ်သာ နိုင်ခဲ့ဖူးတယ်။ ဂွါဒီ ယိုလာက (၈)ပွဲနိုင်ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရထားတယ်။
ဒါပေမဲ့ အရင်အခြေအနေနဲ့ မတူတာက ဂွါဒီယိုလာက ပိုကောင်းပြီး
မော်ရင်ဟိုက အားနည်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်မှုမျိုးမဟုတ်တော့ဘူး။ နှစ်သင်းစလုံးက အင်္ဂလန်ရဲ့
အင်အား အတောင့်တင်းဆုံးအသင်းဖြစ်နေပြီး အားမျှခြေအနေအထားဖြစ်နေတယ်။ မန်ယူမှာ မစ်ခီတာရီယန် မကစားနိုင်ဘူး။ ဒါပေမဲ့ မန်စီးတီးမှာ အဂွဲရိုး မကစားနိုင်တာက ပိုဆိုးတယ်။ ကွန်ပနီကတော့ ဒီပွဲအတွက် သွေးစစ်ဆေးမှုမှာ အခြေအနေကောင်းလို့ ပါလာနိုင်တယ်။ ခြုံကြည့်ရင် အဖက်ဖက်မျှပေမယ့် အိမ်ရှင်မန်ယူ ကပ်နိုင်သွားဖို့ ပိုများတယ်။
■ ဘုန်းမောက် နှင့် ၀က်စ်ဘရွန်း (စနေည ၈း၃၀ နာရီ)
ဘုန်းမောက်က မန်ယူနဲ့ ၀က်စ်ဟမ်းကို ရှုံးခဲ့ပြီး ပဲလေ့စ်ကို သရေကျခဲ့တယ်။ ၀က်စ်ဘရွန်းက ပဲလေ့စ်ကိုပဲ နိုင်ပြီး အဲဗာတန် ကို ရှုံး၊ မစ်ဒယ်ဘရော့ကို သရေကျတယ်။ ၀က်စ်ဘရွန်းရဲ့ ရလဒ် တွေက ပိုကောင်းသလို၊ ခြေစွမ်းလည်း ပိုကောင်းတယ်။ အိမ်ကွင်း ဆိုပေမယ့် ဘုန်းမောက်နိုင်ဖို့ ခက်တယ်။
■အာဆင်နယ် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)
ဆောက်သမ်တန်က ဒီရာသီမှာ နိုင်ပွဲမရသေးဘူး။
လူအင် အားက တော်တော်လျော့သွားသလို၊ ခြေစွမ်းရော၊ စိတ်ဓာတ်ပါ ပျက်စီးသွားတယ်။ ဒီပုံစံအတိုင်းဆိုရင် လက်စတာ၊ ၀က်ဖို့ဒ်တို့နဲ့ ပွဲတွေမှာ ခြေတက်လာတဲ့ အာဆင်နယ်ကို ဘယ်လိုမှ မယှဉ်နိုင် လောက်ဘူး။ အာဆင်နယ် (၂)ဂိုးပြတ်လောက် နိုင်မယ်။
■ ဘန်လေ နှင့် ဟားလ်စီးတီး (စနေည ၈း၃၀ နာရီ)
ဟားလ်စီးတီးက ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အဖွင့်နှစ်ပွဲ ဆက်နိုင်ခဲ့သလို၊ နောက်ဆုံးပွဲမှာလည်း မန်ယူကို နောက်ဆုံးမိ နစ်ဂိုးနဲ့ ကပ်ရှုံးခဲ့တယ်။ ခံစစ်ကောင်းတယ်။ စုစည်းမှုရှိတယ်။ တိုက်စစ်မှာလည်း
ဒီယိုမန်ဒီ၊ ဟာနန်ဒက်ဇ်၊ ဆနော့ဂရက်စ်တို့ ရှိတယ်။ ဟားလ်စီးတီး နိုင်မယ်။
■မစ်ဒယ်ဘရော့ နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
ပဲလေ့စ်က တိုက်စစ်အတွက် ဘန်တီကီ၊ ရီမီတို့ကို အားဖြည့်လိုက်တယ်။ နာမည်အရ ခေါ်ယူမှုကောင်းတွေဆိုပေမယ့် အခုချိန် မှာ ယုံကြည်မှုပျောက်နေတဲ့သူတွေပါ။ မစ်ဒယ်ဘရော့က
တန်း တက်အသင်းဆိုပေမယ့် နီဂရီဒို၊ ရာမီရက်ဇ်၊ ဒေါင်းနင်း၊
စတူအာ နီတို့ရဲ့တိုက်စစ်က ကောင်းပါတယ်။ အိမ်ရှင်နိုင်မယ်။
■ စတုတ်စီးတီး နှင့် စပါး(စနေည ၈း၃၀ နာရီ)
စတုတ်မှာ အင်ဘူလာနဲ့ ဂျိုးအယ်လန်အတွဲက မညီသေး ဘူး။ ရှာကီရီပြန်ကစားနိုင်တာတော့ စတုတ်စီးတီးအတွက် တော် တော်လေးအားရစရာကောင်းပါတယ်။
ဒါပေမဲ့ စပါးကလည်း လီ ဗာပူးလ်နဲ့ ပွဲမှာညံ့တယ်။ မနှစ်ကခြေမျိုးမရသေးသလို၊ ခြေမငြိမ် သေးဘူး။ သရေကျဖို့ များတဲ့ပွဲပါ။
■ ၀က်စ်ဟမ်း နှင့် ၀က်ဖို့ဒ် (စနေည ၈း၃၀ နာရီ)
ဝက်စ်ဟမ်းတိုက်စစ်က လူစုံလာပြီ။ ပါယက်၊ အန်တိုနီယို၊ လန်ဇီနီ၊ ဇာဇာတို့ ပွဲထွက်လာဖို့များတယ်။ ၀က်ဖို့ဒ်က ဒီးနီနဲ့ အီ ဂါလိုတို့ အလုပ်မဖြစ်သေးလို့ တိုက်စစ်မရှိသလို၊ ခံစစ်နဲ့ ကွင်း လယ်ကလည်း အလုပ်မဖြစ်ဘူး။ ပြိုင်ပွဲစုံ နှစ်ပွဲဆက်ရှုံးထားတဲ့ ၀က်စ်ဟမ်း နိုင်ပွဲပြန်ရလိမ့်မယ်။
■ လီဗာပူးလ် နှင့် လက်စတာ (စနေည ၁၁း၀၀ နာရီ)
လက်စတာက နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာခြေစွမ်းက သိသိသာသာပြန်ကောင်းလာတယ်။ အာဆင်နယ်နဲ့ ပွဲမှာကတည်းက လက်စတာက ပုံစံကောင်းပြန်ရနေပြီလို့တောင်ဆိုနိုင်တယ်။ ဗာဒီ-မာရက်ဇ်အတွဲက ကစားပုံမဆိုးပေမယ့် မနှစ်ကလောက် မလုပ်ပြနိုင်သေးတာက ပြဿနာဖြစ်နေတယ်။ လီဗာပူးလ်ကလည်း
ဒီရာသီ ပရီးမီးယားလိဂ် (၃)ပွဲမှာ တိုက်စစ်ဆင်ပုံက အားရစရာပါ။
ခက်တာက တိုက်စစ်က ဖြုန်းတီးမှုများသလို၊ ခံစစ်ကြတော့လည်း ဂိုးတွေကိုခွင့်ပြုဖို့အရမ်းလွယ်နေတယ်။ ဒီအချက် တွေက အသင်းရဲ့ကစားဟန်ကို ပြန်ဖျက်ဆီးသလိုဖြစ်နေတယ်။
တကယ်လို့ ဒီပွဲမှာသာ လီဗာပူးလ်အသင်း နိုင်ပွဲမရရင်
ကလော့ပ်ရဲ့အသင်းမှာ တစ်ခုခုအမှားအယွင်းရှိနေပြီလို့ ပြောရမယ်။ လက်စတာအသင်းအနေနဲ့ ပွဲကျပ်တွေနဲ့ ဆက်တိုက် တွေ့နေတဲ့ အနေအထားမှာ နိုင်ငံတကာပွဲတွေကြောင့် အနားရသွားတာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ကိုယ့်ကွင်းမှာ ကိုယ်နိုင်ခဲ့ကြတယ်။ လက်ရှိခြေစွမ်းအရ လီဗာပူးလ်ကို ပိုကြိုက်တယ်။
ကြီးကြီးမားမားအမှား မကျူးလွန်ဘူးဆိုရင် လီဗာပူးလ် နိုင်ပါလိမ့်မယ်။ ဂိုးနည်းမယ်။ (၁-၀)က ဖြစ်နိုင်ခြေအများဆုံးပဲ။

No comments:

Post a Comment