■ ပွဲကျပ်ကာလအစမှာပဲ ပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့ ကွန်တီ
လီဗာပူးလ်နဲ့ပွဲက စပြီး ပွဲကျပ်တွေ တောက်လျှောက်ကစားရမယ့် ကွန်တီရဲ့ ချယ်လ်ဆီးအသင်းကတော့ ပွဲကျပ်ကာလအစမှာပဲ ပထမဆုံးရှုံးပွဲတွေ့ခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ အဓိက ကစားသမားအစုံအလင်ပါဝင်ခဲ့ပြီး ချယ်လ်ဆီးအသင်း
ဟာ ပွဲအစပိုင်းမှာ အထလေးနေတာကြောင့် လီဗာပူးလ်အသင်းက ပိုဖိကစား
နိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ကော်တင်ဟို၊ လယ်လာနာ၊ ဟန်ဒါဆင်၊ မာနေး၊ ၀ိုင်နယ်လ်ဒန်းတို့ရဲ့ တွဲလုံးတွေနဲ့အတူ ချယ်လ်ဆီးအသင်းဘက်ကို တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ(၁၇)မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့တယ်။ လီဗာပူးလ်
အသင်းအတွက် အဖွင့်ဂိုးကို ကော်တင်ဟိုပေးပို့မှုကတစ်ဆင့် နောက်ခံလူ လိုဗရန်က ပြေးဝင်ပိတ်သွင်းခဲ့တာပါ။
အဲဒီဂိုးဟာ ချယ်လ်ဆီးကစားသမားတွေ ခံစစ်ဧရိယာအတွင်းနေရာယူပုံ အားနည်းမှုကြောင့် ပေးလိုက်ရတာလို့ဆိုရမှာဖြစ်ပြီး ပယ်နယ်တီဧရိယာ အတွင်း လီဗာပူးလ်ကစားသမား(၅)ယောက်လောက် လွတ်လွတ်ကျွတ်ကျွတ်
ဖြစ်နေခဲ့တယ်။ (၃၆)မိနစ်မှာ လီဗာပူးလ်အသင်း ဒုတိယအနိုင်ဂိုးရရှိခဲ့ပြီး ကွင်း
လယ်လူ ဟန်ဒါဆင်က ပယ်နယ်တီဧရိယာထိပ်ကိုက်(၃၀)အကွာက လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။ (၂)ဂိုးပေးခဲ့ရပေမယ့် ချယ်လ်ဆီးကစားပုံ တက်မလာဘဲ ဟာဇက်၊ ၀ီလီယံတို့ရဲ့ တောင်ပံတွေက အလုပ်မဖြစ်သလို၊ အော်စကာ၊ ကွန်တေတို့ရဲ့ကွင်းလယ်ကလည်း တိုက်စစ်လမ်းကြောင်းတွေ မဖွင့်ပေးနိုင်ခဲ့ ဘူး။ ကွန်တီအနေနဲ့ အော်စကာအစား ဖာဘရီဂတ်စ်ကို စောစာစီးစီး လူစားလဲ
သင့်ပေမယ့် ပွဲပြီးခါနီးမှသာ ဖာဘရီဂတ်စ်ကို ထည့်သုံးခဲ့တယ်။ ဒုတိယပိုင်း
(၆၁)မိနစ်မှာ ချယ်လ်ဆီး ချေပဂိုးရခဲ့ပြီး မာတစ်ရဲ့ပေးပို့မှုကနေ ဒီယေဂိုကော်စ
တာက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ချေပဂိုးရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့
တိုက်စစ်ကစားပုံက အားရစရာမရှိခဲ့ဘဲ လီဗာပူးလ်ကတောင် အပိုင်ဂိုးသွင်း
ခွင့်တွေရခဲ့တယ်။ ကွန်တေဟာ ဒုတိယပိုင်းမိနစ်(၈၀)ကျော်
မှ ဖာဘရီဂတ်စ်၊ မိုဆက်စ်၊ ပတ်ဒရိုတို့ကို တစ်ပြိုင်နက်တည်းထည့်ခဲ့ပေမယ့်
အချိန်မမီတော့ဘဲ ပွဲအပြီးမှာ (၁-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ပထမဆုံးပရီးမီးယား
လိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
 
 
No comments:
Post a Comment