ဆွီဒင်ကလပ် AIK အသင်းမှ အသက်(၁၇)နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အလက်ဇန္ဒားအိုင်ဆက်ကို ဥရောပထိပ်သီးအသင်းများစွာ အပြိုင်လိုက်နေပြီး ရီးယဲလ်အသင်းက ဦးဆောင်နေကြောင်း သိရှိရသည်။
ယခုနှစ်တွင် AIK အသင်းကြီး၌ စတင်ကစားခွင့်ရခဲ့ပြီး (၂၄)ပွဲကစား၊ (၁၀)ဂိုးသွင်းယူထားသည့် အိုင်ဆက်မှာ အရပ်(၆ ပေ၊ ၃ လက်မ)မြင့်မားပြီး အီဘရာဟီမိုဗစ်နှင့် ကစားဟန်ဆင်တူသောကြောင့် အီဘရာဟီမိုဗစ်လက်သစ်ဟု တင်စားခံနေရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
 ဆွီဒင်ယူ-၂၁ လက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံထားရသည့် အိုင်ဆက်ကို 
ရီးယဲလ်နှင့် ချယ်လ်ဆီးအသင်းတို့က တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ AIK 
အသင်းက ပယ်ချခဲ့သော်လည်း အိုင်ဆက်ကမူ အသင်းကြီးတစ်သင်းသင်းသို့ 
ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
၎င်းကို ခေါ်ယူလိုသည့်အသင်းများထဲတွင် ရီးယဲလ်၊ ချယ်လ်ဆီးတို့အပြင် ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊PSG ၊ ဂျူဗင်တပ်စ်တို့လည်း ပါဝင်နေပြီး အိုင်ဆက်သည် ရီးယဲလ်သို့ပြောင်းရွှေ့ရန် စိတ်အ၀င်စားဆုံးဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။
သို့သော် ရီးယဲလ်အသင်းသည် ကစားသမားခေါ်ယူမှု ပိတ်ပင်ခံထားရသည့်အတွက် အိုင်ဆက်ကို ခေါ်ယူနိုင်ခဲ့လျှင်ပင် ပြန်လည်အငှားချထားရမည်ဖြစ်ကြောင်း သိရှိရသည်။
Photos: Marca

No comments:
Post a Comment