Saturday, December 17, 2016

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ရှော်လ်ကေး နှင့် ဖရိုင်းဘတ် (စနေည ၉း၀၀ နာရီ)
ရှော်လ်ကေးအသင်း လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့ကို ဆက်တိုက်အရေးနိမ့်ထားခဲ့တယ်။ ဒီ(၂)ပွဲမှာ ကံဆိုးလွန်းလို့ သာ ရှော်လ်ကေး ရမှတ်တွေဆုံးရှုံးခဲ့တာပါ။ ဖရိုင်းဘတ် မထင် မှတ်တာတွေ လုပ်ပြတတ်ပေမယ့် ရှော်လ်ကေးကွင်းမှာတော့ မျှော်လင့်ချက်မရှိနိုင်ဘူး။
ရှော်လ်ကေး ဂိုးပြတ်၊ မပြတ်ပဲ ကြည့် ရမှာပါ။

■ မိန့်ဇ် နှင့် ဟမ်းဘတ် ( စနေည ၉း၀၀ နာရီ)
ဟမ်းဘတ်က (၂)ပွဲဆက်နိုင်ပြီး အခြေအနေကောင်းလာ တယ်။ (၂)သင်းကြား ကစားသမားပိုင်းက ကွာခြားမှုသိပ်မရှိပါဘူး။
လတ်တလောစိတ်ဓာတ်ပိုင်းကပဲ ဒီပွဲကို အဆုံးအဖြတ်ပေး သွားဖို့များတယ်။ မိန့်ဇ်ကွင်းမှာ ဟမ်းဘတ် အမှတ်ရခဲ့ရင် အံ့သြစရာမရှိပါဘူး။
■ အော့စ်ဘတ် နှင့် မိုချန်ဂလာဘတ် (စနေည ၉း၀၀ နာရီ)
မိုချန်ဂလာဘတ် နိုင်ပွဲပြန်ရခဲ့ပေမယ့် ဒီနိုင်ပွဲက အသင်း ရဲ့ပြောင်းလဲမှု မဖြစ်နိုင်သေးပါဘူး။ လက်ရှိခြေစွမ်းနဲ့ အဝေး ကွင်းမစွံမှုကို တွန်းလှန်နိုင်ဖို့ ခက်ခဲနေဦးမှာသေချာပါတယ်။ အော့စ်ဘတ်တိုက်စစ်ပိုင်းက အားနည်းပေမယ့် အိမ်ကွင်းမှာ တော့ အမှတ်ရပါလိမ့်မယ်။
■ ၀ါဒါဘရီမင် နှင့် ကိုလုံး (စနေည ၉း၀၀ နာရီ)
ကိုလုံးအသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲ ပဲအနိုင်ရခဲ့တယ်။ တိုက်စစ်မှူး မိုဒက်စ်တေကလည်း နောက်ဆုံး (၅)ပွဲမှာ (၁)ဂိုးပဲသွင်းနိုင်ခဲ့တာပါ။
ဝါဒါဘရီမင်ကတော့ ကိုလုံးနဲ့ ယှဉ်ရင်ပြောင်းပြန်ပါ။ (၂)ပွဲဆက်နိုင်ပြီး (၃)ပွဲဆက် ရှုံးပွဲမရှိခဲ့ ဘူး။ ၀ါဒါဘရီမင်ဘက်ကပဲ ရပ်တည်သင့်တယ်။
■ လိုက်ပ်ဇစ် နှင့် ဟာသာဘာလင် (စနေည ၉း၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ယခုနှစ် ဘွန်ဒစ်လီဂါရာသီမှာ စတင် ဦးကျိုးသွားပြီ။ ဒီရှုံးပွဲက ပွဲကျပ်ကာလကို ကျော်ဖြတ်ရတော့ မယ့် လိုက်ပ်ဇစ်ရဲ့စိတ်ဓာတ်ပိုင်းကို အတော်လေးကို ထိခိုက် သွားနိုင်တယ်။ ဟာသာဘာလင်ကလည်း နောက်ဆုံးပွဲမှာ မမျှော် လင့်ဘဲ ရှုံးပွဲကြုံထားလို့ အခုပွဲကို အာရုံပြန်စိုက်မှာပါ။ လိုက်ပ် ဇစ်ကွင်းမှာ ဟာသာဘာလင် သရေခံကစားသွားနိုင်ဖို့များ တယ်။
■ ၀ုလ်ဖ်ဘတ် နှင့် ဖရန့်ဖတ် (စနေည ၁၂း၀၀နာရီ)
ဝုလ်ဖ်ဘတ်အသင်းရဲ့အခြေအနေက အတော်လေးဆိုး နေတယ်။ ကွင်းတွင်းခြေစွမ်းရော၊ အသင်းတွင်း စီမံခန့်ခွဲမှုအပိုင်း မှာပါ ပြဿနာများစွာ ရှိနေတာပါ။ အသင်းလိုက် တည်ငြိမ်မှု ပိုင်းမှာ ဖရန့်ဖတ်သာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ၀ုလ်ဖ် ဘတ် အမှတ်လိုအပ်နေတာ ထည့်တွက်ရမှာပါ။ ၀ုလ်ဖ်ဘတ် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

No comments:

Post a Comment