■ အမ်ပိုလီ နှင့် ကာဂလီယာရီ (စနေည ၈း၃၀ နာရီ)
ကာဂလီယာရီက အူဒီးနီးစ်ကို မထင်မှတ်ဘဲ တက်နိုင် တယ်။ ခြေမကောင်းပါဘူး။ မထင်မှတ်ဘဲ နိုင်လိုက်တာ။
သူတို့ ရဲ့ ပုံမှန်ခြေက အခြားပွဲတွေမှာ တွေ့ရတယ်။
ပက်စ်ကာရာ သာသာပဲ ရှိတယ်။ နာပိုလီကို ဂိုးပြတ်ရှုံးခဲ့တယ်။
အမ်ပိုလီကလည်း တော်တော်လေး အားနည်းနေတဲ့အသင်းဖြစ်လို့
ဒီပွဲက သရေရ လဒ်နဲ့ ပြီးသွားပါလိမ့်မယ်။
 ■ အေစီမီလန် နှင့် အတ္တလန်တာ (စနေည ၁၁း၃၀ နာရီ)
အေစီမီလန်က ပုံစံ ပျက်သွားပြီလို့ ပြောလို့မရပေ မယ့် အတ္တလန်တာက နှစ်ပွဲဆက်အရှုံးနဲ့အတူ တကယ်ကြွေ ပျက်သွားပါပြီ။ ဂျူဗင်တပ်စ်နဲ့ပွဲ အရှုံးကြောင့် လှုပ်သွားပြီး အူဒီး နီးစ်နဲ့ပွဲကတော့ အခြေအနေကို ပြန်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ တာကို ပြနေတယ်။ ဒီပွဲလည်း အတ္တလန်တာ ရုန်းကန်ရလိမ့်မယ်။ အေစီမီလန်ကို ကြိုက်တယ်။
■ ဂျူဗင်တပ်စ် နှင့် ရိုးမား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ရိုးမားက ခြေတက်နေတဲ့ အေစီမီလန်ကို တစ်ဖက်သတ်အသာစီးက ကစားပြီး အနိုင်ယူခဲ့တယ်။ ဂိုးပြတ်အနိုင်ရလောက် တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ လူပြန်စုံလာတဲ့ ဂျူဗင်တပ်စ်ကလည်း တိုရီနိုနဲ့ပွဲမှာ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ တာတွေ့ရတယ်။ ပွဲကျပ်တစ်ပွဲကနေ ရုန်းကန်နိုင်စွမ်းကို ပြသခဲ့ပြီး တိုက်စစ်အရည်အသွေးကိုပါ သက်သေပြခဲ့တယ်။ ဂျီနိုအာ ကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ နှစ်ပွဲဆက်ပြန်နိုင်တယ်။ တစ်ပွဲကို (၃)ဂိုးစီသွင်းခဲ့တယ်။ ဂျူဗင်တပ်စ်ခံစစ်က ဂိုးတွေပေး နေရပေမယ့် ကစားဟန်နဲ့ ဆိုင်မယ်။ ကြီးကြီးမားမားအားနည်းချက်မရှိဘူး။ ဂျက်ကိုဦးဆောင်လာမယ့်တိုက်စစ်ကို ထိန်းချုပ် နိုင်မှာလည်း သေချာတယ်။ ဒီဘားလား-ဟီဂွါအင်အတွဲကိုသာ ရိုးမားခံစစ်ထိန်းချုပ်ဖို့ ခက်မှာ။ အထူးသဖြင့် ဒီဘားလားကို ရိုး မားခံစစ် မထိန်းချုပ်နိုင်လောက်ဘူး။ အသင်းဟောင်းနဲ့ပွဲမှာ ယာနစ် ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ ရိုးမားကို ဂျူဗင်တပ်စ် ကျော်ဖြတ်ပြပါလိမ့်မယ်။ နိုင်ပွဲယူမယ်။

No comments:
Post a Comment