အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် စတုတ်စီးတီးအသင်းနှင့်ပွဲတွင် နောက်ခံလူ ဘယ်လာရင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ဘယ်လာရင်သည် နိုဝင်ဘာလလယ်ပိုင်းတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သောကြောင့် (၆)ပတ်ခန့် အနားယူရမည်ဟု သတင်းထွက်ပေါ်ခဲ့သူဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ ထင်မှတ်ထားသည်ထက် စောစီးစွာ သက်သာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 အာဆင်နယ်အသင်းသည် ဘယ်လာရင် ပါဝင်ကစားနိုင်ခြင်းမရှိသည့်ကာလအတွင်း 
ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း 
အားနည်းချက်များရှိခဲ့သည်။
ဘယ်လာရင်သည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး စတုတ်စီးတီးနှင့်ပွဲတွင် ပါဝင်နိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။
Photos: Gettyimages
ဘယ်လာရင်သည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး စတုတ်စီးတီးနှင့်ပွဲတွင် ပါဝင်နိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။
Photos: Gettyimages

No comments:
Post a Comment