Saturday, December 17, 2016

အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တဲ့ မန်ယူ

အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တဲ့ မန်ယူ
ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) စနေည နောက်ဆုံးပွဲစဉ်အဖြစ် ၀က်စ်ဘရွန်းနဲ့ မန်ယူ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အိမ်ရှင် ၀က်စ်ဘရွန်း အသင်းက ဖော်စတာ၊ မက်အော်လေ ၊ ဖလက်ချာ၊ ယာကော့ ၊ မတ်ဖိလစ် ၊ ချက်ဒ်လီ ၊ ရွန်ဒွန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ပွဲထွက် လူစာရင်းမှာတော့ လင်ဂတ် ပြန်လည်ပါဝင်လာခဲ့ပြီး ဒီဂီယာ၊ ဗလင်စီယာ၊ ဖီးလ်ဂျုံးစ် ၊ ရိုဟို၊ ၊ ကာရစ်၊ ပေါ့ဘာ၊ ရွန်နီ၊ အီဘရာဟီမိုဗစ်တို့နဲ့ ပွဲထွက်လာပါတယ်။
ပွဲအစ (၅)မိနစ်မှာပဲ ညာတောင်ပံကနေ လင်ဂတ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီဘရာဟီမိုဗစ် ခေါင်းတိုက်အဆုံးသတ်ခဲ့ပြီး မန်ယူအသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ပွဲချိန်(၂၂)မိနစ်မှာ ရွန်နီ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာကို ဖော်စတာ ကာကွယ်နိုင်ခဲ့ပြီး ဘာတန်းထိထွက်ခဲ့တာကြောင့် မန်ယူအသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၄၄)မိနစ်မှာ လင်ဂတ် အပိုင်ကန်ခွင့် ရရှိခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်ထွက်သွားခဲ့ပါတယ်။
ဒုတိယပိုင်း အစမှာတော့ ပွဲက အေးနေခဲ့ပေမယ့် ပွဲချိန်(၅၆)မိနစ်မှာ အီဘရာဟီမိုဗစ်က ဧရိယာထိပ်မှာ တားဆီးနေတဲ့ ၀က်စ်ဘရွန်း ကစားသမား နှစ်ယောက်ကြားထဲကနေ ဖြတ်ထွက်ပြီး ကန်သွင်းကာ မန်ယူအသင်း ဒုတိယဂိုး ရခဲ့ပါတယ်။ နှစ်ဂိုးပြတ် နိုင်နေတာကြောင့် မန်ယူအသင်းက ပွဲချိန်မိနစ်(၇၀)နောက်ပိုင်းမှာ ပွဲကို ထိန်းကစားခဲ့ပါတယ်။
ဝက်စ်ဘရွန်းအသင်းက ချေပဂိုးတွေ ပြန်လည်ရရှိဖို့ မော်ရစ်ဆင် ၊ လီကို၊ ရော့ဘ်ဆင်ကနူးတို့ကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံ တိုးတက်ခဲ့ခြင်း မရှိဘဲ မန်ယူအသင်းရဲ့ ထိန်းချုပ်မှု အောက်မှာသာ ရှိခဲ့ပြီး အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။
မန်ယူအသင်းက ပရီးမီယားလိဂ်နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး အီဘရာဟီမိုဗစ်က လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁)ဂိုး ရှိလာခဲ့ပြီဖြစ်ပါတယ်။
■ ပရီးမီးယားလိဂ် ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၁ ချယ်လ်ဆီး
မစ်ဒယ်ဘရော့ ၃-၀ ဆွမ်ဆီး
စတုတ်စီးတီး ၂-၂ လက်စတာ
ဆန်းဒါးလန်း ၁-၀ ၀က်ဖို့ဒ်
ဝက်စ်ဟမ်း ၁-၀ ဟားလ်စီးတီး
ဝက်စ်ဘရွန်း ၀-၂ မန်ယူ
■ လာလီဂါ ရလဒ်များ
စပို့တင်းဂီဂျွန် ၁-၃ ဗီလာရီးယဲလ်
အက်သလက်တီကို ၁-၀ လက်စ်ပါမားစ်
ဂရန်နာဒါ ၀-၂ ဆိုစီဒက်
ဆီဗီလာ ၄-၁ မာလာဂါ
■ စီးရီးအေ ရလဒ်များ
အမ်ပိုလီ ၂-၀ ကာဂလီယာရီ
အေစီမီလန် ၀-၀ အတ္တလန်တာ
ဂျူဗင်တပ်စ် ၁-၀ ရိုးမား
■ ဘွန်ဒစ်လီဂါ ရလဒ်များ
ရှော်လ်ကေး ၁-၁ ဖရိုင်းဘတ်
မိန့်ဇ် ၃-၁ ဟမ်းဘတ်
အော့စ်ဘတ် ၁-၀ မိုချန်ဂလာဘတ်
ဝါဒါဘရီမင် ၁-၁ ကိုလုံး
လိုက်ပ်ဇစ် ၂-၀ ဟာသာဘာလင်
ဝုလ်ဖ်ဘတ် ၁-၀ ဖရန့်ဖတ်
■ ပြင်သစ်လီဂူး ရလဒ်များ
ဂူအင်ဂမ့် ၂-၁ PSG
လော်ရီယန့် ၂-၁ စိန့်အက်တီယန်
မောင့်ပယ်လီယာ ၄-၀ ဘော်ဒိုး
တူးလူး ၁-၁ နန်စီ
ရန်းစ် ၁-၂ ဘတ်စတီယာ
■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘလက်ဘန်း ၂-၃ ရက်ဒင်း
ဘရစ္စတိုးလ်စီးတီး ၁-၂ ပရက်စတန်
ဘာတန် ၁-၂ နယူးကာဆယ်
ကာဒစ်ဖ် ၃-၄ ဘန်စလေ
ဖူလ်ဟမ် ၂-၂ ဒါဘီ
လိဒ်စ် ၁-၀ ဘရန့်ဖို့ဒ်
နော်တင်ဟမ် ၀-၂ ၀ုလ်ဗ်
ရှက်ဖီးဝင်းစ်ဒေး ၁-၀ ရော့သာဟမ်
ဝီဂန် ၂-၃ အစ်ဝစ်ခ်ျ
ဘာမင်ဂမ် ၁-၂ ဘရိုက်တန်
Photos: DailyMail

No comments:

Post a Comment