Saturday, December 3, 2016

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဒေါ့မွန် နှင့် မိုချန်ဂလာဘတ် (စနေည ၉း၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အခုရာသီကစားထားတဲ့ အဝေး ကွင်း(၅)ပွဲမှာ လိုက်ပ်ဇစ် တစ်သင်းတည်းကိုပဲ သရေကစားနိုင် ပြီး ကျန်(၄)ပွဲမှာ ဂိုးပြတ်တွေနဲ့အရေးနိမ့်ခဲ့တယ်။ ဒေါ့မွန်က ခြေ စွမ်းအတက်အကျကြမ်းပေမယ့် အိမ်ကွင်းမှာတော့ စိတ်ချရတဲ့ အနေအထားမှာ ရှိဆဲပါပဲ။ ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ့် ဒေါ့မွန်ကိုပဲ ယုံကြည်သင့်တယ်။

■ လေဗာကူဆင် နှင့် ဖရိုင်းဘတ် (စနေည ၉း၀၀ နာရီ)

(၂)ပွဲဆက်ရှုံးထားပေမယ့် လေဗာကူဆင်ရဲ့ခြေစွမ်းကို လျှော့တွက်လို့မရဘူး။ လိုက်ပ်ဇစ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ရင်ဆိုင် ခဲ့ရတဲ့ပွဲတွေမှာ အနိုင်ရသွားနိုင်လောက်တဲ့ခြေစွမ်းမျိုး ပြသနိုင် ခဲ့ပါတယ်။ (၂)ပွဲဆက် ဂိုးပြတ်ရှုံးထားတဲ့ ဖရိုင်းဘတ်အသင်း အ ဝေးကွင်းမှာ ပြန်လာနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လေဗာကူဆင် အနိုင် သေချာပါတယ်။

■ ၀ုလ်ဖ်ဘတ် နှင့် ဟာသာဘာလင် (စနေည ၉း၀၀ နာရီ)

ဒီရာသီ ၀ုလ်ဖ်ဘတ်ရဲ့အိမ်ကွင်းရလဒ်ပိုင်းကိုပဲ အရင်ဆုံး ပြောရမယ်။ ကစားထားတဲ့(၆)ပွဲမှာ (၂)ပွဲသာသရေကျပြီး (၄) ပွဲအထိ ရှုံးနိမ့်ခဲ့တယ်။ ဟာသာဘာလင်ကတော့ နောက်ပိုင်းအ ဝေးကွင်းပွဲတွေမှာ အမှားအယွင်းသိပ်မခံဘဲ အမှတ်ခွဲယူနိုင်ဖို့ ကို ပိုအာရုံစိုက်ကစားလာတာ တွေ့ရတယ်။ ဒီပွဲလည်း ဟာသာ ဘာလင် အမှတ်ရနိုင်တယ်။

■ ၀ါဒါဘရီမင် နှင့် အင်ဂိုးစတက်ဒ် (စနေည ၉း၀၀ နာရီ)

တန်းဆင်းဇုန်ပြိုင်ဘက်အသင်းတွေဖြစ်လို့ ခြေစွမ်းပိုင်း ကတော့ မကွာပါဘူး။ ဒါပေမဲ့ နာဘရီလို ကျဉ်းထဲကျပ်ထဲမှာ အားကိုးရမယ့်ကစားသမားမျိုးရှိတာက ၀ါဒါဘရီမင်အတွက် တစ်ပန်းသာပါတယ်။ အမှားခံလို့မရတဲ့အခြေအနေကြောင့် ၀ါ ဒါဘရီမင် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

■ ဟော်ဖန်ဟင်မ် နှင့် ကိုလုံး (စနေည ၉း၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း နောက်ဆုံး(၃)ပွဲဆက်သရေကျခဲ့ ပေမယ့် လိုက်ပ်ဇစ်နဲ့အတူ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းထား ဆဲပါပဲ။ ဒါပေမဲ့ အသင်းပုံစံက ဖိအားတွေများလာပုံပေါက်နေ တယ်။ ကိုလုံးနဲ့တွေ့ဆုံမှုတွေမှာလည်း ဟော်ဖန်ဟင်မ်အသင်း နောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ အဝေးကွင်း ကောင်းတဲ့ ကိုလုံး သရေခံကစားနိုင်စွမ်းရှိပါတယ်။

■ လိုက်ပ်ဇစ် နှင့် ရှော်လ်ကေး (စနေည ၁၂း၀၀ နာရီ)

နှစ်သင်းစလုံးအတွက် အဓိကပြိုင်ပွဲတွေမှာ ပထမဆုံးတွေ့ဆုံမှုပါ။ တန်းတက် လိုက်ပ်ဇစ်ရဲ့စွမ်းဆောင်ရည်ကတော့ လက်ဖျားခါလောက်ပါတယ်။ ၁၉၉၇-၉၈ ရာသီမှာ ကိုင်ဇာစလော့တန်အသင်း တန်းတက်လာလာချင်းနှစ်မှာ ဗိုလ်စွဲခဲ့တုန်းက ထက်တောင် အခု လိုက်ပ်ဇစ်ရဲ့စွမ်းဆောင်ရည်က ပိုကောင်းနေသေးတယ်။ တစ်ခုထည့် သွင်းစဉ်းစားရမှာက လိုက်ပ်ဇစ်ခံစစ်ပိုင်း ဒဏ်ရာအခြေအနေပါ။ ခံစစ်အတွင်းရဲ့အဓိကအတွဲမှာ ကွန်ပါက ဒဏ်ရာရနေပြီး အာဘန်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခု ပွဲကို လွဲချော်မှာဖြစ်တယ်။ ဖရိုင်းဘတ်နဲ့ပွဲမှာ ကွင်းလယ်ကနေ နောက်တန်း ဆင်းကစားနေရတဲ့ အီဆန်ခါကို ဘယ်သူနဲ့တွဲပေး မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး သုံးယောက်တန်းခံစစ်နဲ့ အလုပ်ဖြစ်သလို၊ ဘွန်ဒစ်လီဂါမှာလည်း ရှော်လ်ကေးက ဒီအထိုင်နဲ့ပဲ ရလဒ်ကောင်းတွေဆက်တိုက်ရယူထားတယ်။ Wing backs တွေဖြစ်တဲ့ ကိုလာရှီနက်၊ ရှက်ဖ်တို့က ဂိုးပါတက်သွင်းနိုင်စွမ်းရှိလို့ ရှော်လ်ကေး ဂိုးရဖို့မပူရပါဘူး။ သမ္ဘာနဲ့ အစဉ်အလာပိုင်းကြောင့် အဝေးကွင်းဖြစ်ပေမယ့် ရှော်လ်ကေး အမှတ်ခွဲယူနိုင်ဖို့များပါတယ်။

No comments:

Post a Comment