Friday, December 16, 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဟော်ဖန်ဟင်မ် နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် ည ၂း၀၀ နာရီ)

ဒေါ့မွန်အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရသူတွေများနေတဲ့အပြင် တခြားပြဿနာတွေလည်းရှိနေတယ်။
လေ့ကျင့် ရေးကွင်းမှာ နည်းပြနဲ့စကားများခဲ့တဲ့ ဂေါ့ဇီကို အခုပွဲမှာ ထုတ်သုံးဖို့မရှိပါဘူး။
ကက်စထရို၊ ဆာဟင်တို့ ဒဏ်ရာရနေပြီး ဂယ်ဟေရို၊ ကာဂါဝါတို့ကတော့ အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် အရံခုံမှာပဲ ထားဖို့များပါတယ်။  လက်ရှိအတိုင်းဆိုရင် ကွင်းလယ်မှာ ၀ိုင်ဂယ်လ်နဲ့ ရိုဒါတို့ကိုပဲ အထိုင်ချဖို့ရှိပြီး သမ္ဘာနဲ့အတွေ့အကြုံပိုင်းမှာ အတော်လေးအားနည်းနိုင်ပါတယ်။
ဟော်ဖန်ဟင်မ်အဖို့ ရှုံးပွဲမရှိစံချိန်က ဖိအားတစ်ရပ်ဖြစ်ပြီး အသင်းကလည်း နောက်ပိုင်းပွဲတွေမှာ မရှုံးရေးကို အဓိကပစ်မှတ်ထားကစားလာတဲ့ပုံပေါက်နေတယ်။
ဒီပွဲလည်း အိမ်ကွင်းဖြစ်ပေမယ့် ဟော်ဖန်ဟင်မ်ရဲ့ရည်မှန်းချက်က ဒေါ့မွန်အသင်းထံကနေ အမှတ်ခွဲယူနိုင်ရေးပဲ ဖြစ်လာလိမ့်မယ်။
အဝေးကွင်းမှာ ရုန်းကန်နေရတဲ့ ဒေါ့မွန်ရဲ့ခြေစွမ်းကြောင့်လည်း ဟော်ဖန်ဟင်မ်ကွင်းမှာ သိပ် တော့မလွယ်လှဘူး။
ဟော်ဖန်ဟင်မ်ကိုပဲ ကြိုက်တယ်။

■ အလာဗတ်စ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နည်းပြသစ်လက်ထဲမှာ ဘက်တစ်အိမ်ကွင်းအားကောင်း မွန်မှုကိုပြသထားနိုင်ပေမယ့် အဝေးကွင်းမှာတော့ စိတ်ချထား လို့မရသေးပါဘူး။
အလာဗတ်စ်ကလည်း တိုက်စစ်အားနည်းတယ်။ ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။

■ အန်ဂါစ် နှင့် နန့်စ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နန့်စ်က အပျက်ဘက်ရောက်နေပါပြီ။
ဂိုးမသွင်းနိုင်တာ (၄)ပွဲအထိရှိလာပြီး အဝေးကွင်း(၃)ပွဲဆက် ရှုံးထားတယ်။ အန်ဂါစ်ကလည်း တည်ငြိမ်လွန်းလှတယ်မဟုတ်ပေမယ့် နိုင်ပွဲမရ တာကြာပြီဖြစ်လို့ အိမ်ကွင်းမှာ အမှတ်ပြည့်ပြန်ယူလိမ့်မယ်။

■ နောဝစ်ခ်ျ နှင့် ဟတ်ဒါဖီးလ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နောဝစ်ခ်ျ အိမ်ကွင်းမှာ နိုင်ပွဲဆက်နေသလို၊ ဟတ်ဒါဖီးလ်ကလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါတယ်။
အမှတ်လိုအပ်ချက်အရ တန်းတက်ဇုန်ထဲ ၀င်အောင်ကြိုးစား မယ့် နောဝစ်ခ်ျကို ပိုကြိုက်ပါတယ်။

No comments:

Post a Comment