Friday, December 9, 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ ဖရန့်ဖတ် နှင့် ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ည ၂း၀၀ နာရီ)
လိုက်ပ်ဇစ်ပြီးရင် ဟော်ဖန်ဟင်မ်က ဒီရာသီ ဘွန်ဒစ်လီဂါမှာ အံ့အားသင့်ဖွယ်တွေ လုပ်ပြနေတဲ့အသင်းပါ။
ဟော်ဖန်ဟင်မ်အဖို့ ရှုံးပွဲမရှိမှတ်တမ်းဆက်ထိန်းဖို့က အဓိကပစ်မှတ်ဖြစ်လိမ့် မယ်။
တစ်ဖက်မှာ ဖရန့်ဖတ်က အိမ်ကွင်းမှာ ဘိုင်ယန်၊ ဟာသာဘာလင်တို့ကို သရေ၊ ရှော်လ်ကေး၊ လေဗာကူဆင်၊ ကိုလုံး၊ ဒေါ့မွန်တို့ကို အနိုင်ကစားထားတဲ့အသင်းပါ။
အိမ်ရှင် ရှုံးဖို့မရှိဘူး။

■ မာလာဂါ နှင့် ဂရန်နာဒါ (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
မာလာဂါ အိမ်ကွင်းကစားပုံစိတ်ချရပေမယ့် ခုနောက်ပိုင်း ဂရန်နာဒါရဲ့ရုန်းအားကလည်း အလုပ်ဖြစ်လာတာတွေ့ရတယ်။ အဝေးကွင်းမှာလည်း ဂရန်နာဒါတို့ ခံစစ်အားနဲ့ အမှတ်ရသလောက်ယူတယ်။
ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။
■ ဒီယွန်း နှင့် မာဆေးလ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
နိုင်ပွဲမရတာ (၆)ပွဲလောက်ကြာမြင့်နေပေမယ့် အိမ်ကွင်းမှာ မိုနာကိုလိုအသင်းကို သရေခံကစားခဲ့တဲ့ ဒီယွန်းရဲ့အဆိပ်ကို မေ့ထားလို့မရဘူး။
မာဆေးလ်ရဲ့ ဒီရာသီအဝေးကွင်းခြေစွမ်းကို ပြန်ကြည့်ရင် နိုင်ပွဲမရသေးဘဲ ဂိုးပေးနှုန်းလည်း များနေတယ်။
ဒီယွန်း အမှတ်ရပါလိမ့်မယ်။
■ ဘရိုက်တန် နှင့် လိဒ်စ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
ဘရိုက်တန်အတွက် ခက်ခဲဦးမယ့်ပွဲပါ။ လိဒ်စ်က ခြေ တက်နေသလို၊ အဝေးကွင်းမှာလည်း (၃)ပွဲဆက် အနိုင်ရထားပါတယ်။
သရေပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့ ဘရိုက်တန် ဒီပွဲမှာလည်း အမှတ်ခွဲယူရနိုင်ပါတယ်။

No comments:

Post a Comment