■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ မန်စီးတီး နှင့် ချယ်လ်ဆီး (စနေည ၇း၀၀ နာရီ)
မန်စီးတီးကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ရလဒ်ပိုင်းကိုပြန်ကြည့်မယ်၊ မန်စီးတီးကွင်းမှာ ချယ်လ်ဆီးအသင်း ကြုံတွေ့ခဲ့ရ တဲ့ ရလဒ်တွေ ပြန်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးဟာ မန်စီးတီးရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေတာကိုတွေ့ရတယ်။ ဒီနှစ်သင်း ရင်ဆိုင်တွေ့ခဲ့တဲ့ပွဲတွေမှာ မန်စီးတီးက စိတ်ပိုင်းဆိုင်ရာ အသာစီးအနေအထားမှာရှိတယ်။ ဒါပေမဲ့ ဒီနှစ် ချယ်လ်ဆီးက အစဉ် အလာဟောင်းတွေနဲ့ ခွဲထွက်နေတဲ့အသင်းဖြစ်တယ်။ အသင်းသစ်၊ စိတ်သစ်၊ ဦးစားပေးကစားသမားသစ်တွေနဲ့ တည်ဆောက် ထားတယ်။ အသင်းတိုင်းကို ကွင်းမရွေး ဒုက္ခပေးနိုင်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်မျိုးတွေ့ရတယ်။ ဒီနှစ်ဆိုတာထက် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ပွဲတွေအပြီး (၃-၄-၃)အထိုင်သစ်နဲ့အသင်းကို ဆိုလိုတယ်။ မန်စီးတီးကတော့ နောက်ပိုင်းပွဲတွေမှာ ကစား သမားတွေပွဲပန်း၊ စိတ်ပန်းဖြစ်နေပုံရပြီး ရလဒ်ပိုင်းရော၊ ခြေစွမ်းပါကျဆင်းနေတယ်။ တိုက်စစ်ပိုင်းက ဂွါဒီယိုလာ လိုချင်တဲ့ ပုံစံ နဲ့ တဖြည်းဖြည်း ဝေးလာပြီး၊ တိုက်စစ်ကျဆင်းမှုကြောင့် နဂိုအမှားများတဲ့ မန်စီးတီးခံစစ်ကိုပါ သွားပြီးထိခိုက်နေတယ်။
လက်ရှိ အခြေအနေမှာ စိတ်ဓာတ်၊ ခြေစွမ်း၊ ရလဒ် အဖက်ဖက်က သာနေတဲ့ ချယ်လ်ဆီးကို ပိုကြိုက်တယ်။
■ ခရစ္စတယ်ပဲလေ့စ် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)
ခံစစ်ပိုင်း အရမ်းကွာတယ်။ စုစည်းမှုနဲ့ကျစ်လျစ်မှု ကွာ တယ်။ ဆောက်သမ်တန်က အရမ်းကောင်းမနေပေမယ့် ပဲလေ့စ် က အရမ်းညံ့နေတယ်။ ဒီလူစာရင်းနဲ့တန်းမဆင်းပါဘူးလို့ ပြော လို့မရဘူး။ စိတ်ဓာတ်ပျက်ရင် နယူးကာဆယ်လိုဖြစ်လိမ့်မယ်။ ဆောက်သမ်တန်ပဲ ကြိုက်တယ်။
■ စတုတ်စီးတီး နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)
ဘုန်းမောက်နဲ့ ပွဲမှာ မထင်မှတ်ဘဲ ရှုံးခဲ့တာကလွဲရင် စတုတ် စီးတီး ပုံစံကောင်းပြနေတယ်။ အသင်းလိုက်ခြေစွမ်းနဲ့ စိတ်ဓာတ် တက်နေပြီး ကစားသမားအင်အားလည်း ပြန်စုံနေပြီ။ ဘန်လေ က အဲဗာတန်၊ မန်ယူ၊ ပဲလေ့စ်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ ကစားပုံ ကောင်းပါတယ်။ စတုတ်နိုင်မယ်။ ခက်ခဲလိမ့်မယ်။
■ ဆန်းဒါးလန်း နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)
ဆန်းဒါးလန်းရဲ့ လက်ရှိခြေစွမ်းက လက်စတာထက် ပို ကောင်းတယ်။ လီဗာပူးလ်ကို ရှုံးခဲ့တဲ့ ပွဲမှာလည်း အချိန်အတိုင်းအ အတာတစ်ခုအထိ တောင့်ခံနိုင်ခဲ့တယ်။ ပြီးတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးတဲ့ပွဲနောက်ပိုင်း ပုံစံကောင်းပြခဲ့တယ်။ ဆန်း ဒါးလန်းကိုပဲ ကြိုက်တယ်။
■ စပါး နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)
စပါးရဲ့ self-destruct (စိတ်ပိုင်းယိုယွင်းမှု)ကို ချယ်လ်ဆီး နဲ့ ပွဲမှာ တွေ့ရတယ်။ ၀က်စ်ဟမ်းနဲ့ ပွဲမှာ နိုင်ခဲ့တာကလွဲရင်စပါးက အကျပိုင်းရောက်နေတဲ့ sign တွေကိုမြင်နေရတယ်။ ဆွမ်ဆီးက လည်း နောက်ဆုံးပွဲမှာ shock လို့ ပြောရမယ့် နိုင်ပွဲကလွဲရင်အား ရစရာမရှိပါဘူး။ စပါး သေချာပေါက်နိုင်လိမ့်မယ်။
■ ၀က်စ်ဘရွန်း နှင့် ၀က်ဖို့ဒ်(စနေည ၉း၃၀ နာရီ)
လီဗာပူးလ်ကို (၁-၆)ဂိုးနဲ့ ရှုံးပြီးကတည်းက ၀က်ဖို့ဒ်အ တွက် ပထမဆုံးအဝေးကွင်းပွဲစဉ်ပါ။ လက်ရှိခြေစွမ်းက မဆိုးဘူး။ အသင်းလိုက်ကစားပုံလည်း ကောင်းတယ်။ ဒါပေမဲ့ အဝေးကွင်း မှာ သိပ်အလုပ်မဖြစ်ဘူး။ ၀က်စ်ဘရွန်းက အိမ်ကွင်းကောင်းတယ်။ ခံစစ်မာတယ်။ ၀က်စ်ဘရွန်းပဲ ကြိုက်တယ်။
■ ၀က်စ်ဟမ်း နှင့် အာဆင်နယ်(စနေည ၁၂း၀၀ နာရီ)
ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက ဘာ မှ အားရစရာသိပ်မရှိပါဘူး။ ၀က်စ်ဟမ်းရဲ့ ခံစစ်က မယုံကြည်ရဘူး။ မသင့်တော်တဲ့ သုံးယောက်တန်းခံစစ်ကို ဇွတ်အတင်းတည်ဆောက် ယူနေရင်း အခြေအနေက တည်မရဘူး။ အာဆင်နယ်အတွက် ၀က်စ်ဟမ်းက သိပ်မခက်ပါဘူး။ အနိုင်သေချာပါတယ်။
No comments:
Post a Comment