Sunday, December 11, 2016

ဒီယေဂိုကော်စတာရဲ့ဂိုးနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူပြီး ဇယားထိပ်ဆုံးပြန်ရောက်လာတဲ့ ချယ်လ်ဆီး

ဒီယေဂိုကော်စတာရဲ့ဂိုးနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူပြီး ဇယားထိပ်ဆုံးပြန်ရောက်လာတဲ့ ချယ်လ်ဆီး
ပရီးမီးယားလိဂ်ပွဲစဉ်(၁၅) အစောပိုင်းပွဲဖြစ်တဲ့ ချယ်လ်ဆီး-၀က်စ်ဘရွန်းတို့ရဲ့
ပွဲမှတော့ ချယ်လ်ဆီးအသင်းက ဒီယေဂိုကော်စတာရဲ့ တစ်လုံးတည်းသောဂိုး
နဲ့အတူ (၃)မှတ်ရယူခဲ့ပြီး အဆင့်(၁)နေရာကို အာဆင်နယ်ဆီက ပြန်သိမ်းပိုက်
ခဲ့တယ်။

ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်(၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းဟာ
ချယ်လ်ဆီးဆီက သရေတစ်မှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကို (၇၆)မိနစ်မှာ ဒီယေဂိုကော်စတာက
နောက်ခံလူ မက်အော်လေ တားဆီးနေတဲ့ကြားက လှလှပပ ကန်သွင်းခဲ့တာ
ဖြစ်ပါတယ်။ အခုပွဲကို အနိုင်ရခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယား
လိဂ်(၉)ပွဲဆက် အနိုင်ရခဲ့ပြီး ကွန်တီအနေနဲ့ နည်းပြဟောင်းမော်ရင်ဟိုရဲ့ (၁၀)ပွဲဆက် နိုင်ပွဲစံချိန်ကို အမီလိုက်ဖို့ နီးစပ်နေပါပြီ။


No comments:

Post a Comment