Monday, December 26, 2016

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
ဝက်ဖို့ဒ် - ခရစ္စတယ်ပဲလေ့စ် (၂၆-၁၂-၂၀၁၆ ည ၇း၀၀)
---------------------------------------------------------
ဝက်ဖို့ဒ်ရဲ့ ရလဒ်တွေက အားရစရာမရှိဘူး။ နောက်ဆုံး (၅) ပွဲမှာ (၄)ပွဲရှုံးခဲ့တယ်။ ပဲလေ့စ်က ဆောက်သမ်တန်နဲ့ ပွဲပြီးက တည်းက နိုင်ပွဲပြန်ပျောက်နေတယ်။ ဒါပေမဲ့ ပွဲကျပ်ခဲ့တာကို သ တိပြုရမယ်။ လက်ရှိအနေအထားအရဆိုရင်တော့ ပဲလေ့စ်ကို ကြိုက်ပါတယ်။ ဒါပေမဲ့ သရေလောက်ပဲဖြစ်မယ်။
အာဆင်နယ် - ၀က်စ်ဘရွန်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
------------------------------------------------------
ဝက်စ်ဘရွန်းရဲ့ ခံစစ်ကစားပုံက ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာပိုကောင်းပြီး အဝေးကွင်းမှာတော့ အားနည်းချက် တွေရှိတယ်။ အမြင့်ဘောကောင်းတယ်။ အာဆင်နယ် တော်တော် လေး သတိထားရမယ်။ ပေါ့ဆရင် သရေကျသွားနိုင်တယ်။ သေ ချာကစားရင် နိုင်ပါတယ်။ ဂိုးပြတ်ဖို့တော့ ခက်တယ်။
ဘန်လေ - မစ်ဒယ်ဘရော့ (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
---------------------------------------------------------
ဘန်လေကလည်း ရလဒ်တွေကျဆင်းနေတယ်။
ခံစစ်က ဂိုးတွေဆက်တိုက်ခွင့်ပြုနေရတယ်။
အစောပိုင်းက ခံစစ်ပုံစံမျိုး ပြန်မရတော့ဘူး။
မစ်ဒယ်ဘရော့က စုစည်းမှုကောင်းတယ်။
ခံစစ်ငြိမ်တယ်။ တိုက်စစ်ကလည်း ဂိုးတွေရနေတယ်။
မစ်ဒယ်ဘရာ့ပဲ နိုင်ဖို့များတယ်။
ချယ်လ်ဆီး - ဘုန်းမောက် (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
------------------------------------------------------
ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ပွဲဆက်အနိုင်ကစားခဲ့တယ်။ မန်စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး ကတည်းက နောက်ဆုံး (၃)ပွဲမှာ ဂိုးပြတ်နိုင်ပွဲမရှိတော့ဘူး။ ဘုန်းမောက်က အဝေးကွင်းမှာ အာဆင်နယ်ကို (၁-၃)နဲ့ ရှုံးပြီး ဘန်လေကို (၂-၃)နဲ့ ရှုံးခဲ့တယ်။ ရလဒ်တွေကောင်း နေတယ် လို့ ပြောလို့ရပေမယ့် သာမန်အနေအထားပဲ ရှိတယ်။ အထူးသဖြင့် အိမ်ကွင်းမှာသာ ကောင်းပြီး အဝေးကွင်းမှာ ဂိုးပေး နှုန်း အရမ်းများတယ်။ ဒီပွဲ လည်း ချယ်လ်ဆီးနိုင်မယ်။ ဂိုးအများကြီးမသွင်းဘူး။ ဒါပေမဲ့ ဘုန်းမောက်ခံစစ်ကြောင့် (၁-၀)အပြင် (၂-၀)လည်းဖြစ်နိုင်တယ်။
လက်စတာ - အဲဗာတန် (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
---------------------------------------------------
အဲဗာတန်ရဲ့ စိတ်ဓာတ်ပိုင်းယိုယွင်းနေမှုက စိတ်ပျက်စရာ ပါ။ လူကာကူ၊ ဒယ်လိုဖူ၊ မီရာလက်စ်၊ ဘာကလေတို့လို အားကိုးရ ပါတယ်ဆိုတဲ့ကစားသမားတွေ အမှားများ၊ ညံ့ဖျင်းတဲ့ခံစစ်နဲ့ ကွင်း လယ်အားနဲ့ ကစားနေရတာ။ လက်စတာက အဲဗာတန်ထက် ပို ကောင်းပါတယ်။ လက်စတာ နိုင်မယ်။
မန်ယူ - ဆန်းဒါးလန်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
------------------------------------------------
ဒေးဗစ်မွိုက်စ်နဲ့ အသင်းဟောင်း မန်ယူတို့ရဲ့ ပြန်လည်ဆုံ တွေ့မှုက စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်မှာ မန်ယူလည်း လမ်း ကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ ဆန်းဒါးလန်းလည်း အ ရမ်းမကောင်းပေမယ့် အရင်လောက်မဆိုးတော့ဘူး။ ဒါပေမဲ့ ခြေ ကွာ၊ လူကွာပါတယ်။ မန်ယူ ဂိုးပြတ်နိုင်မယ်။
ဆွမ်ဆီး - ၀က်စ်ဟမ်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)
-----------------------------------------------
ဝက်စ်ဟမ်းခြေပြန်တက်လာတယ်။ ဆွမ်ဆီးက ဆန်းဒါး လန်းကို ဂိုးပြတ်နိုင်ခဲ့ပြီး ၀က်စ်ဘရွန်း၊ မစ်ဒယ်ဘရော့တို့ကိုလည်း ဂိုးပြတ်ရှုံးခဲ့ပြန်တယ်။ ခြေစွမ်းက စိတ်မချရသလို၊ ပျော့လည်းပျော့ ပါတယ်။ ခံစစ်ပိုင်းပြန်တိုးတက်လာပြီး လီဗာပူးလ်နဲ့ပွဲကစပြီး ခြေ တက်လာတဲ့ ၀က်စ်ဟမ်းကိုပဲ ကြိုက်တယ်။
ဟားလ်စီးတီး - မန်စီးတီး (၂၆-၁၂-၂၀၁၆ ည ၁၁း၄၅)
-------------------------------------------------------------
ဟားလ်စီးတီးက လက်ရှိပရီးမီးယားလိဂ်မှာ အခြေအနေအ ဆိုးဆုံးအသင်းဖြစ်နေတယ်။ ရလဒ်ဆိုးတယ်။ ခံစစ်မှတ်တမ်းဆိုး တယ်။ ယုံကြည်မှု၊ စိတ်ဓာတ်ပိုင်း ကျဆင်းနေတယ်။ မန်စီးတီးက နှစ်ပွဲဆက်နိုင်ပွဲပြန်ရခဲ့တယ်။ ပုံမှန်ပြန်ဖြစ်လာပြီ။ ဒီပွဲလည်း အ ခက်အခဲမရှိနိုင်ဦးမယ်။ ဂိုးပြတ်နိုင်တယ်။

Tuesday, December 20, 2016

အာဖရိကဖလားပြိုင်ပွဲကာလအတွင်း မိမိကို လီဗာပူးလ်အသင်း လွမ်းနေမည်မဟုတ်ဟု မာနေ ဆို

အဲဗာတန်အသင်းနှင့် မာဆေးဆိုက်ဒါဘီပွဲတွင် လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး မာနေက အာဖရိကဖလားပြိုင်ပွဲကာလအတွင်း မိမိကို လီဗာပူးလ်အသင်း လွမ်းနေမည်မဟုတ်ဘဲ မိမိမပါလည်း အကောင်းဆုံးရှေ့ဆက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မာနေသည် ဆီနီဂေါလက်ရွေးစင်အသင်းနှင့် ၂၀၁၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ဇန်န၀ါရီလတွင် လီဗာပူးလ်အသင်း၏ပွဲစဉ် အနည်းဆုံး(၄)ပွဲခန့် လွဲချော်ရမည်ဖြစ်သည်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဇန်န၀ါရီ (၁၄) မှ ဖေဖော်ဝါရီ (၅)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆီနီဂေါအသင်းပါဝင်သည့် အုပ်စုပွဲစဉ်များမှာ ဇန်န၀ါရီ(၁၅)မှ (၂၃)ရက်အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် မာနေသည် ဇန်န၀ါရီ(၂)ရက် ဆန်းဒါးလန်းနှင့်ပွဲအထိသာ လီဗာပူးလ်အသင်းတွင် ရှိမည်ဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ၎င်းကို အနည်းဆုံးအုပ်စုပွဲစဉ်များပြီးဆုံးသည်အထိ လက်လွှတ်ရမည်ဖြစ်သည်။

ယင်းကာလအတွင်း လီဗာပူးလ်အသင်းသည် FA ဖလား၊ လိဂ်ဖလားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင်လည်း မန်ယူ၊ ဆွမ်ဆီးတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အကယ်၍ ဆီနီဂေါအသင်း ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့လျှင်မူ မာနေကို နောက်ထပ်(၃)ပွဲခန့် ထပ်မံဆုံးရှုံးရမည်ဖြစ်သောကြောင့် လီဗာပူးလ်အသင်း အခက်တွေ့ဖွယ်ရှိကြောင်း ဝေဖန်မှုများထွက်ပေါ်လာ၍ မာနေက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

မာနေက " နောက်လ ဆီနီဂေါအသင်းအတွက် သွားကစားရမယ့်ကိစ္စက ကျွန်တော့်အတွက် မလွယ်ကူပါဘူး။ ကျွန်တော် လီဗာပူးလ်အသင်းအတွက်ပဲ ဆက်ရှိချင်တာပါ။ ဒါပေမဲ့ ကျွန်တော့်နိုင်ငံအသင်းနဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေအတွက် သွားကစားရတယ်ဆိုတာကို အသင်းဖော်တွေ နားလည်ကြမှာပါ။ ကျွန်တော် မရှိလည်း လီဗာပူးလ်အသင်း အကောင်းဆုံးဖြစ်နေဖို့ ကျွန်တော် ဆုတောင်းနေမှာပါ။ ပိုပြီးတောင် ကောင်းလာလိမ့်မယ်လို့လည်း ထင်ပါတယ်။ စတာရစ်ခ်ျ ပြန်ကစားနိုင်ပြီဖြစ်သလို၊ ကော်တင်ဟိုနဲ့ မာတစ်တို့လည်း ပြန်ကစားနိုင်တော့မှာပါ " ဟု ပြောကြားခဲ့သည်။

Photo: Skysports

Goal.com မှ ရွေးချယ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လူငယ်အကောင်းဆုံးဆု အောင်သူ ဆွတ်ခူး

■ Goal.com မှ ရွေးချယ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လူငယ်အကောင်းဆုံးဆု အောင်သူ ဆွတ်ခူး

ကမ္ဘာကျော် ဘောလုံးအားကစား သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Goal.com သည် မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူကို ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမား အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

Goal.com မှ အယ်ဒီတာများနှင့် ယင်း က်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုသူ (၃၀၀၀၀) ကျော်သည် ၂၀၁၆ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် အောင်သူကို  မဲပေးရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက် (၂၀) ၀န်းကျင်သာရှိသေးသည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ရတနာပုံအသင်းတို့၏ လူငယ်တိုက်စစ် ကစားသမားဖြစ်သူ အောင်သူသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် (၅)ပွဲကစားခဲ့ရာ၌ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နှင့် ကစားခဲ့သည့်ပွဲများတွင် (၂)ဂိုးသွင်းယူပေးခဲ့သည်။

ထို့ပြင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်သူသည် ဂိုးကန်သွင်းမှု (၁၄) ကြိမ်၊ ဂိုးပေါက်တည့်မှု (၁၀) ကြိမ်နှင့် ဂိုးဖန်တီးမှု (၁၂) ကြိမ်ရှိခဲ့ကြောင်း သိရသည်။ အောင်သူ သည် ၂၀၁၅ ခုနှစ် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အကောင်းဆုံးလူငယ်ကစားသမားဆု (AFF Youth Player of the Year) ကို ရရှိထားခဲ့သူဖြစ်ကြောင်း သိရသည်။

Saturday, December 17, 2016

အိမ်ကွင်းတွင် နိုင်ပွဲရယူပြီး လက်ရှိချန်ပီယံထိုင်းအသင်း ဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူး

အိမ်ကွင်းတွင် နိုင်ပွဲရယူပြီး လက်ရှိချန်ပီယံထိုင်းအသင်း ဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူး
--------------------------------------------------------------------------------------------------------------------
၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ကျင်းပရာ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ထိုင်းအသင်းသည် ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့ပြီး ဆူဇူကီးဖလားချန်ပီယံဆုကို ငါးကြိမ်မြောက် ရယူနိုင်ခဲ့သည်။
အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ထိုင်းအသင်းသည် အိမ်ကွင်းတွင် အနိုင်ရရန် ပွဲစကတည်းက ကြိုးပမ်းခဲ့ပြီး ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် ထိုင်းအသင်း ဂိုးစတင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနောက်ခံလူ၏ ဖျက်ထုတ်မှုမှာ ထိုင်းတိုက်စစ်မှူး ချာသောင်နှင့်ထိ၍ ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း ထိုင်းအသင်းကသာ ပွဲကိုဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး ၄၇ မိနစ်တွင် ချာနာသစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ချာသောင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ၈၃ မိနစ်တွင် တီယာဆေးလ်ဒန်ဒါ၏ ပယ်နယ်တီမ၀င်ခဲ့သောကြောင့် ထိုင်းအသင်း နစ်နာခဲ့၇ပြီး ပွဲပြီးခါနီးတွင် အင်ဒိုနီးရှားနောက်ခံလူ လီစတာလူဟူ ထိုင်းအရန်ခုံတန်းသို့ ဘောလုံးဖြင့်ကန်ခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ အင်ဒိုနီးရှားအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ၁၁ ကြိမ်တွင် ဗိုလ်လုပွဲသို့ ငါးကြိမ်တက်ရောက်ခဲ့သော်လည်း ငါးကြိမ်စလုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုင်းအသင်းသည် ချန်ပီယံဆုကို ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆ ခုနှစ်တို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ထိုင်းအသင်းက ချန်ပီယံဆုဖလားနှင့် ဆုကြေး ဒေါ်လာ နှစ်သိန်း၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းက ဒေါ်လာ ၇၅၀၀၀၊ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့သည့် မြန်မာနှင့် ဗီယက်နမ်အသင်းက ဒေါ်လာ ၅၀၀၀၀ စီ ရရှိခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုကို ချာနာသစ် (ထိုင်း)၊ သွင်းဂိုးအများဆုံးဆုကို တီယာဆေးလ်ဒန်ဒါ (၆ ဂိုး၊ ထိုင်း)၊ အသန့်ရှင်းဆုံးအသင်းဆုကို ထိုင်းအသင်းတို့က ရရှိခဲ့သည်။
Photo-AFP/ affsuzukicup.com



အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တဲ့ မန်ယူ

အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တဲ့ မန်ယူ
ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) စနေည နောက်ဆုံးပွဲစဉ်အဖြစ် ၀က်စ်ဘရွန်းနဲ့ မန်ယူ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အိမ်ရှင် ၀က်စ်ဘရွန်း အသင်းက ဖော်စတာ၊ မက်အော်လေ ၊ ဖလက်ချာ၊ ယာကော့ ၊ မတ်ဖိလစ် ၊ ချက်ဒ်လီ ၊ ရွန်ဒွန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ပွဲထွက် လူစာရင်းမှာတော့ လင်ဂတ် ပြန်လည်ပါဝင်လာခဲ့ပြီး ဒီဂီယာ၊ ဗလင်စီယာ၊ ဖီးလ်ဂျုံးစ် ၊ ရိုဟို၊ ၊ ကာရစ်၊ ပေါ့ဘာ၊ ရွန်နီ၊ အီဘရာဟီမိုဗစ်တို့နဲ့ ပွဲထွက်လာပါတယ်။
ပွဲအစ (၅)မိနစ်မှာပဲ ညာတောင်ပံကနေ လင်ဂတ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီဘရာဟီမိုဗစ် ခေါင်းတိုက်အဆုံးသတ်ခဲ့ပြီး မန်ယူအသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ပွဲချိန်(၂၂)မိနစ်မှာ ရွန်နီ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာကို ဖော်စတာ ကာကွယ်နိုင်ခဲ့ပြီး ဘာတန်းထိထွက်ခဲ့တာကြောင့် မန်ယူအသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၄၄)မိနစ်မှာ လင်ဂတ် အပိုင်ကန်ခွင့် ရရှိခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်ထွက်သွားခဲ့ပါတယ်။
ဒုတိယပိုင်း အစမှာတော့ ပွဲက အေးနေခဲ့ပေမယ့် ပွဲချိန်(၅၆)မိနစ်မှာ အီဘရာဟီမိုဗစ်က ဧရိယာထိပ်မှာ တားဆီးနေတဲ့ ၀က်စ်ဘရွန်း ကစားသမား နှစ်ယောက်ကြားထဲကနေ ဖြတ်ထွက်ပြီး ကန်သွင်းကာ မန်ယူအသင်း ဒုတိယဂိုး ရခဲ့ပါတယ်။ နှစ်ဂိုးပြတ် နိုင်နေတာကြောင့် မန်ယူအသင်းက ပွဲချိန်မိနစ်(၇၀)နောက်ပိုင်းမှာ ပွဲကို ထိန်းကစားခဲ့ပါတယ်။
ဝက်စ်ဘရွန်းအသင်းက ချေပဂိုးတွေ ပြန်လည်ရရှိဖို့ မော်ရစ်ဆင် ၊ လီကို၊ ရော့ဘ်ဆင်ကနူးတို့ကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံ တိုးတက်ခဲ့ခြင်း မရှိဘဲ မန်ယူအသင်းရဲ့ ထိန်းချုပ်မှု အောက်မှာသာ ရှိခဲ့ပြီး အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။
မန်ယူအသင်းက ပရီးမီယားလိဂ်နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး အီဘရာဟီမိုဗစ်က လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁)ဂိုး ရှိလာခဲ့ပြီဖြစ်ပါတယ်။
■ ပရီးမီးယားလိဂ် ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၁ ချယ်လ်ဆီး
မစ်ဒယ်ဘရော့ ၃-၀ ဆွမ်ဆီး
စတုတ်စီးတီး ၂-၂ လက်စတာ
ဆန်းဒါးလန်း ၁-၀ ၀က်ဖို့ဒ်
ဝက်စ်ဟမ်း ၁-၀ ဟားလ်စီးတီး
ဝက်စ်ဘရွန်း ၀-၂ မန်ယူ
■ လာလီဂါ ရလဒ်များ
စပို့တင်းဂီဂျွန် ၁-၃ ဗီလာရီးယဲလ်
အက်သလက်တီကို ၁-၀ လက်စ်ပါမားစ်
ဂရန်နာဒါ ၀-၂ ဆိုစီဒက်
ဆီဗီလာ ၄-၁ မာလာဂါ
■ စီးရီးအေ ရလဒ်များ
အမ်ပိုလီ ၂-၀ ကာဂလီယာရီ
အေစီမီလန် ၀-၀ အတ္တလန်တာ
ဂျူဗင်တပ်စ် ၁-၀ ရိုးမား
■ ဘွန်ဒစ်လီဂါ ရလဒ်များ
ရှော်လ်ကေး ၁-၁ ဖရိုင်းဘတ်
မိန့်ဇ် ၃-၁ ဟမ်းဘတ်
အော့စ်ဘတ် ၁-၀ မိုချန်ဂလာဘတ်
ဝါဒါဘရီမင် ၁-၁ ကိုလုံး
လိုက်ပ်ဇစ် ၂-၀ ဟာသာဘာလင်
ဝုလ်ဖ်ဘတ် ၁-၀ ဖရန့်ဖတ်
■ ပြင်သစ်လီဂူး ရလဒ်များ
ဂူအင်ဂမ့် ၂-၁ PSG
လော်ရီယန့် ၂-၁ စိန့်အက်တီယန်
မောင့်ပယ်လီယာ ၄-၀ ဘော်ဒိုး
တူးလူး ၁-၁ နန်စီ
ရန်းစ် ၁-၂ ဘတ်စတီယာ
■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘလက်ဘန်း ၂-၃ ရက်ဒင်း
ဘရစ္စတိုးလ်စီးတီး ၁-၂ ပရက်စတန်
ဘာတန် ၁-၂ နယူးကာဆယ်
ကာဒစ်ဖ် ၃-၄ ဘန်စလေ
ဖူလ်ဟမ် ၂-၂ ဒါဘီ
လိဒ်စ် ၁-၀ ဘရန့်ဖို့ဒ်
နော်တင်ဟမ် ၀-၂ ၀ုလ်ဗ်
ရှက်ဖီးဝင်းစ်ဒေး ၁-၀ ရော့သာဟမ်
ဝီဂန် ၂-၃ အစ်ဝစ်ခ်ျ
ဘာမင်ဂမ် ၁-၂ ဘရိုက်တန်
Photos: DailyMail

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဘုန်းမောက် နှင့် ဆောက်သမ်တန် (တနင်္ဂနွေည ၈း၀၀ နာရီ)
လူငယ်တွေကိုအားပြုထားကြတယ်။ တိုက်စစ်ကောင်းကြ တယ်။ ကစားပုံကောင်းပြီး ဟန်ချက်ညီတယ်။ ဘုန်းမောက်က တိုက်စစ်ကိုအားပြုပြီး၊ ဆောက်သမ်တန်က ဟန်ချက်ကိုအားပြု တယ်။ ဒီပွဲမှာ ဆောက်သမ်တန်ခံစစ်တကယ်ကစားရင်ဘုန်း မောက်
ကျော်ရခက်နိုင်တယ်။ ဆောက်သမ်တန်ကြိုက်တယ်။

■ မန်စီးတီး နှင့် အာဆင်နယ် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ချယ်လ်ဆီးသာ နိုင်ပွဲဆက်နေမယ်ဆိုရင် ဒီပွဲမှာ ရှုံးတဲ့အသင်းက ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ သွေဖည်သွားနိုင် တယ်။ ချယ်လ်ဆီး ခြေချော်ခဲ့ရင်လည်း မဖြစ်မနေနိုင်ပွဲရှာရမယ့် ပွဲဖြစ်နေတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရဆိုရင် အာဆင်နယ် က မန်စီးတီးကွင်းမှာတောင် ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ဘူး။ သူနိုင်ကိုယ်နိုင်ပဲ။ နောက်ပိုင်းနှစ်တွေမှာ ရလဒ်ပိုင်းက မျှတယ်လို့ ပြောလို့ရတယ်။ ဒီပွဲအတွက် စဉ်းစားတဲ့နေရာမှာ သမိုင်းကြောင်းကို ဖယ်ပြီး စဉ်းစားရမယ်။ အာဆင်နယ်က လိဂ်ဖလားပွဲမှာ ဆောက်သမ်တန်ကို ရှုံးတယ်။ စတုတ်စီးတီးကို ဂိုးပြတ်နိုင်ပြီး အဲဗာတန်ကို ပြန်ရှုံးတယ်။ ခြေစွမ်းပိုင်းက ငြိမ်တယ်။ ရလဒ်ကတော့ နည်းနည်းဆိုးလာတယ်။ စိတ်ပိုင်းဖြတ်မှု၊ ယုံကြည်မှုအပိုင်းတွေမှာ အားနည်းချက်ရှိနေတယ်။ မန်စီးတီးကလည်း (၀က်ဖို့ဒ်နဲ့ ပွဲမတိုင်ခင်အထိ) နောက်ဆုံး (၁၅)ပွဲမှာ (၄)ပွဲပဲ နိုင်ခဲ့တယ်။ ဒီအနေအထားက ခက်ခဲမှုတွေရှိတယ်။ မဖြစ်မနေနိုင်ပွဲရှာရမယ့် အချိန်လို့တွေးနေရင်း မန်စီးတီးရလဒ်တွေဆိုးခဲ့တယ်။ လက်ရှိအချိန်မှာလည်း ခံစစ်ပိုင်းက ပြဿနာရှိတယ်။ တိုက်စစ်ကတော့ သိပ်မကွာဘူး။ မန်စီးတီးကွင်းဖြစ်ပေမယ့် အာဆင်နယ်မရှုံးလောက်ဘူး။
■ စပါး နှင့် ဘန်လေ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
စပါးက မန်ယူကို ရှုံးခဲ့ပေမယ့် ဒီလိုပွဲမျိုး ရှုံးတာဟာ စိတ် ပျက်စရာမဟုတ်ဘူး။ အသင်းရဲ့ ပြန်တက်စပြုလာတဲ့ ခြေစွမ်းကိုလည်း အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ဘူး။ စပါးတိုက်စစ်က ယုံကြည်မှု မြင့်မားနေပြီး ဂိုးဖန်တီးမှုတွေ အများကြီးလုပ်နိုင်တယ်။ စပါး သေချာပေါက်နိုင်မယ်။

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ လီဟာနက်စ် နှင့် အီဘာ (တနင်္ဂနွေည ၉း၄၅ နာရီ)
လီဟာနက်စ်အိမ်ကွင်းမှာ ကြိုစားအားထုတ်မှုကောင်းပေ မယ့် တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းကန်နေရတတ်ပုံနဲ့တော့ ကွင်းမရွေးဘဲ ကစားအားကောင်းတဲ့ အီဘာကို ကျော်ဖြတ်ဖို့မလွယ်ပါဘူး။
အီဘာနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

■ ဒီပို့တီဗို နှင့် အိုဆာဆူနာ (တနင်္ဂနွေည ၁၂း၀၀ နာရီ)
အခုနောက်ပိုင်း တိုက်စစ်ကို ပိုဦးစားပေးကစားလာနေ တဲ့အပြင် ဂိုးသွင်းနှုန်းပါတက်လာတဲ့ ဒီပို့တီဗိုကို အိုဆာဆူနာ တောင့်ခံနိုင်ဖို့မရှိပါဘူး။
ဇယားအောက်ပိုင်းက အသင်းအချင်း ချင်းဖြစ်နေလို့ အိမ်ကွင်းမှာ ဒီပို့အမှတ်ပြည့်ယူပါလိမ့်မယ်။
■ ဘာစီလိုနာ နှင့် အက်စ်ပန်ညို (တနင်္လာနံနက် ၂း၁၅ နာရီ)
အက်စ်ပန်ညို ပြိုင်ပွဲစုံ နောက်ဆုံး (၁၁)ပွဲဆက် ရှုံးပွဲမရှိဘူး။ (၅)ပွဲနိုင်၊ (၆)ပွဲသရေ ကစားထားတယ်။ နောက်ဆုံးအဝေးကွင်း ပွဲမှာလည်း အက်သလက်တီကိုçကို ဂိုးမရှိသရေကစားထားတဲ့အပြင် အဲဒီ (၁၁)ပွဲမှာလည်း ဂိုးပေးရတဲ့ပွဲက (၃)ပွဲပဲရှိနေလို့ ဘာစီ လိုနာအတွက်တော့ ရင်ဆိုင်ရခက်မယ့်ပြိုင်ဘက်မျိုးပါပဲ။ အက်စ်ပန်ညိုနည်းပြ ဖလောရက်စ်ဟာ အဝေးကွင်းပွဲတွေဆိုရင် ခံစစ်ကို ပိုဦးစားပေးကစားတတ်ပြီး အမှတ်ရအောင်ယူနိုင်ဖို့ ကြိုးစားလေ့ရှိတယ်။ ဒါကြောင့် အဝေးကွင်းနောက်ဆုံး (၄)ပွဲစလုံး ပေးဂိုးလည်း မရှိခဲ့ဘူး။ ဖလောရက်စ်ရဲ့ အဝေးကွင်းမှာ ခံစစ်အဖျက် (၂)ယောက်ထားပြီး ခံစစ်ကို (၈)ဦးလောက်နဲ့ကစားကာ တန်ပြန်တိုက်စစ် နဲ့ ဂိုးရဖို့ကြိုးစားတဲ့ကစားပုံက ဒီပွဲမှာ ဘာစီလိုနာရဲ့ MSN တိုက်စစ်အတွက် အစမ်းသပ်ခံအနေအထားလိုဖြစ်လာတယ်။ ဒီရာသီ ဘာစီလိုနာရဲ့ အိမ်ကွင်းဂိုးသွင်းနှုန်းကလည်း အရင်ရာသီတွေကလို ပုံမှန်မရှိဘူး။ ဒီအခြေအနေနဲ့ဆို အက်စ်ပန်ညိုရဲ့ခံစစ်ကစားပုံ က ဘာစီလိုနာကို အခက်တွေ့စေနိုင်မယ့် အဓိကနေရာတစ်ခုလို့ ပြောရမယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်နဲ့ လာ လီဂါ (၂)ပွဲမှာ ဘာစီလိုနာတိုက်စစ်သွင်းဂိုးတွေနဲ့ ပြန်လာခဲ့ပါတယ်။ ဘာစီလိုနာ အနိုင်ရအောင်တော့ ကစားလိမ့်မယ်။ ဂိုးနည်းမယ်။

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ရှော်လ်ကေး နှင့် ဖရိုင်းဘတ် (စနေည ၉း၀၀ နာရီ)
ရှော်လ်ကေးအသင်း လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့ကို ဆက်တိုက်အရေးနိမ့်ထားခဲ့တယ်။ ဒီ(၂)ပွဲမှာ ကံဆိုးလွန်းလို့ သာ ရှော်လ်ကေး ရမှတ်တွေဆုံးရှုံးခဲ့တာပါ။ ဖရိုင်းဘတ် မထင် မှတ်တာတွေ လုပ်ပြတတ်ပေမယ့် ရှော်လ်ကေးကွင်းမှာတော့ မျှော်လင့်ချက်မရှိနိုင်ဘူး။
ရှော်လ်ကေး ဂိုးပြတ်၊ မပြတ်ပဲ ကြည့် ရမှာပါ။

■ မိန့်ဇ် နှင့် ဟမ်းဘတ် ( စနေည ၉း၀၀ နာရီ)
ဟမ်းဘတ်က (၂)ပွဲဆက်နိုင်ပြီး အခြေအနေကောင်းလာ တယ်။ (၂)သင်းကြား ကစားသမားပိုင်းက ကွာခြားမှုသိပ်မရှိပါဘူး။
လတ်တလောစိတ်ဓာတ်ပိုင်းကပဲ ဒီပွဲကို အဆုံးအဖြတ်ပေး သွားဖို့များတယ်။ မိန့်ဇ်ကွင်းမှာ ဟမ်းဘတ် အမှတ်ရခဲ့ရင် အံ့သြစရာမရှိပါဘူး။
■ အော့စ်ဘတ် နှင့် မိုချန်ဂလာဘတ် (စနေည ၉း၀၀ နာရီ)
မိုချန်ဂလာဘတ် နိုင်ပွဲပြန်ရခဲ့ပေမယ့် ဒီနိုင်ပွဲက အသင်း ရဲ့ပြောင်းလဲမှု မဖြစ်နိုင်သေးပါဘူး။ လက်ရှိခြေစွမ်းနဲ့ အဝေး ကွင်းမစွံမှုကို တွန်းလှန်နိုင်ဖို့ ခက်ခဲနေဦးမှာသေချာပါတယ်။ အော့စ်ဘတ်တိုက်စစ်ပိုင်းက အားနည်းပေမယ့် အိမ်ကွင်းမှာ တော့ အမှတ်ရပါလိမ့်မယ်။
■ ၀ါဒါဘရီမင် နှင့် ကိုလုံး (စနေည ၉း၀၀ နာရီ)
ကိုလုံးအသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲ ပဲအနိုင်ရခဲ့တယ်။ တိုက်စစ်မှူး မိုဒက်စ်တေကလည်း နောက်ဆုံး (၅)ပွဲမှာ (၁)ဂိုးပဲသွင်းနိုင်ခဲ့တာပါ။
ဝါဒါဘရီမင်ကတော့ ကိုလုံးနဲ့ ယှဉ်ရင်ပြောင်းပြန်ပါ။ (၂)ပွဲဆက်နိုင်ပြီး (၃)ပွဲဆက် ရှုံးပွဲမရှိခဲ့ ဘူး။ ၀ါဒါဘရီမင်ဘက်ကပဲ ရပ်တည်သင့်တယ်။
■ လိုက်ပ်ဇစ် နှင့် ဟာသာဘာလင် (စနေည ၉း၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ယခုနှစ် ဘွန်ဒစ်လီဂါရာသီမှာ စတင် ဦးကျိုးသွားပြီ။ ဒီရှုံးပွဲက ပွဲကျပ်ကာလကို ကျော်ဖြတ်ရတော့ မယ့် လိုက်ပ်ဇစ်ရဲ့စိတ်ဓာတ်ပိုင်းကို အတော်လေးကို ထိခိုက် သွားနိုင်တယ်။ ဟာသာဘာလင်ကလည်း နောက်ဆုံးပွဲမှာ မမျှော် လင့်ဘဲ ရှုံးပွဲကြုံထားလို့ အခုပွဲကို အာရုံပြန်စိုက်မှာပါ။ လိုက်ပ် ဇစ်ကွင်းမှာ ဟာသာဘာလင် သရေခံကစားသွားနိုင်ဖို့များ တယ်။
■ ၀ုလ်ဖ်ဘတ် နှင့် ဖရန့်ဖတ် (စနေည ၁၂း၀၀နာရီ)
ဝုလ်ဖ်ဘတ်အသင်းရဲ့အခြေအနေက အတော်လေးဆိုး နေတယ်။ ကွင်းတွင်းခြေစွမ်းရော၊ အသင်းတွင်း စီမံခန့်ခွဲမှုအပိုင်း မှာပါ ပြဿနာများစွာ ရှိနေတာပါ။ အသင်းလိုက် တည်ငြိမ်မှု ပိုင်းမှာ ဖရန့်ဖတ်သာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ၀ုလ်ဖ် ဘတ် အမှတ်လိုအပ်နေတာ ထည့်တွက်ရမှာပါ။ ၀ုလ်ဖ်ဘတ် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ခရစ္စတယ်ပဲလေ့စ် နှင့် ချယ်လ်ဆီး (စနေည ၇း၀၀ နာရီ)
ပဲလေ့စ်ရဲ့ တိုက်စစ်ကစားပုံကို ချယ်လ်ဆီးသတိပြုရမယ်။ ရလဒ်တွေဆိုးနေတဲ့အသင်းဆိုပြီးလျှော့တွက်လို့မရဘူး။
ပဲလေ့စ် ရဲ့ ဂိုးသွင်းနှုန်းက မြင့်တယ်။ ဒါပေမဲ့ သူတို့ခံစစ်ကိုလည်း ချယ်လ်ဆီးတိုက်စစ်က အလွယ်တကူ ချိုးဖြတ်နိုင်တယ်။
အရှိန်ရပြီး အ ကောင်းဆုံးပုံစံပြနေတဲ့ ချယ်လ်ဆီးပဲ ကြိုက်တယ်။

■ မစ်ဒယ်ဘရော့ နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)
ဆွမ်ဆီးရလဒ်ပိုင်းက ပြန်တက်လာတယ်လို့ ပြောနိုင်ပေမယ့် ခြေစွမ်းက မစ်ဒယ်ဘရော့လောက် မငြိမ်ပါဘူး။ မစ်ဒယ်ဘရော့က ပိုစိတ်ချရပြီး ကစားပုံပိုကောင်းတယ်။
ကစားရမှာက လည်း မစ်ဒယ်ဘရော့အိမ်ကွင်းဖြစ်နေတယ်။
ဒါကြောင့် မစ်ဒယ်ဘရော့ကိုပဲ ကြိုက်တယ်။
■ စတုတ်စီးတီး နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)
စတုတ်စီးတီးနဲ့ လက်စတာက ခြေစွမ်းမျှပါတယ်။ တိုက်စစ် လည်း ကောင်းကြတယ်။ လက်စတာက ဘုန်းမောက်နဲ့ ပွဲမှာတော့ ဂိုးပေါက်ပျောက်ခဲ့တယ်။
ဒါပေမဲ့ နှစ်ပွဲဆက် မပျောက်ပါဘူး။ စတုတ်က လက်စတာလောက် အားမကောင်းပေမယ့် ခံစစ်က ပိုကောင်းတယ်။ စတုတ်စီးတီးပဲ ကြိုက်တယ်။
■ ဆန်းဒါးလန်း နှင့် ၀က်ဖို့ဒ် (စနေည ၉း၃၀ နာရီ)
ဆန်းဒါးလန်းက ခြေစွမ်းပိုင်း နည်းနည်းလေးတက်လာတယ်။
ချယ်လ်ဆီးနဲ့ ပွဲမှာ ရလဒ်ကောင်းရင် ဒီပွဲမှာ ပိုကောင်းမယ်။
ရှုံးခဲ့ ရင်လည်း စိတ်ဓာတ်ပျက်သွားစရာမရှိဘူး။
ဝက်ဖို့ဒ်က ဆန်းဒါးလန်းထက် ပိုကောင်းပါတယ်။
ဒါပေမဲ့ အဝေးကွင်းတော့ အားနည်းတယ်။ ဆန်းဒါးလန်း နိုင်ဖို့များတယ်။
■ ၀က်စ်ဟမ်း နှင့် ဟားလ်စီးတီး (စနေည ၉း၃၀ နာရီ)
ဝက်စ်ဟမ်းက လူပြန်စုံလာပြီ။ ရလဒ်တွေသိပ်မကောင်း သေးဘူး။
ခံစစ်ပိုင်းက အရမ်းအားနည်းနေတယ်။ ခံစစ်ပိုင်းကို မ ပြင်နိုင်ရင် ရလဒ်ကောင်းဦးမှာမဟုတ်ဘူး။ ဟားလ်စီးတီးလိုအ သင်းမျိုးကိုတော့ ဂိုးမပေးရအောင်ကစားနိုင်သင့်တယ်။ တိုက်စစ် ကတော့ ဂိုးရမှာပဲ။
အနိုင်နဲ့ သရေပါ။
■ ၀က်စ်ဘရွန်း နှင့် မန်ယူ (စနေည ၁၂း၀၀ နာရီ)
ဝက်စ်ဘရွန်း ပုံစံကောင်းပြနေတဲ့ အချိန်မှာ ကစားရတာ ဖြစ်လို့ မန်ယူခက်ခဲဦးမယ်။ မစ်ခီတာရီယန်မပါနိုင်ရင် တိုက်စစ် ပိုင်းပိုအားနည်းမယ်။ ၀က်စ်ဘရွန်းက ခံစစ်မာတယ်။ တိုက်စစ်မှာ ရွန်ဒွန်ရဲ့တိုးအား၊ ရုန်းအားက ကောင်းတယ်။ မန်ယူသရေကျသွား နိုင်တယ်။
နိုင်ရင်လည်း ဂိုးမပြတ်လောက်ဘူး။

စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်
■ စပို့တင်းဂီဂျွန် - ဗီလာရီးယဲလ် (၁၇-၁၂-၂၀၁၆ ညနေ ၆း၃၀)
အခုနောက်ပိုင်း ဗီလာရီးယဲလ်ခြေက ပုံမှန်မဟုတ်ဘူး။ အက်သလက်တီကိုçကို ဂိုးပြတ်သွင်းနိုင်ခဲ့တာက ဗီလာရီးယဲလ် တိုက်စစ်အတွက် အားရစရာပါ။ ဒါပေမဲ့ အဝေးကွင်းဆိုရင်ထိန်း ကစားတတ်တယ်။
ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲထင်တယ်။

■ အက်သလက်တီကို - လက်စ်ပါမားစ် (၁၇-၁၂-၂၀၁၆ ည ၉း၄၅)
အက်သလက်တီကိုကတော့ ဖိအားတွေ တဖြည်းဖြည်းများ လာတယ်။ တိုက်စစ်ပိုင်းဂိုးသွင်းအားလည်း ကျဆင်းနေသလို၊ ခံစစ်ပိုင်းကလည်း မာမာထန်ထန်သိပ်မတွေ့ရတော့ဘူး။
ဒါပေမဲ့ ချန်ပီယံလိဂ်အပြီးမှာတော့ ကစားအားကို တင်မှာပါ။ လက်စ်ပါ မားစ်ရဲ့ အဝေးကွင်းကစားအားနဲ့တော့ အိမ်ကွင်းမှာနိုင်ပွဲရှာ မယ့် အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။
■ ဂရန်နာဒါ - ဆိုစီဒက် (၁၇-၁၂-၂၀၁၆ ည ၁၂း၀၀)
ဇယားအောက်ပိုင်းမှ ရုန်းထွက်နေတဲ့ ဂရန်နာဒါရဲ့ကစား အားက ဆိုစီဒက်ကို အခက်တွေ့သွားစေနိုင်တယ်။ ဆိုစီဒက် အဝေးကွင်းနောက်ဆုံးပွဲမှာလည်း ဒီပို့တီဗိုကို ဂိုးပြတ်အရှုံးပေး ထားရတယ်။ ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲထင်တယ်။
■ ဆီဗီလာ - မာလာဂါ (၁၈-၁၂-၂၀၁၆ နံနက် ၂း၁၅)
ဆီဗီလာမှာလည်း ဘာစီလိုနာလို ရီးယဲလ်မက်ဒရစ်နဲ့ အမှတ်ကွာဟမှုကို လျှော့ချထားနိုင်ဖို့ အခွင့်အရေးရှိနေတယ်။ ဒါကြောင့် အိမ်ကွင်းအားနဲ့ မာလာဂါကို အနိုင်ယူထားနိုင်ဖို့ ကြိုးစားမှာသေချာတယ်။
ဒါပေမဲ့ မာလာဂါကလည်း နောက်ဆုံး (၅)ပွဲဆက်ရှုံးပွဲမရှိတဲ့အပြင် ဘာစီလိုနာကိုတောင် နူးကမ့်မှာ ဂိုးမရှိသရေရအောင် ခံကစားလာတဲ့အသင်းဖြစ်လို့ ဆီဗီလာအတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်ပါတယ်။
ဆီဗီလာကလည်း အိမ်ကွင်းမှာ ဘာစီလိုနာတစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်း အားကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ကစားပြနေတယ်။ နည်းပြ ဆမ်ပါအိုလီလက်ထဲမှာ ဆီဗီလာကစားပုံက မာကျောတည် ငြိမ်မှုရှိနေတဲ့အပြင်
အိမ်ကွင်းဆိုရင် တိုက်စစ်ပိုင်းကလည်း ဂိုးရအောင်ပိုလုပ်ပြနိုင်တာ တွေ့ရတယ်။ လက်ရှိဆီဗီလာအသင်းရဲ့ တိုက်စစ်က မာလာဂါကို ဖိအားပေးနိုင်မှာတော့ သေချာပါတယ်။ မာလာဂါကတော့ အဝေးကွင်းနိုင်ပွဲမရသေးဘူး။
ဒါပေမဲ့ အဝေး ကွင်းဆိုရင် သရေခံကစားတဲ့အသင်းလို့ပြောနိုင်ပြီး အဝေးကွင်း (၇)ပွဲမှာ (၄)ပွဲသရေရအောင် ခံကစားထားနိုင်တယ်။
ဂိုးစောစော ပေးရရင်တော့ မာလာဂါရဲ့ခံစစ်အားပျော့သွားတတ်ပါတယ်။ ဆီဗီလာ (၂-၀)လောက်နဲ့ပဲ အနိုင်လို့ ခန့်မှန်းထားကြည့်ချင်တယ်။

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
■ အမ်ပိုလီ နှင့် ကာဂလီယာရီ (စနေည ၈း၃၀ နာရီ)
ကာဂလီယာရီက အူဒီးနီးစ်ကို မထင်မှတ်ဘဲ တက်နိုင် တယ်။ ခြေမကောင်းပါဘူး။ မထင်မှတ်ဘဲ နိုင်လိုက်တာ။
သူတို့ ရဲ့ ပုံမှန်ခြေက အခြားပွဲတွေမှာ တွေ့ရတယ်။
ပက်စ်ကာရာ သာသာပဲ ရှိတယ်။ နာပိုလီကို ဂိုးပြတ်ရှုံးခဲ့တယ်။
အမ်ပိုလီကလည်း တော်တော်လေး အားနည်းနေတဲ့အသင်းဖြစ်လို့
ဒီပွဲက သရေရ လဒ်နဲ့ ပြီးသွားပါလိမ့်မယ်။

■ အေစီမီလန် နှင့် အတ္တလန်တာ (စနေည ၁၁း၃၀ နာရီ)
အေစီမီလန်က ပုံစံ ပျက်သွားပြီလို့ ပြောလို့မရပေ မယ့် အတ္တလန်တာက နှစ်ပွဲဆက်အရှုံးနဲ့အတူ တကယ်ကြွေ ပျက်သွားပါပြီ။ ဂျူဗင်တပ်စ်နဲ့ပွဲ အရှုံးကြောင့် လှုပ်သွားပြီး အူဒီး နီးစ်နဲ့ပွဲကတော့ အခြေအနေကို ပြန်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ တာကို ပြနေတယ်။ ဒီပွဲလည်း အတ္တလန်တာ ရုန်းကန်ရလိမ့်မယ်။ အေစီမီလန်ကို ကြိုက်တယ်။
■ ဂျူဗင်တပ်စ် နှင့် ရိုးမား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ရိုးမားက ခြေတက်နေတဲ့ အေစီမီလန်ကို တစ်ဖက်သတ်အသာစီးက ကစားပြီး အနိုင်ယူခဲ့တယ်။ ဂိုးပြတ်အနိုင်ရလောက် တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ လူပြန်စုံလာတဲ့ ဂျူဗင်တပ်စ်ကလည်း တိုရီနိုနဲ့ပွဲမှာ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ တာတွေ့ရတယ်။ ပွဲကျပ်တစ်ပွဲကနေ ရုန်းကန်နိုင်စွမ်းကို ပြသခဲ့ပြီး တိုက်စစ်အရည်အသွေးကိုပါ သက်သေပြခဲ့တယ်။ ဂျီနိုအာ ကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ နှစ်ပွဲဆက်ပြန်နိုင်တယ်။ တစ်ပွဲကို (၃)ဂိုးစီသွင်းခဲ့တယ်။ ဂျူဗင်တပ်စ်ခံစစ်က ဂိုးတွေပေး နေရပေမယ့် ကစားဟန်နဲ့ ဆိုင်မယ်။ ကြီးကြီးမားမားအားနည်းချက်မရှိဘူး။ ဂျက်ကိုဦးဆောင်လာမယ့်တိုက်စစ်ကို ထိန်းချုပ် နိုင်မှာလည်း သေချာတယ်။ ဒီဘားလား-ဟီဂွါအင်အတွဲကိုသာ ရိုးမားခံစစ်ထိန်းချုပ်ဖို့ ခက်မှာ။ အထူးသဖြင့် ဒီဘားလားကို ရိုး မားခံစစ် မထိန်းချုပ်နိုင်လောက်ဘူး။ အသင်းဟောင်းနဲ့ပွဲမှာ ယာနစ် ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ ရိုးမားကို ဂျူဗင်တပ်စ် ကျော်ဖြတ်ပြပါလိမ့်မယ်။ နိုင်ပွဲယူမယ်။

Friday, December 16, 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဟော်ဖန်ဟင်မ် နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် ည ၂း၀၀ နာရီ)

ဒေါ့မွန်အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရသူတွေများနေတဲ့အပြင် တခြားပြဿနာတွေလည်းရှိနေတယ်။
လေ့ကျင့် ရေးကွင်းမှာ နည်းပြနဲ့စကားများခဲ့တဲ့ ဂေါ့ဇီကို အခုပွဲမှာ ထုတ်သုံးဖို့မရှိပါဘူး။
ကက်စထရို၊ ဆာဟင်တို့ ဒဏ်ရာရနေပြီး ဂယ်ဟေရို၊ ကာဂါဝါတို့ကတော့ အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် အရံခုံမှာပဲ ထားဖို့များပါတယ်။  လက်ရှိအတိုင်းဆိုရင် ကွင်းလယ်မှာ ၀ိုင်ဂယ်လ်နဲ့ ရိုဒါတို့ကိုပဲ အထိုင်ချဖို့ရှိပြီး သမ္ဘာနဲ့အတွေ့အကြုံပိုင်းမှာ အတော်လေးအားနည်းနိုင်ပါတယ်။
ဟော်ဖန်ဟင်မ်အဖို့ ရှုံးပွဲမရှိစံချိန်က ဖိအားတစ်ရပ်ဖြစ်ပြီး အသင်းကလည်း နောက်ပိုင်းပွဲတွေမှာ မရှုံးရေးကို အဓိကပစ်မှတ်ထားကစားလာတဲ့ပုံပေါက်နေတယ်။
ဒီပွဲလည်း အိမ်ကွင်းဖြစ်ပေမယ့် ဟော်ဖန်ဟင်မ်ရဲ့ရည်မှန်းချက်က ဒေါ့မွန်အသင်းထံကနေ အမှတ်ခွဲယူနိုင်ရေးပဲ ဖြစ်လာလိမ့်မယ်။
အဝေးကွင်းမှာ ရုန်းကန်နေရတဲ့ ဒေါ့မွန်ရဲ့ခြေစွမ်းကြောင့်လည်း ဟော်ဖန်ဟင်မ်ကွင်းမှာ သိပ် တော့မလွယ်လှဘူး။
ဟော်ဖန်ဟင်မ်ကိုပဲ ကြိုက်တယ်။

■ အလာဗတ်စ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နည်းပြသစ်လက်ထဲမှာ ဘက်တစ်အိမ်ကွင်းအားကောင်း မွန်မှုကိုပြသထားနိုင်ပေမယ့် အဝေးကွင်းမှာတော့ စိတ်ချထား လို့မရသေးပါဘူး။
အလာဗတ်စ်ကလည်း တိုက်စစ်အားနည်းတယ်။ ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။

■ အန်ဂါစ် နှင့် နန့်စ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နန့်စ်က အပျက်ဘက်ရောက်နေပါပြီ။
ဂိုးမသွင်းနိုင်တာ (၄)ပွဲအထိရှိလာပြီး အဝေးကွင်း(၃)ပွဲဆက် ရှုံးထားတယ်။ အန်ဂါစ်ကလည်း တည်ငြိမ်လွန်းလှတယ်မဟုတ်ပေမယ့် နိုင်ပွဲမရ တာကြာပြီဖြစ်လို့ အိမ်ကွင်းမှာ အမှတ်ပြည့်ပြန်ယူလိမ့်မယ်။

■ နောဝစ်ခ်ျ နှင့် ဟတ်ဒါဖီးလ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)

နောဝစ်ခ်ျ အိမ်ကွင်းမှာ နိုင်ပွဲဆက်နေသလို၊ ဟတ်ဒါဖီးလ်ကလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါတယ်။
အမှတ်လိုအပ်ချက်အရ တန်းတက်ဇုန်ထဲ ၀င်အောင်ကြိုးစား မယ့် နောဝစ်ခ်ျကို ပိုကြိုက်ပါတယ်။

Sunday, December 11, 2016

ဒီယေဂိုကော်စတာရဲ့ဂိုးနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူပြီး ဇယားထိပ်ဆုံးပြန်ရောက်လာတဲ့ ချယ်လ်ဆီး

ဒီယေဂိုကော်စတာရဲ့ဂိုးနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူပြီး ဇယားထိပ်ဆုံးပြန်ရောက်လာတဲ့ ချယ်လ်ဆီး
ပရီးမီးယားလိဂ်ပွဲစဉ်(၁၅) အစောပိုင်းပွဲဖြစ်တဲ့ ချယ်လ်ဆီး-၀က်စ်ဘရွန်းတို့ရဲ့
ပွဲမှတော့ ချယ်လ်ဆီးအသင်းက ဒီယေဂိုကော်စတာရဲ့ တစ်လုံးတည်းသောဂိုး
နဲ့အတူ (၃)မှတ်ရယူခဲ့ပြီး အဆင့်(၁)နေရာကို အာဆင်နယ်ဆီက ပြန်သိမ်းပိုက်
ခဲ့တယ်။

ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်(၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းဟာ
ချယ်လ်ဆီးဆီက သရေတစ်မှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကို (၇၆)မိနစ်မှာ ဒီယေဂိုကော်စတာက
နောက်ခံလူ မက်အော်လေ တားဆီးနေတဲ့ကြားက လှလှပပ ကန်သွင်းခဲ့တာ
ဖြစ်ပါတယ်။ အခုပွဲကို အနိုင်ရခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယား
လိဂ်(၉)ပွဲဆက် အနိုင်ရခဲ့ပြီး ကွန်တီအနေနဲ့ နည်းပြဟောင်းမော်ရင်ဟိုရဲ့ (၁၀)ပွဲဆက် နိုင်ပွဲစံချိန်ကို အမီလိုက်ဖို့ နီးစပ်နေပါပြီ။


Friday, December 9, 2016

စတုတ်နှင့်ပွဲတွင် ဘယ်လာရင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်ဟု အာစင်ဝင်းဂါး ပြောကြား

စတုတ်နှင့်ပွဲတွင် ဘယ်လာရင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်ဟု အာစင်ဝင်းဂါး ပြောကြား
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် စတုတ်စီးတီးအသင်းနှင့်ပွဲတွင် နောက်ခံလူ ဘယ်လာရင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ဘယ်လာရင်သည် နိုဝင်ဘာလလယ်ပိုင်းတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သောကြောင့် (၆)ပတ်ခန့် အနားယူရမည်ဟု သတင်းထွက်ပေါ်ခဲ့သူဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ ထင်မှတ်ထားသည်ထက် စောစီးစွာ သက်သာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် ဘယ်လာရင် ပါဝင်ကစားနိုင်ခြင်းမရှိသည့်ကာလအတွင်း ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အားနည်းချက်များရှိခဲ့သည်။
ဘယ်လာရင်သည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး စတုတ်စီးတီးနှင့်ပွဲတွင် ပါဝင်နိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။
Photos: Gettyimages


ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ ဖရန့်ဖတ် နှင့် ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ည ၂း၀၀ နာရီ)
လိုက်ပ်ဇစ်ပြီးရင် ဟော်ဖန်ဟင်မ်က ဒီရာသီ ဘွန်ဒစ်လီဂါမှာ အံ့အားသင့်ဖွယ်တွေ လုပ်ပြနေတဲ့အသင်းပါ။
ဟော်ဖန်ဟင်မ်အဖို့ ရှုံးပွဲမရှိမှတ်တမ်းဆက်ထိန်းဖို့က အဓိကပစ်မှတ်ဖြစ်လိမ့် မယ်။
တစ်ဖက်မှာ ဖရန့်ဖတ်က အိမ်ကွင်းမှာ ဘိုင်ယန်၊ ဟာသာဘာလင်တို့ကို သရေ၊ ရှော်လ်ကေး၊ လေဗာကူဆင်၊ ကိုလုံး၊ ဒေါ့မွန်တို့ကို အနိုင်ကစားထားတဲ့အသင်းပါ။
အိမ်ရှင် ရှုံးဖို့မရှိဘူး။

■ မာလာဂါ နှင့် ဂရန်နာဒါ (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
မာလာဂါ အိမ်ကွင်းကစားပုံစိတ်ချရပေမယ့် ခုနောက်ပိုင်း ဂရန်နာဒါရဲ့ရုန်းအားကလည်း အလုပ်ဖြစ်လာတာတွေ့ရတယ်။ အဝေးကွင်းမှာလည်း ဂရန်နာဒါတို့ ခံစစ်အားနဲ့ အမှတ်ရသလောက်ယူတယ်။
ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။
■ ဒီယွန်း နှင့် မာဆေးလ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
နိုင်ပွဲမရတာ (၆)ပွဲလောက်ကြာမြင့်နေပေမယ့် အိမ်ကွင်းမှာ မိုနာကိုလိုအသင်းကို သရေခံကစားခဲ့တဲ့ ဒီယွန်းရဲ့အဆိပ်ကို မေ့ထားလို့မရဘူး။
မာဆေးလ်ရဲ့ ဒီရာသီအဝေးကွင်းခြေစွမ်းကို ပြန်ကြည့်ရင် နိုင်ပွဲမရသေးဘဲ ဂိုးပေးနှုန်းလည်း များနေတယ်။
ဒီယွန်း အမှတ်ရပါလိမ့်မယ်။
■ ဘရိုက်တန် နှင့် လိဒ်စ် (မြန်မာစံတော်ချိန် ည ၂း၁၅ နာရီ)
ဘရိုက်တန်အတွက် ခက်ခဲဦးမယ့်ပွဲပါ။ လိဒ်စ်က ခြေ တက်နေသလို၊ အဝေးကွင်းမှာလည်း (၃)ပွဲဆက် အနိုင်ရထားပါတယ်။
သရေပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့ ဘရိုက်တန် ဒီပွဲမှာလည်း အမှတ်ခွဲယူရနိုင်ပါတယ်။

အီဘရာဟီမိုဗစ်လက်သစ်ဟု နာမည်ကြီးနေသည့် ဆွီဒင်ဆယ်ကျော်သက် အလက်ဇန္ဒားအိုင်ဆက်ကို ဥရောပထိပ်သီးအသင်းများ အပြိုင်လိုက်နေ

အီဘရာဟီမိုဗစ်လက်သစ်ဟု နာမည်ကြီးနေသည့် ဆွီဒင်ဆယ်ကျော်သက် အလက်ဇန္ဒားအိုင်ဆက်ကို ဥရောပထိပ်သီးအသင်းများ အပြိုင်လိုက်နေ
ဆွီဒင်ကလပ် AIK အသင်းမှ အသက်(၁၇)နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အလက်ဇန္ဒားအိုင်ဆက်ကို ဥရောပထိပ်သီးအသင်းများစွာ အပြိုင်လိုက်နေပြီး ရီးယဲလ်အသင်းက ဦးဆောင်နေကြောင်း သိရှိရသည်။
ယခုနှစ်တွင် AIK အသင်းကြီး၌ စတင်ကစားခွင့်ရခဲ့ပြီး (၂၄)ပွဲကစား၊ (၁၀)ဂိုးသွင်းယူထားသည့် အိုင်ဆက်မှာ အရပ်(၆ ပေ၊ ၃ လက်မ)မြင့်မားပြီး အီဘရာဟီမိုဗစ်နှင့် ကစားဟန်ဆင်တူသောကြောင့် အီဘရာဟီမိုဗစ်လက်သစ်ဟု တင်စားခံနေရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဆွီဒင်ယူ-၂၁ လက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံထားရသည့် အိုင်ဆက်ကို ရီးယဲလ်နှင့် ချယ်လ်ဆီးအသင်းတို့က တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ AIK အသင်းက ပယ်ချခဲ့သော်လည်း အိုင်ဆက်ကမူ အသင်းကြီးတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
၎င်းကို ခေါ်ယူလိုသည့်အသင်းများထဲတွင် ရီးယဲလ်၊ ချယ်လ်ဆီးတို့အပြင် ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊PSG ၊ ဂျူဗင်တပ်စ်တို့လည်း ပါဝင်နေပြီး အိုင်ဆက်သည် ရီးယဲလ်သို့ပြောင်းရွှေ့ရန် စိတ်အ၀င်စားဆုံးဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။
သို့သော် ရီးယဲလ်အသင်းသည် ကစားသမားခေါ်ယူမှု ပိတ်ပင်ခံထားရသည့်အတွက် အိုင်ဆက်ကို ခေါ်ယူနိုင်ခဲ့လျှင်ပင် ပြန်လည်အငှားချထားရမည်ဖြစ်ကြောင်း သိရှိရသည်။
Photos: Marca

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အညံ့ဆုံးအသင်းအဖြစ် ဒိုင်နမိုဇာဂရက်အသင်း မှတ်တမ်းဝင်

■ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အညံ့ဆုံးအသင်းအဖြစ် ဒိုင်နမိုဇာဂရက်အသင်း မှတ်တမ်းဝင်

ပြီးခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပွဲစဉ်(၆)ပွဲစလုံး ရှုံးနိမ့်ကာ အုပ်စုမှထွက်ခဲ့ရသော ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အညံ့ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

ဒိုင်နမိုဇာဂရက်အသင်းသည် ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ လိုင်ယွန်တို့နှင့်အတူ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ပွဲတိုင်းရှုံးနိမ့်ခဲ့ရုံသာမက သွင်းဂိုးလည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှုမှာလည်း (၈)ကြိမ်သာရှိခဲ့ပြီး ပေးဂိုး(၁၅)ဂိုး ရှိခဲ့သည့်အတွက် အညံ့ဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၀၉-၁၀ ရာသီက မက္ကာဘီဟိုင်ဖာအသင်းမှာ  ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သော်လည်း ပေးဂိုး(၈)ဂိုးသာရှိခဲ့သည့်အတွက် ဒိုင်နမိုဇာဂရက်အသင်းက အညံ့ဆုံးနေရာကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

Photos: Dailymail

Wednesday, December 7, 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ လေဗာကူဆင် နှင့် မိုနာကို
လေဗာကူဆင်က အုပ်စုဒုတိယနေရာသေချာသွားပြီ၊ မိုနာကိုက အုပ်စုဗိုလ်နေရာသေချာသွားပြီ။
ရှောင်ကစား၊ ထိန်းကစားဖို့ကလွဲပြီး အခြားရည်မှန်းချက်မရှိနိုင်တော့ဘူး။ ဂုဏ်သိက္ခာပိုင်းကို ထည့်စဉ်းစားနေရမယ့် ပြိုင်ဘက်တွေလည်း မဟုတ်ပါဘူး။
ဒီပွဲက ကစားသမားအင်အားချွေတာပြီးကစားလိမ့်မယ်။
သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်။
■ စပါး နှင့် CSKA မော်စကို
ပွဲစဉ် (၅)တုန်းက ရလဒ်တွေကြောင့် စပါးက ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေးအိပ်မက် ကုန်ဆုံးသွားသလို၊ CSKA မော်စကိုကလည်း ချန်ပီယံလိဂ်အိပ်မက် နိဂုံးချုပ်သွားတယ်။
ဒီပွဲက ယူရိုပါလိဂ်မျှော်လင့်ချက်အတွက် ကစားရမှာပါ။
CSKA က အိမ်ကွင်းမှာတုန်းက (၀-၁)ဂိုးနဲ့ ရှုံးထားလို့ ဂိုးပြတ်အနိုင် ကစားရမယ်။
ဒါပေမဲ့ စပါး ဂိုးပြတ်သွင်းမှာပါ။ ခြေကွာတယ်။
■ ရီးယဲလ် နှင့် ဒေါ့မွန်
ရီးယဲလ်မက်ဒရစ်က အုပ်စုဗိုလ်နေရာကို လိုချင်ရင် ဒီပွဲကို မဖြစ်မနေအနိုင်ကစားရလိမ့်မယ်။
ပထမအကျော့ ဒေါ့မွန်ကွင်းမှာတုန်းကတော့ ဒေါ့မွန်ရဲ့ ခြေစွမ်းပိုင်းက အပြတ်အသတ်သာခဲ့ပြီး ရီးယဲလ်မယှဉ်နိုင်ခဲ့ဘူး။
လက်ရှိ ရီးယဲလ်ကတော့ အကောင်းဆုံးပုံစံ ပြန်ရနေတယ်။ မိုဒရစ် ပြန်ပါလာပြီးကတည်းက ခြေစွမ်းပိုင်း တည်ငြိမ်လာခဲ့တယ်။ အစဉ်အလာပိုင်းအရဆိုရင် မက်ဒရစ်မှာ ကစားခဲ့တဲ့ နောက်ဆုံး (၅)ပွဲမှာ ရီးယဲလ်က ရှုံးပွဲမရှိခဲ့ဘူး။
၂၀၁၃-၁၄ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့တုန်းကလည်း ရီးယဲလ်က အိမ်ကွင်းရလဒ်ကြောင့် နှစ်ကျော့ပေါင်း (၃-၂)ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့တယ်။
ဒီရာသီခြေစွမ်းအရဆိုရင် ဒေါ့မွန်က အုပ်စုတွင်းမှာ (၁၉)ဂိုးတောင်သွင်းနိုင်ခဲ့တယ်။
ချန်ပီယံလိဂ်သမိုင်းမှာ အုပ်စုပွဲစဉ်တွေအတွက် အများဆုံး စံချိန်တင်ထားတာက ဂိုး(၂၀)ဖြစ်ပြီး ဒီပွဲမှာ ဒေါ့မွန်က ဒီစံချိန်ကို အနည်းဆုံးအမီလိုက်နိုင်လိမ့်မယ်။
ရီးယဲလ်ရဲ့ ကစားပုံရော၊ ခံစစ်ရောကောင်းပေမယ့် ဒေါ့မွန်တိုက်စစ်က ဂိုးသွင်းနိုင်မှာ သေချာတယ်။
ရီးယဲလ်ကလည်း မဖြစ်မနေအနိုင်ကစားရမယ့် ပွဲဖြစ်နေတဲ့အပြင်၊ လက်ရှိခြေစွမ်းနဲ့ အစဉ်အလာပိုင်းကြောင့် အနိုင်ရလိမ့်မယ်။
(၂-၁)၊ (၃-၂)ရလဒ်တွေကြိုက်တယ်။
■ လီဂီယာဝါဆော နှင့် စပို့တင်းလစ္စဘွန်း
လီဂီယာဝါဆောရဲ့ တိုက်စစ်က အရှိန်ရနေတယ်။
နောက်ဆုံး (၅)ပွဲမှာ (၁၈)ဂိုးရထားတယ်။
ဒေါ့မွန်နဲ့ အဝေးကွင်းပွဲမှာ ဂိုးပြတ်ရှုံးပေမယ့် (၄)ဂိုပြန်သွင်းနိုင်ခဲ့တယ်။ ဒီလိုတိုက်စစ်က ဒီပွဲကြမှ ဂိုပေါက်ပျောက်သွားစရာမရှိဘူး။
ဒီပွဲနိုင်ရင် ယူရိုပါလိဂ်ဝင်ခွင့်ရသွားမယ့် အခွင့်အရေးလည်း ရှိနေတယ်။ လီဂီယာဝါဆောကိုပဲ ကြိုက်တယ်။
■ ကလပ်ဘရုဂေး နှင့် FC ကိုပင်ဟေဂင်
အုပ်စုတွင်းမှာ (၅)ပွဲစလုံး ရှုံးထားတဲ့ ဘရုဂေးက ဒီပွဲကျမှ အမှတ်ထယူမယ့်မျှော်လင့်ချက် မရှိလောက်တော့ပါဘူး။
ခြေစွမ်းအရ စဉ်းစားရင်လည်း FC ကိုပင်ဟေဂင်ကို ယှဉ်မကစားနိုင် တာ သေချာတယ်။
လက်စတာကွင်းမှာ၊ ပေါ်တိုကွင်းမှာ ကစားခဲ့တဲ့ ကိုပင်ဟေဂင်ရဲ့အဝေးကွင်းခြေစွမ်းက ဘရုဂေးကို ကြောက်စရာမရှိဘူး။
FC ကိုပင်ဟေဂင် နိုင်လိမ့်မယ်။
■ ပေါ်တို နှင့် လက်စတာ
ပေါ်တိုက ဒီပွဲကို မဖြစ်မနေအနိုင်ကစားရမယ့် အခြေအနေမှာ ရှိတယ်။
နိုင်ရင် ရှုံးထွက်တက်ပြီ။ သရေဆိုရင်တော့ ကိုပင်ဟေဂင်က ဘရုဂေးကိုအနိုင်ရခဲ့ရင် ကျော်တက်သွားလိမ့်မယ်။ အင်္ဂလန်အသင်းတွေရဲ့အစဉ်အလာအရဆိုရင် ဒီလိုပွဲတွေကို အလျှော့မပေးတတ်ဘူး။
ဒါပေမဲ့ လက်စတာက ပြည်တွင်းကို ပိုအာရုံစိုက်ရတော့မယ်။
ပေါ်တို နိုင်ပါလိမ့်မယ်။
■ လိုင်ယွန် နှင့် ဆီဗီလာ
ဆီဗီလာက အိမ်ကွင်းမှာ ယက်ဒါရဲ့ဂိုးနဲ့ အနိုင်ရခဲ့တယ်။
ဒီပွဲမှာလည်း လိုင်ယွန်က မျှော်လင့်ချက်နည်းနေပြီဆိုပေမယ့်
နှစ်ဂိုးပြတ်နဲ့အထက် အနိုင်ရခဲ့ရင် ဆီဗီလာကို ကျော်သွားလိမ့်မယ်။ ဒါကြောင့် တိုက်စစ်ဖွင့်ကစားမှာပဲ။
ဒါပေမဲ့ ဆီဗီလာသရေရလဒ်ကို ထိန်းကစားနိုင်ပါလိမ့်မယ်။
■ ဂျူဗင်တပ်စ် နှင့် ဒိုင်နမိုဇာဂရက်
ဂျူဗင်တပ်စ်က ရှုံးထွက်တက်သွားပြီဆိုပေမယ့် အုပ်စု ဗိုလ်နေရာသေချာဖို့ နိုင်ပွဲရဖို့လိုတယ်။
သရေဆိုရင် ဆီဗီလာက လိုင်ယွန်ကိုနိုင်ခဲ့ရင် ပြန်ကျော်တက်သွားလိမ့်မယ်။
ပြည်တွင်းလိဂ်မှာလည်း ဂျူဗင်တပ်စ်က သက်သောင့်သက်သာအနေအထားမှာရှိနေတယ်။
ဒီပွဲကို အပြည့်အ၀အာရုံစိုက်ပြီး ဂိုးပြတ်အနိုင်ကစားလိမ့်မယ်။

၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် စီရော်နယ်လ်ဒိုကို ရွေးချယ်ထားပြီးဖြစ်သည်ဟု စပိန်သတင်းစာဖော်ပြ

၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် စီရော်နယ်လ်ဒိုကို ရွေးချယ်ထားပြီးဖြစ်သည်ဟု စပိန်သတင်းစာဖော်ပြ
ဘာစီလိုနာမြို့အခြေစိုက် စပိန်သတင်းစာ Mundo Deportivo က ၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရွေးချယ်ထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
၂၀၁၆ ရွှေဘောလုံးဆု(Ballon d'Or)ကို လာမည့်တနင်္လာနေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားမတိုင်မီ သတင်းကြိုထွက်လာခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့သည့်အတွက် ရွှေဘောလုံးဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ပြိုင်ဘက်ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ထောက်ခံသူများလည်း အများအပြားရှိနေသည်။
Mundo Deportivo သတင်းစာမှ ဂျာနယ်လစ် အဂွီလာက ရွှေဘောလုံးဆုကို ကမကထပြုပြီး ချီးမြှင့်ပေးနေသည့် ပြင်သစ်သတင်းစာသည် စီရော်နယ်လ်ဒိုကို ရွှေဘောလုံးဆုရှင်အဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ယခုကြာသပတေးနေ့တွင် မက်ဒရစ်သို့လာရောက်ကာ စီရော်နယ်လ်ဒိုနှင့် အင်တာဗျူးပြုလုပ်ရန်ပင် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Photos: Gettyimages

ပေါ်တိုနှင့်ပွဲတွင် လက်စတာအသင်း၌ ဗာဒီ၊ မာရက်ဇ်၊ ဆလီမန်နီနှင့် ရောဘတ်ဟုသ်တို့ ပါဝင်မည်မဟုတ်

ပေါ်တိုနှင့်ပွဲတွင် လက်စတာအသင်း၌ ဗာဒီ၊ မာရက်ဇ်၊ ဆလီမန်နီနှင့် ရောဘတ်ဟုသ်တို့ ပါဝင်မည်မဟုတ်
လက်စတာနည်းပြ ရာနီရေးသည် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အဓိကကစားသမားများကို ချန်လှပ်ပြီး အရံကစားသမားများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရာနီရေးရီသည် ဗာဒီ၊ မာရက်ဇ်၊ ဆလီမန်နီ၊ ရောဘတ်ဟုသ်နှင့် အန်ဒီကင်းတို့ကို ပေါ်တူဂီသို့ပင် ခေါ်ဆောင်သွားခြင်းမရှိဘဲ အင်္ဂလန်တွင် ချန်ထားခဲ့ကြောင်းလည်း သိရှိရသည်။
ရာနီရေးရီက လက်စတာအသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် အမာခံကစားသမားများကို အနားပေးခဲ့ခြင်းဖြစ်ပြီး မန်စီးတီးနှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရလဒ်ကောင်းရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း ၀န်ခံခဲ့သည်။
Photos: Gettyimages

Saturday, December 3, 2016

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဘုန်းမောက် - လီဗာပူးလ် (၄-၁၂-၂၀၁၆ ည ၈း၀၀)
တိုက်စစ်ကို လွတ်လွတ်လပ်လပ်ကစားတတ်တဲ့အသင်း နှစ်သင်းရဲ့ ပွဲပါ။ ဒီလိုပွဲမျိုးမှာ တိုက်စစ်ပိုကောင်းတဲ့အသင်းက နိုင်မှာပဲ။
အိမ်ကွင်းအဝေးကွင်းတောင် သိပ်အရေးမပါလောက်ဘူး။
ပြောရရင် လီဗာပူးလ်နဲ့ ကလော့ပ်ကြိုက်တဲ့ ပွဲစဉ်မျိုးပါ။
မန် စီးတီး-ချယ်လ်ဆီးဆုံတွေ့နေချိန်မှာ လီဗာပူးလ်အနိုင်ကစားမယ်။

■ အဲဗာတန် - မန်ယူ (၄-၁၂-၂၀၁၆ ည ၁၀း၃၀)
နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်း၊
စိတ်ဓာတ်က အားရစရာမရှိဘူး။
နောက်ဆုံး (၅)ပွဲကို ပြန်ကြည့်ရင်လည်း ရှုံးပွဲ၊ နိုင်ပွဲ၊ နိုင်ပွဲပျောက်(၃)ပွဲဆိုတဲ့ rythm က အကျဘက်ကိုပြတယ်။
ဒီအနေအထားက လုံးဝကျဆင်းနေမှုကို ပြတယ်။
အဲဗာတန်ဟာ ယာယီ ကြုံတွေ့နေရတဲ့ အခက်အခဲမဟုတ်ဘဲ
တကယ်ကို ကျဆင်းလာတာကိုတွေ့ရတယ်။
ရလဒ်ကောင်းချင်ရင် ဘာကလေကို ရဲရဲထုတ်ပယ်လိုက်တော့လို့ ပြောရလောက်အောင်
ဘာကလေရဲ့ ခြေစွမ်းက ချာတူးလန် နေတယ်။
အဲဗာတန်ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြသူမရှိတဲ့အနေအထားမှာ
မန်ယူရဲ့ ကွင်းလယ်ကျတော့ အရမ်းအားကောင်း နေတယ်။
တစ်သင်းလုံးမှာ ဂိုး၊ နောက်၊ ရှေ့က စိတ်ချလို့မရပေမယ့် ကွင်းလယ်လူတွေက ပုံစံကောင်းပြနေကြတယ်။ ပေါ့ဘာ ကောင်းလာတယ်။
ကာရစ်က ဒီပွဲပြန်ကစားဖို့များတယ်။ ဟာရဲရား၊ မာတာနဲ့ ရွန်နီတောင် ခြေပြန်တက်လာတာကိုတွေ့ရတယ်။
အစဉ်အလာအားဖြင့်တော့ အဲဗာတန်ကွင်းမှာ
နောက်ဆုံးကစားခဲ့တဲ့ ပွဲရလဒ်ကောင်းခဲ့တာကလွဲရင် ပြီးခဲ့တဲ့ (၃)ရာသီဆက် တိုက် ရှုံးပွဲတွေ့ခဲ့တယ်။
ဒီနှစ်တော့ မန်ယူ နိုင်ပွဲရလိမ့်မယ်။

အီတီဟတ်မှာ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လိုက်တဲ့ ချယ်လ်ဆီး

■ အီတီဟတ်မှာ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လိုက်တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) စနေည အစောဆုံး ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ချယ်လ်ဆီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ချယ်လ်ဆီး အသင်းက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးက ချယ်လ်ဆီးလိုပဲ ၃-၄-၃ ဆန်ဆန် ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အဂွဲရိုး၊ ဒီဘရိုင်း၊ ဒေးဗစ်ဆေးလ်ဗား၊ ကွင်းလယ်မှာ ဆာနေး၊ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ နာဗတ်စ်၊ နောက်တန်းမှာ ကိုလာရော့ဗ်၊ စတုန်းစ်၊ အော်တာမန်ဒီတို့ ကစားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ၃-၄-၃ ရဲ့ ပုံမှန် ပွဲထွက် ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ကွင်းလယ်မှာ မာတစ်အစား ဖာဘရီဂတ်စ် ကစားတာပဲ အပြောင်းအလဲ ရှိခဲ့ပါတယ်။

မန်စီးတီးက ကစားကွက်အသာနဲ့ ချယ်လ်ဆီးကို ဖိအားပေး ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အကြိမ်ကြိမ် ရခဲ့ပေမယ့် အဂွဲရိုး၊ ဒီဘရိုင်းတို့ အဆုံးသတ် မသေချာတာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ မန်စီးတီးအသင်းရဲ့ ဖြတ်တင်ဘောကို ချယ်လ်ဆီး နောက်ခံလူ ကာဟေးလ် ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် မန်စီးတီး (၁-၀)ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အဂွဲရိုး၊ ဒီဘရိုင်းတို့ နေရာလွတ်တွေ အများအပြား ရခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ (၅၇)မိနစ်မှာ ဒီဘရိုင်းရဲ့ အနီးကပ်ကန်ချက် ဘားတန်းထိ ထွက်ခဲ့တာကြောင့် မန်စီးတီး (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

မိနစ်(၆၀)မှာတော့ ကွင်းလယ်လူ ဖာဘရီဂတ်စ် ကွင်းလယ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဒီယေဂိုကော်စတာက ထိန်းယူပြီး မန်စီးတီး နောက်ခံလူ အော်တာမန်ဒီ ကပ်ထားတဲ့ ကြားထဲက ရုန်းထွက်ကာ အပိုင်ကန်သွင်းခဲ့ပါတယ်။

ချေပဂိုးရပြီး နောက်(၁၀)မိနစ်အကြာ ပွဲချိန်(၇၀)မိနစ်မှာ တန်ပြန်တိုက်စစ်က တစ်ဆင့် ဒီယေဂိုကော်စတာ ဖန်တီးပေးတဲ့ ဘောလုံးကို ပတ်ဒရိုအစား လူစားဝင်လာတဲ့ ၀ီလီယံက ထောင့်ဖြတ် ကန်သွင်းပြီး ချယ်လ်ဆီး ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချေပဂိုးရဖို့ ပြန်လည် တိုက်စစ်ဆင်လာပေမယ့် ချယ်လ်ဆီးကပဲ တန်ပြန်တိုက်စစ်က တစ်ဆင့် နောက်တစ်ဂိုး ထပ်သွင်းသွားပါတယ်။ ပွဲချိန်မိနစ်(၉၀)မှာ ဟာဇက်က သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပိုမှာတော့ ဒေးဗစ်လူးဝစ်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းတဲ့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရသလို၊ နှစ်သင်း ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဖာဘရီဂတ်စ်ကို ရန်ရှာခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုလည်း တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ချယ်လ်ဆီး အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး မန်စီးတီး အသင်းရဲ့အိမ်ကွင်း အီတီဟတ်မှာ ဂိုးပြတ် အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လိုက်တာပါ။

■ ပွဲရလဒ်
မန်စီးတီး ၁-၃ ချယ်လ်ဆီး

Photos: DailyMail, ESPN

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ မန်စီးတီး နှင့် ချယ်လ်ဆီး (စနေည ၇း၀၀ နာရီ)

မန်စီးတီးကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ရလဒ်ပိုင်းကိုပြန်ကြည့်မယ်၊ မန်စီးတီးကွင်းမှာ ချယ်လ်ဆီးအသင်း ကြုံတွေ့ခဲ့ရ တဲ့ ရလဒ်တွေ ပြန်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးဟာ မန်စီးတီးရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေတာကိုတွေ့ရတယ်။ ဒီနှစ်သင်း ရင်ဆိုင်တွေ့ခဲ့တဲ့ပွဲတွေမှာ မန်စီးတီးက စိတ်ပိုင်းဆိုင်ရာ အသာစီးအနေအထားမှာရှိတယ်။ ဒါပေမဲ့ ဒီနှစ် ချယ်လ်ဆီးက အစဉ် အလာဟောင်းတွေနဲ့ ခွဲထွက်နေတဲ့အသင်းဖြစ်တယ်။ အသင်းသစ်၊ စိတ်သစ်၊ ဦးစားပေးကစားသမားသစ်တွေနဲ့ တည်ဆောက် ထားတယ်။ အသင်းတိုင်းကို ကွင်းမရွေး ဒုက္ခပေးနိုင်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်မျိုးတွေ့ရတယ်။ ဒီနှစ်ဆိုတာထက် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ပွဲတွေအပြီး (၃-၄-၃)အထိုင်သစ်နဲ့အသင်းကို ဆိုလိုတယ်။ မန်စီးတီးကတော့ နောက်ပိုင်းပွဲတွေမှာ ကစား သမားတွေပွဲပန်း၊ စိတ်ပန်းဖြစ်နေပုံရပြီး ရလဒ်ပိုင်းရော၊ ခြေစွမ်းပါကျဆင်းနေတယ်။ တိုက်စစ်ပိုင်းက ဂွါဒီယိုလာ လိုချင်တဲ့ ပုံစံ နဲ့ တဖြည်းဖြည်း ဝေးလာပြီး၊ တိုက်စစ်ကျဆင်းမှုကြောင့် နဂိုအမှားများတဲ့ မန်စီးတီးခံစစ်ကိုပါ သွားပြီးထိခိုက်နေတယ်။
လက်ရှိ အခြေအနေမှာ စိတ်ဓာတ်၊ ခြေစွမ်း၊ ရလဒ် အဖက်ဖက်က သာနေတဲ့ ချယ်လ်ဆီးကို ပိုကြိုက်တယ်။

■ ခရစ္စတယ်ပဲလေ့စ် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ခံစစ်ပိုင်း အရမ်းကွာတယ်။ စုစည်းမှုနဲ့ကျစ်လျစ်မှု ကွာ တယ်။   ဆောက်သမ်တန်က အရမ်းကောင်းမနေပေမယ့် ပဲလေ့စ် က အရမ်းညံ့နေတယ်။ ဒီလူစာရင်းနဲ့တန်းမဆင်းပါဘူးလို့ ပြော လို့မရဘူး။ စိတ်ဓာတ်ပျက်ရင် နယူးကာဆယ်လိုဖြစ်လိမ့်မယ်။ ဆောက်သမ်တန်ပဲ ကြိုက်တယ်။

■ စတုတ်စီးတီး နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

ဘုန်းမောက်နဲ့ ပွဲမှာ မထင်မှတ်ဘဲ ရှုံးခဲ့တာကလွဲရင် စတုတ် စီးတီး ပုံစံကောင်းပြနေတယ်။ အသင်းလိုက်ခြေစွမ်းနဲ့ စိတ်ဓာတ် တက်နေပြီး ကစားသမားအင်အားလည်း ပြန်စုံနေပြီ။ ဘန်လေ က အဲဗာတန်၊ မန်ယူ၊ ပဲလေ့စ်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ ကစားပုံ ကောင်းပါတယ်။ စတုတ်နိုင်မယ်။ ခက်ခဲလိမ့်မယ်။

■ ဆန်းဒါးလန်း နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)

ဆန်းဒါးလန်းရဲ့ လက်ရှိခြေစွမ်းက လက်စတာထက် ပို ကောင်းတယ်။ လီဗာပူးလ်ကို ရှုံးခဲ့တဲ့ ပွဲမှာလည်း အချိန်အတိုင်းအ အတာတစ်ခုအထိ တောင့်ခံနိုင်ခဲ့တယ်။ ပြီးတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးတဲ့ပွဲနောက်ပိုင်း ပုံစံကောင်းပြခဲ့တယ်။ ဆန်း ဒါးလန်းကိုပဲ ကြိုက်တယ်။

■ စပါး နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)

စပါးရဲ့ self-destruct (စိတ်ပိုင်းယိုယွင်းမှု)ကို ချယ်လ်ဆီး နဲ့ ပွဲမှာ တွေ့ရတယ်။ ၀က်စ်ဟမ်းနဲ့ ပွဲမှာ နိုင်ခဲ့တာကလွဲရင်စပါးက အကျပိုင်းရောက်နေတဲ့ sign တွေကိုမြင်နေရတယ်။ ဆွမ်ဆီးက လည်း နောက်ဆုံးပွဲမှာ shock လို့ ပြောရမယ့် နိုင်ပွဲကလွဲရင်အား ရစရာမရှိပါဘူး။ စပါး သေချာပေါက်နိုင်လိမ့်မယ်။

■ ၀က်စ်ဘရွန်း နှင့် ၀က်ဖို့ဒ်(စနေည ၉း၃၀ နာရီ)

လီဗာပူးလ်ကို (၁-၆)ဂိုးနဲ့ ရှုံးပြီးကတည်းက ၀က်ဖို့ဒ်အ တွက် ပထမဆုံးအဝေးကွင်းပွဲစဉ်ပါ။ လက်ရှိခြေစွမ်းက မဆိုးဘူး။ အသင်းလိုက်ကစားပုံလည်း ကောင်းတယ်။ ဒါပေမဲ့ အဝေးကွင်း မှာ သိပ်အလုပ်မဖြစ်ဘူး။ ၀က်စ်ဘရွန်းက အိမ်ကွင်းကောင်းတယ်။ ခံစစ်မာတယ်။ ၀က်စ်ဘရွန်းပဲ ကြိုက်တယ်။

■ ၀က်စ်ဟမ်း နှင့် အာဆင်နယ်(စနေည ၁၂း၀၀ နာရီ)

ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက ဘာ မှ အားရစရာသိပ်မရှိပါဘူး။ ၀က်စ်ဟမ်းရဲ့ ခံစစ်က မယုံကြည်ရဘူး။ မသင့်တော်တဲ့ သုံးယောက်တန်းခံစစ်ကို ဇွတ်အတင်းတည်ဆောက် ယူနေရင်း  အခြေအနေက တည်မရဘူး။ အာဆင်နယ်အတွက် ၀က်စ်ဟမ်းက သိပ်မခက်ပါဘူး။ အနိုင်သေချာပါတယ်။