■  ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ အကြိုသုံးသပ်ချက်
=======================
■  ဘာစီလိုနာ - ဂျူဗင်တပ်စ် (၂၀-၄-၂၀၁၇ နံနက် ၁း၁၅)
ပထမအကျော့မှာ ကစားသွားတဲ့ ခြေစွမ်း၊ ထွက်ပေါ် ခဲ့တဲ့ ရလဒ်ပိုင်းကတော့ မယုံနိုင်စရာပဲ။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ အဆင့်မှာလည်း PSG ကို အဝေးကွင်းမှာ (၄)ဂိုးပြတ်ရှုံးပြီးမှ 
ဒုတိယအကျော့မှာ (၆-၁)ဂိုးနဲ့ ပြန်နိုင်ပြီး နောက်တစ်ဆင့်တက် နိုင်ခဲ့တဲ့အစဉ်အလာရှိတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကို ဒီလိုပြန်ကစားနိုင်ဖို့ဆိုတာတော့ မလွယ်ကူလှဘူး။ နောက်တစ်ချက်က PSG နဲ့ နောက်တစ်ကြိမ်ထပ်ကစားလို့ ဒီရလဒ်မထွက်နိုင်တော့သလို၊ အခု ဂျူဗင်တပ်စ်ကိုလည်း (၄)ဂိုးပြတ်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီဘားလားနဲ့ ဟီဂွါအင်တိုက်စစ်အတွဲကလည်း ဘာစီလိုနာ ခံစစ်ကို အချိန်မရွေးဒုက္ခပေးနိုင်တယ်။ ဘာစီလိုနာအတွက်  အရေးကြီးနေတာက PSG အတွဲက အကောင်းဆုံးပုံစံပြနိုင်ဖို့ပဲ။ အကောင်းဆုံးပုံစံရရင်တောင် ပြန်ကျော်ဖြတ်နိုင်ဖို့တော့မလွယ် ပါဘူး။ ဘာစီလိုနာ (၂-၁)လောက်ပဲ ကြိုက်တယ်။ 
ပွဲကြိုအချက်အလက်များ
-----------------
■ ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၄)ပွဲဆက်အနိုင်ရရှိထားပြီး ခံစစ်ပိုင်းမှာလည်း ဂိုးမပေးရသည့်ပွဲ (၃)ပွဲအထိရှိခဲ့သည်။
■ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ပွဲ (၂၀)တွင် (၁)ပွဲသာသရေကျထားပြီး (၁၉)ပြီးအထိအနိုင်ရထားသည်။
■ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် တစ်ပွဲပျမ်းမျှ (၄.၆)ဂိုးအထိသွင်းယူနိုင်ခဲ့သည်။
Photos: AFP
 
No comments:
Post a Comment