Sunday, April 16, 2017

PFA အကောင်းဆုံးဆုလျာထားစာရင်းတွင် ဒယ်လီအယ်လီ မပါဝင်ခြင်းကို လမ်းပတ် ဝေဖန်

■  PFA အကောင်းဆုံးဆုလျာထားစာရင်းတွင်  ဒယ်လီအယ်လီ မပါဝင်ခြင်းကို လမ်းပတ် ဝေဖန်
================================

        ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့ချုပ်(PFA) ၏ အကောင်းဆုံးဘောလုံး သမားဆု(PFA Player's player of the year) လျာထားစာရင်းတွင် စပါးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီအယ်လီပါဝင် ခြင်းမရှိရာ အင်္ဂလန်ကွင်းလယ်လူဟောင်း လမ်းပတ်က ၎င်းကို မရွေးချယ်ခဲ့ခြင်းအတွက် ပြစ်တင်ဝေဖန်ပြောကြားခဲ့သည်။

ဒယ်လီအယ်လီ(၂၁နှစ်)သည် ယခုရာသီ စပါးအသင်းတွင် ခြေစွမ်းပြကစားလျက်ရှိသူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၁၆)ဂိုးအပါအ၀င် ပြိုင်ပွဲစုံ(၁၉)ဂိုးသွင်းယူ ပေးထားသည်။ သူ့အား PFA ၏ အကောင်းဆုံး ဘောလုံး သမားဆု(PFA Player's player of the year) လျာထားစာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်းမရှိသော်လည်း လူငယ်ကစားသမားများအတွက်ချီးမြှင့်သည့် အကောင်းဆုံးလူငယ်ဘောလုံးသမားဆု(PFA Young Player of the Year) လျာထားစာရင်းတွင်မူ ရွေးချယ်ထားကြောင်း သိရှိရသည်။ ဒယ်လီအယ်လီသည် ပြီးခဲ့သည့်ရာသီက ယင်းအ ကောင်းဆုံးလူငယ်ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့သူလည်းဖြစ်သည်။

ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်း ပတ်က PFA အကောင်းဆုံးဘောလုံးသမားဆု(လူကြီး)လျာထားစာရင်းတွင် ဒယ်လီအယ်လီကိုချန်လှပ်ခဲ့ခြင်းအတွက် အလွန်အံ့အားသင့်မိကြောင်း၊ မဲပေးမှုစနစ်အရ ရွေးချယ်ခြင်း ဖြစ်သော်လည်း မဲပိတ်သိမ်းချိန်မှာ အလွန် စောလွန်းကြောင်း၊ အမှန်တကယ်ဆိုလျှင် ဒယ်လီအယ်လီမှာ လက်ရှိအချိန်တွင် ရုန်းကန်နေရသည့် အာဆင်နယ်အသင်းမှ ဆန်းချက်ဇ်၏နေရာတွင် ပါဝင်သင့်ကြောင်း အရိပ် အမြွက်ပြောကြားသွားခဲ့သည်။

       Match of the day အစီအစဉ်တွင် လမ်းပတ်က " ဒယ်လီအယ်လီ ဟာ အကောင်းဆုံးဆုလျာထားစာရင်းမှာ ပါဝင်သင့်တာ အမှန်ပါပဲ။ မဲပေးတဲ့အစီအစဉ်က စောလွန်းနေတယ်လို့ ထင်ပါတယ်။ လျာထား(၆)ဦးစာရင်းကိုကြည့်မယ်ဆိုရင် လက်ရှိအချိန်မှာ အနုတ်လက္ခဏာပြနေတဲ့ အာဆင်နယ်အသင်းက ဆန်းချက်ဇ်လိုကစားသမားမျိုးကို တွေ့ရမှာပါ။ ဒီရာသီမှာ သူ့အသင်းရဲ့အခြေအနေက တဖြည်းဖြည်းမှေးမှိန်လာတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော့်အ မြင်အရတော့ ပထမရာသီဝက်မှာ ဒယ်လီအယ်လီ ထင်သလောက် ခြေစွမ်းမပြခဲ့တာ ကြောင့်လို့ ထင်ပါတယ်။ ဒါကြောင့် မဲပိတ်ချိန် မှာ သူမဲသိပ်မရခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

Photos: BBC,The Sun

No comments:

Post a Comment