Saturday, April 15, 2017

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

■ ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်
---------------
■ လီဟာနက်စ် - အက်စ်ပန်ညို (၁၆-၄-၂၀၁၇ ညနေ ၄း၃၀)

      လီဟာနက်စ်ရဲ့ အိမ်ကွင်းကစားပုံက မဆိုးဘူးလို့ပြောနိုင် တယ်။ တန်းဆင်းဇုန်ကရုန်းနေတဲ့အချိန်ဖြစ်လို့လည်း လီဟာ နက်စ်ပိုအားထုတ်နိုင်တယ်။ အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။

■ ဗလင်စီယာ - ဆီဗီလာ (၁၆-၄-၂၀၁၇ ည ၈း၄၅)

      ဗလင်စီယာအိမ်ကွင်းမှာ ခြေစွမ်းပြန်ပြနေလို့ အခုတလော ခြေစွမ်းပျောက်နေတဲ့ ဆီဗီလာအတွက် စိုးရိမ်စရာပါပဲ။ ဒီပွဲသာ ထပ်ရှုံးရင် ဆီဗီလာအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိ အားများသွားမယ်။ ဒါကြောင့် ဆီဗီလာအတွက် အရေးကြီးတဲ့ပွဲပါ။ စောင့်ကြည့်ရမှာက ဗလင်စီယာတိုက်စစ်ကို ဆီဗီလာဘယ်လို ထိန်းချုပ်မလဲဆိုတာပါပဲ။ ဂိုးနည်းသရေပွဲပဲမှန်းထားချင်တယ်။

■ ဘက်တစ် - အီဘာ(၁၆-၄-၂၀၁၇ ည ၁၁း၀၀)

       လက်ရှိဘက်တစ်ရဲ့ ခြေစွမ်း၊ ကစားအားနဲ့ဆိုရင်တော့ အီဘာကိုထိန်းကစားနိုင်ဖို့ခက်မယ်ထင်တယ်။ အီဘာကကွင်း မရွေးအစွမ်းပြတဲ့အသင်းပါ။ အီဘာအတွက် ယူရိုပါလိဂ်မျှော် လင့်ချက်လည်းအားကောင်းနေလို့အီဘာနဲ့ ဂိုးအများပါပဲ။

■ ဂရန်နာဒါ - ဆယ်လ်တာဗီဂို(၁၇-၄-၂၀၁၇ နံနက် ၁း၁၅)

        ဆယ်လ်တာဗီဂိုအတွက်က အခုအချိန်မှာ လာလီဂါကို အာရုံစိုက်ရမယ့်အချိန်မဟုတ်ပါဘူး။ ယူရိုပါလိဂ်ကို အာရုံစိုက် ပြီး လာလီဂါအတွက် ကြိုးပမ်းရမယ့်အချိန်ဖြစ်နေတယ်။ ဒါ ကြောင့်ဒီပွဲမှာတော့ ဆယ်လ်တာဗီဂို အားကုန်မထုတ်ဖို့ကသေ ချာနေပြီး ကစားကွက်အပြောင်းအလဲလည်း ဖြစ်လာနိုင်တယ်။ ဒီအချိန်မှာ ဂရန်နာဒါကအိမ်ကွင်းအားနဲ့ တန်းဆင်းဇုန်ကနေ အလွတ်ရုန်းနေတယ်။ ဂရန်နာဒါနဲ့ ဂိုးအများပဲဦးစားပေးလိုက်တယ်။

No comments:

Post a Comment