Saturday, April 15, 2017

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
----------------------------------
■ ၀က်စ်ဘရွန်း - လီဗာပူးလ် (၁၆-၄-၂၀၁၇ ည ၇း၀၀)

        လီဗာပူးလ်က မာနေ မရှိတာနဲ့ ရလဒ်ပိုင်း စပြီးကျဆင်းတယ်။ အော်ရီဂီက အားကိုးရတဲ့ကစားသမားတစ်ဦး၊ ဂိုးတွေလည်း သွင်းနိုင်တယ်ဆိုပေမယ့် မာနေရဲ့အကျိုးပြုနိုင်စွမ်းနဲ့ တော်တော်ကွာတယ်။ နောက်တစ်ချက်က ၀က်စ်ဘရွန်းက ခံစစ်မာပြီး
လီဗာပူးလ်အားနည်းတဲ့ Set Pieces တွေကို အသုံးချနိုင်စွမ်းမြင့်တယ်။ ဒါကြောင့် လီဗာပူးလ် ခက်ခက်ခဲခဲကစားရလိမ့်မယ်။ ၀က်စ်ဘရွန်းကို ကြိုက်တယ်။

■ မန်ယူ - ချယ်လ်ဆီး (၁၆-၄-၂၀၁၇ ည ၉း၃၀)

       ဒီရာသီမှာ မန်ယူက ချယ်လ်ဆီးနဲ့ (၂)ကြိမ်တွေ့ပြီး၊ နှစ်ကြိမ်စလုံး ရှုံးထားတယ်။ နှစ်ပွဲစလုံးက ချယ်လ်ဆီးကွင်းမှာ ကစား ခဲ့ရတာ။ ပထမပွဲတုန်းက ပရီမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး ဂိုးပြတ်ခြေပြတ်ပဲ။ ဒုတိယပွဲကတော့ FA ဖလားပွဲဖြစ်ပြီး မန်ယူ ပုံစံကောင်း ပြနိုင်ခဲ့တယ်။ ခြေရည်တူ ကစားနိုင်ခဲ့တယ်။ ပထမပွဲထက် ပိုကောင်းလာတယ်။ ဒီပွဲကတော့ အိမ်ကွင်းမှာ ကစားရမှာဆိုတော့ မျှော်လင့်ချက် ပိုရှိနိုင်တာ အမှန်ပဲ။ မော်ရင်ဟိုအနေနဲ့ တစ်ရာသီအတွင်းမှာ အသင်းဟောင်းချယ်လ်ဆီးကို၊ ကွန်တီကို (၃)ပွဲ စလုံး ရှုံးတယ်ဆိုရင်တော့ ဒါဟာ သိက္ခာတရားနဲ့လည်း ဆိုင်လာပြီ။ အဖြစ်ခံချင်မှာ မဟုတ်ဘူး။ ကွန်တီကလည်း မန်စီးတီးကို နှစ်ကျော့စလုံးအနိုင်ကစားထားတယ်။ အသင်းလိုက်ခြေစွမ်းကလည်း မန်ယူထက် အများကြီး ပိုကောင်းတယ်။ စိတ်ချရတယ်။ တိုက်စစ်ပိုင်းက ပိုအလုပ်ဖြစ်တယ်။ မန်ယူရဲ့ အိမ်ကွင်းရလဒ်တွေကလည်း စိတ်ဝင်စားစရာမရှိဘူး။ ဒါပေမဲ့ အသင်းကြီးတွေ နဲ့ တွေ့သမျှတော့ အိမ်ကွင်းမှာ အသာစီးက ကစားနိုင်ခဲ့တယ်။ ဒီပွဲလည်း သရေလောက်နဲ့ ပြီးသွားမယ်ထင်တယ်။

ပွဲကြိုအချက်အလက်များ
---------
■ မန်ယူအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
■ မန်ယူအသင်းသည် ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲတွင် (၅)ပွဲနိုင်၊ (၅)ပွဲသရေရရှိခဲ့ပြီး (၆)ပွဲအထိ Clean Sheet ရရှိခဲ့သည်။
■ ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းနှင့်တွေ့ဆုံခဲ့သည့် ပြိုင်ပွဲစုံနောက်ဆုံး (၁၂)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲအထိအနိုင်ရရှိခဲ့သည်။

No comments:

Post a Comment