Friday, April 14, 2017

ပရီးမီးယားလိဂ် ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ စပါး နှင့် ဘုန်းမောက် (ည ၆း၀၀)

ဘုန်းမောက်က ခြေစွမ်းအရမ်းတက်နေတယ်။ စပါး ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ဘုန်းမောက်ရဲ့ တိုက်စစ်ပိုင်းမှာ အဖိုဘီနဲ့ ဂျိုရှူအာကင်းတို့က တိုးအားရော၊ တစ်ဦးချင်း ထိုးဖောက်ပုံပါ ကောင်းတယ်။ ဆေက်သမ်တန်၊ လီဗာပူးလ်တို့နဲ့ ပွဲတွေမှာ ကစားခဲ့ပုံက တော်တော်အားရစရာကောင်းတယ်။ စပါးခံစစ်ကို တော့ခက်ခက်ခဲခဲကျော်ဖြတ်ရမယ်ဆိုပေမယ့် ဒုက္ခပေးနိုင်မှာပါ။ စပါး နိုင်တော့နိုင်မယ်။ ခက်ခဲလိမ့်မယ်။

■ ခရစ္စတယ်ပဲလေ့စ် နှင့် လက်စတာ (ည ၈း၃၀)

ခြေတက်နေတဲ့အသင်းနှစ်သင်းရဲ့ ပွဲစဉ်ပါ။ ဆောက်သမ် တန်နဲ့ပွဲမှာ ရှုံးခဲ့တယ်ဆိုပေမယ့် ပဲလေ့စ်က တော်တော်လေး ကောင်းနေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက အားရစရာ တော်တော်ကောင်းတယ်။ လက်စတာကတော့ မနှစ်ကခြေလို ပဲ။ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီပြီး ပြည့်စုံနေပါပြီ။ ဒီပွဲတော့ ပဲလေ့စ်ကို ကြိုက်တယ်။

■ အဲဗာတန် နှင့် ဘန်လေ (ည ၈း၃၀)

ဘန်လေက အဝေးကွင်းဆိုရင် အားနည်းတယ်။ အိမ်ကွင်း ရလဒ်နဲ့ ရပ်တည်နေတဲ့အသင်းလို့တောင် ပြောလို့ရတယ်။ အဲဗာတန်အသင်းရဲ့ကွင်းမှာ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲဗာတန်ကလည်း ပွဲကျပ်လို့ ရလဒ် နည်းနည်းလေး ကျလာပေမယ့် ကစားပုံက တော်တော်ကောင်းနေတုန်းပဲ။ အဲဗာတန် အနိုင်သေချာတယ်။

■ စတုတ်စီးတီး နှင့် ဟားလ်စီးတီး (ည ၈း၃၀)

စတုတ်စီးတီးက အိမ်ကွင်း၊ အဝေးကွင်းမရွေးဘူး။ ရလဒ်တွေ ကျဆင်းနေတယ်။ ကစားပုံက အားရစရာမရှိဘူး။ ပျော့ဖတ်ဖတ်ဖြစ်နေတယ်။ နှစ်တိုင်းလိုလိုပဲ စတုတ်က တန်းမဆင်းရဖို့ သေချာသွားပြီဆိုရင် ရာသီပိတ်ဆို အားနည်းသွားတတ်တယ်။ ဟားလ်စီးတီးက အမှတ်လိုနေတဲ့အသင်းပါ။ ခြေလည်းတက်နေတယ်။ ဟားလ်စီးတီးပဲ ကြိုက်တယ်။

■ ဆန်းဒါးလန်း နှင့် ၀က်စ်ဟမ်း (ည ၈း၃၀)

နှစ်သင်းစလုံးက တော်တော်လေးညံ့နေပါတယ်။ အားနည်းချက်တွေလည်း အရမ်းများတယ်။ ပါယက်မရှိတော့တဲ့ ၀က်စ်ဟမ်းက သာမန်အဆင့်ပဲ ရှိတော့တယ်။ ကာရိုးလ်အရမ်း ကောင်းတဲ့ပွဲလောက်ပဲ သာမန်လောက်ကစားနိုင်တယ်။ ဆန်းဒါးလန်းကလည်း အားရစရာမရှိဘူး။ ဒါပေမဲ့ ဒီဖိုးက ဂိုးသွင်းခြေရှိတယ်။ ဆန်းဒါးလန်း ကြိုက်တယ်။

■ ၀က်ဖို့ဒ် နှင့် ဆွမ်ဆီး (ည ၈း၃၀)

ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်း ခြေစွမ်းက မဆိုးဘူး။ ဒါပေမဲ့ မထင်မှတ်တဲ့ ပွဲတွေမှာပေါက်ပြီး၊ တချို့ပွဲတွေဆို ပျောက်နေတတ်တယ်။ ဆွမ်ဆီးကို ပိုသဘောကျတယ်။

■ ဆောက်သမ်တန် နှင့် မန်စီးတီး (ည ၁၁း၀၀)

ဆောက်သမ်တန်က ပုံစံကောင်းပြနေတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ပဲလေ့စ်လို ခြေတက်နေတဲ့အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ မန်စီးတီးကိုလည်း ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ခံစစ်က နည်းနည်းလေးတယ်။ မန်စီးတီးတိုက်စစ်က မြန်ပြီး တစ်ဦးချင်း အရည်အသွေးမြင့်တယ်။ တစ်ဦးချင်းမထိန်းနိုင်ရင် ဆောက်သမ်တန်ကစား ကွက်ပျက်မယ်။ မန်စီးတီးပဲ ကြိုက်တယ်။

Photo: Soccerway

No comments:

Post a Comment