■ လီဗာပူးလ် နှင့် အဲဗာတန် (စနေည ၆း၀၀ နာရီ)
လီဗာပူးလ်က လက်ရှိ ပရီးမီးယားလိဂ်ဇယား အဆင့် (၄)နေရာမှာ ရပ်တည်နေတယ်။ အပေါ်အသင်းကို အမီလိုက်ဖို့ထက် အောက်အသင်းတွေရဲ့ ကျော်တက်ခြင်းမခံရဖို့အတွက် အမှားမခံဘူး။ အဲဗာတန်အသင်းအနေနဲ့လည်း ဒီပွဲကိုနိုင်ရင် သူတို့မျှော် လင့်နေတဲ့ ဥရောပ၀င်ခွင့်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးကောင်းသွားမယ်။ လီဗာပူးလ်က လက်စတာအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်းမှာ ဘန်လေကိုနိုင်ပြီး မန်စီးတီးကို သရေကစားခဲ့တယ်။ ခြေစွမ်းနဲ့ရလဒ်ပိုင်းက ပြန်ကောင်းလာတယ်။ အဲဗာတန်က ၀က်စ်ဘရွန်း၊ ဟားလ်စီးတီးတို့နဲ့ ပွဲတွေမှာ အကောင်းဆုံးပုံစံပြခဲ့တယ်။ တိုက်စစ်ပိုင်းမှာ လူကာကူ အားကိုးရသလို ကွင်းလယ်မှာလည်း လူငယ်တွေနဲ့အလုပ်ဖြစ်နေတယ်။ ပြဿနာက လက်ရွေးစင်ပွဲကစားပြီး ဒဏ်ရာရသွားတဲ့ ဆီမက်စ် ကိုးလ်မန်းရဲ့နေရာကို ပြန်အစားထိုးဖို့ပဲ။ အဲဗာတန်ရဲ့ ခံစစ်ညာပိုင်းက ပြဿနာရှိတယ်။ ကိုးလ်မန်းဒဏ်ရာရတိုင်းအသင်းက ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာလည်း ရှိနေတယ်။ ဒီပွဲက လီဗာပူးလ်ကွင်းမှာကစားရမယ်။ လီဗာပူးလ်က အိမ်ကွင်းမှာ အဲဗာတန်ကို အမြဲအသာရလေ့ရှိတယ်။ 
လီဗာပူးလ် အနိုင်သေချာပါတယ်။ 
■ ဘန်လေ နှင့် စပါး (စနေည ၈း၃၀ နာရီ)
ဘန်လေရဲ့ အိမ်ကွင်းကစားအားကို စပါး သတိထားရမယ်။ ဒီရာသီမှာ ဘန်လေက အသင်းကြီးတွေကို အိမ်ကွင်းမှာ တော် တော်လေး ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာတော့ အားရစရာ သိပ်မရှိဘူး။ စပါးက အကောင်းဆုံးပုံစံကို ရောက်နေ ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် စပါးကိုပဲ ကြိုက်တယ်။
■ ချယ်လ်ဆီး နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
ပဲလေ့စ်ရဲ့ နောက်ဆုံးရလဒ်တွေက အရမ်းကောင်းနေ တယ်။ နောက်ဆုံး (၃)ပွဲဆက်တိုက် ပေးဂိုးမရှိ။ (၃)ပွဲစလုံးနိုင်ခဲ့ တယ်။ ချယ်လ်ဆီးက ဂိုးတွေပေးရတာ ဆက်လာတယ်။ ပွဲတိုင်း လည်း ပေးနေရတယ်။ ဒီပွဲက ချယ်လ်ဆီးနိုင်လိမ့်မယ်။ ဂိုးပေးရမယ်။ (၂-၁)လောက်ပဲ ဖြစ်မယ်။
■ ဟားလ်စီးတီး နှင့် ၀က်စ်ဟမ်း (စနေည ၈း၃၀ နာရီ)
ဝက်စ်ဟမ်းက ရလဒ်တွေ ဆက်တိုက်ပြန်ကျလာတယ်။ ဘီလစ်လည်း ဖိအားတွေဝင်နေတာကို
တွေ့ရတယ်။ ဟားလ်စီး တီးအသင်းရဲ့ ခြေစွမ်းကလည်း အရမ်းအကောင်းကြီးမဟုတ်ပေမယ့် အိမ်ကွင်းမှာ စိတ်ချရတဲ့အနေအထားမှာ ရှိတယ်။ ဟားလ် စီးတီး သရေနဲ့အနိုင်ပဲ။ 
■ လက်စတာ နှင့် စတုတ်စီးတီး (စနေည ၈း၃၀ နာရီ)
လက်စတာအသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံကို ရောက်နေပြီ။ တိုက်စစ်ပိုင်းမှာ ဗာဒီ၊ မာရက်ဇ်၊ အော်ဘရိုက်တန် တို့ ခြေစွမ်းပြနေတယ်။ ခံစစ်ကတော့ အားနည်းချက်တွေရှိနေ တုန်းပဲ။ ဒါပေမဲ့ အသင်းလိုက်ဟန်ချက်ညီတယ်။ စတုတ်စီးတီးက အဝေးကွင်း မှာ သာမန်ပါပဲ။ လက်စတာကိုပဲ ကြိုက်တယ်။
■ မန်ယူ နှင့် ၀က်စ်ဘရွန်း (စနေည ၈း၃၀ နာရီ)
ဝက်စ်ဘရွန်းရဲ့ ခြေစွမ်းကို မန်ယူ လျှော့တွက်လို့မရဘူး။ ၀က်စ်ဘရွန်းက မာကျောတယ်။ ပုံစံကောင်းရရင် ကြောက်စရာ ကောင်းတယ်။ အသင်းညံ့နေရင်တောင် တည်ကန်ဘောတွေက ဂိုးရတတ်တယ်။ မန်ယူသတိထားပြီးကစားရမယ်။ ဒါပေမဲ့ နိုင်ပွဲ တော့ ရမှာပါ။
■ ၀က်ဖို့ဒ် နှင့် ဆန်းဒါးလန်း (စနေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်အသင်းက ရလဒ်တွေ ပြန်ဆိုးလာတယ်။ ဒါပေမဲ့ ကစားခဲ့ရတဲ့ ပြိုင်ဘက်တွေကလည်း နည်းနည်းကျပ်တာပါတယ်။ ဆန်းဒါးလန်းကလည်း နိုင်ပွဲမပြောနဲ့ ဂိုးတစ်ဂိုးရဖို့တောင် တော် တော်လေး ရုန်းကန်နေရတယ်။ ဒီအတိုင်းဆိုရင်တော့ ၀က်ဖို့ဒ် အသင်းရလဒ်ပြန်ကောင်းပါလိမ့်မယ်။
■ ဆောက်သမ်တန် နှင့် ဘုန်းမောက် (စနေည ၁၁း၀၀ နာရီ)
ဆောက်သမ်တန်အသင်းရဲ့ လက်ရှိခြေစွမ်းက တော်တော် အားရစရာကောင်းပါတယ်။ စပါးကွင်းမှာလည်း နှစ်ဂိုးရှုံးအနေအ ထားကနေ ပြန်လိုက်ကစားတဲ့ ခြေစွမ်းက ကောင်းတယ်။ ဘုန်း မောက်လည်း နိုင်ပွဲဆက်ပြီး ခြေတက်နေတယ်ဆိုပေမယ့် ဆောက်သမ်တန်ပဲ နိုင်လိမ့်မယ်။
No comments:
Post a Comment