■ မန်ယူအသင်း နိုင်ပွဲနှင့်ထိုက်တန်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီ ဆို
ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ၎င်းတို့အသင်းအား နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် မန်ယူအသင်းမှာ နိုင်ပွဲနှင့် ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ ချယ်လ်ဆီးအသင်းမှာ မန်ယူအသင်း၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ကစားခဲ့ပြီး မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်၊ ဟာရဲရားတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
ပွဲအပြီးတွင် ကွန်တီက "မန်ယူအသင်းက နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ထက် အနိုင်ရလိုစိတ် ပြင်းထန်တာကို ပြသနိုင်လို့ပါ။ အဓိက အမှားကတော့ နည်းပြဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ပါပဲ။ ကစားသမားတွေကို လိုအပ်တဲ့ စိတ်ဓာတ်မြှင့်တင်မှုမျိုး မပြုလုပ်ပေးနိုင်ခဲ့ပါဘူး"ဟု ဆိုခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် တစ်လအကြာက ဒုတိယနေရာမှ စပါးအသင်းကို (၁၃)မှတ် ဖြတ်ခဲ့သော်လည်း မန်ယူအသင်းကို ရှုံးနိမ့်ပြီးနောက် (၄)မှတ်အကွာ ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဖိအားဝင်လာခဲ့သည်။
Photo: DailyMail
 
 
 
No comments:
Post a Comment