မိုနာကိုကြယ်ပွင့် ဘာပေကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်း အထိပေး၍ကမ်းလှမ်းရန် အာဆင်နယ်စီစဉ်
=============
အာဆင်နယ်အသင်းသည် မိုနာကိုအသင်းမှ ပြင်သစ်လူငယ်ကြယ် ပွင့်ကစားသမား ဘာပေကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၈၅)သန်း အထိပေး၍ ကမ်းလှမ်းရန်စီစဉ် နေကြောင်း သိရှိရသည်။
ဘာပေကို အာဆင်နယ်အသင်း အပြင် ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ မန်ယူ စသည့် ဥရောပထိပ်သီးအသင်းများ က ခေါ်ယူရန်ပစ်မှတ်ထားနေကြပြီး ဘာပေကိုယ်တိုင်က ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သ တင်းများထွက်ပေါ်နေသည်။
မိုနာကို အသင်းအနေဖြင့် ဘာပေအတွက် ပြောင်းရွှေ့ကြေးပေါင်(၈၅)သန်း အ ထိအလိုရှိနေရာ ယင်းပမာဏမှာ အာ ဆင်နယ်အသင်းအတွက် အခက်အခဲ ဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများ က သုံးသပ်ခဲ့ကြသည်။
သို့သော် အာ ဆင်နယ်အသင်း၏တာဝန်ရှိသူတစ်ဦးကမူ အာဆင်နယ်အသင်းသည် ဘာပေကိုခေါ်ယူနိုင်ရန်အတွက် မိုနာ ကိုအသင်းတောင်းဆိုသည့် ပေါင်(၈၅) သန်းကိုပေးချေရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
Photos: AFP
 
No comments:
Post a Comment