Sunday, May 7, 2017

■ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သရေကျခဲ့လို့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက်စိုးရိမ်လာရတဲ့ လီဗာပူးလ်

■ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သရေကျခဲ့လို့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက်စိုးရိမ်လာရတဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)တနင်္ဂနွေနေ့ အစောပိုင်းပွဲအဖြစ် လီဗာပူးလ်နဲ့
ဆောက်သမ်တန်တို့ ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် လီဗာပူးလ်
အသင်းရဲ့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်မျှော်လင့်ချက်က အနည်းငယ်စိုးရိမ်
စရာကောင်းလာခဲ့တယ်။

စနေနေ့ပွဲမှာ မန်စီးတီးအသင်းက ဂိုးပြတ်အနိုင်ရခဲ့လို့ လီဗာပူးလ်အသင်း
အနေနဲ့ အခုပွဲကို ရလဒ်ကောင်းဖို့ ကြိုးစားကစားခဲ့ပေမယ့် မီလ်နာရဲ့ ပယ်
နယ်တီ လွဲချော်မှုနဲ့အတူ သရေတစ်မှတ်သာရခဲ့တယ်။ ဆောက်သမ်တန် အသင်းက ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် လီဗာပူးလ်ကို ဒုက္ခပေးနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး အိမ်ရှင်ဆီက အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့အဖြေကတော့
ပွဲချိန်(၆၆)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို မီလ်နာ မသွင်းနိုင်ခဲ့တာဖြစ်ပါ တယ်။ ဆောက်သမ်တန်နောက်ခံလူ စတီဖင် ပယ်နယ်တီဧရိယာအတွင်း
လက်နဲ့ထိခဲ့လို့ လီဗာပူးလ်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် မီလ်
နာရဲ့ ကန်ချက်ကို ဆောက်သမ်တန်ဂိုးသမား ဖော်စတာ ပုတ်ထုတ် ကာကွယ်
နိုင်ခဲ့တယ်။ မီလ်နာဟာ ဒီရာသီ ပယ်နယ်တီ(၈)ကြိမ်ကန်သွင်းတာမှာ (၇)ဂိုး
သွင်းယူခဲ့ပြီး အခုတစ်ကြိမ်မှ လွဲချော်ခဲ့တာပါ။

အခုပွဲ သရေကျခဲ့လို့ လီဗာပူးလ်အသင်းဟာ မန်စီးတီးထက် တစ်ပွဲပို တစ်မှတ်
အသာနဲ့ အဆင့်(၃)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်
တိုက်ရိုက်ဝင်ခွင့်ရဖို့အတွက် ဖိအားတွေရှိသွားပြီး လက်ကျန်ပွဲတွေမှာ အမှား
ထပ်လုပ်လို့ မရတော့ပါဘူး။

No comments:

Post a Comment