■ ဆယ်လ်တာဗီဂိုနှင့်ပွဲသည် မန်ယူအသင်း၏သမိုင်းတွင် အရေးအကြီးဆုံးပွဲစဉ်တစ်ပွဲဟု မော်ရင်ဟို ဆို
မန်ယူနည်းပြ မော်ရင်ဟိုက ယနေ့ည ယှဉ်ပြိုင်ကစားရမည့် ဆယ်လ်တာဗီဂိုနှင့်ပွဲစဉ်သည် မန်ယူအသင်း၏သမိုင်းတွင် အရေးအကြီးဆုံးပွဲစဉ်တစ်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ဆယ်လ်တာဗီဂိုအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ယနေ့ညမြန်မာစံတော်ချိန် ည(၁း၃၅)နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မော်ရင်ဟိုက "ဆယ်လ်တာအသင်းက ဒီပွဲဟာ သူတို့အသင်းရဲ့သမိုင်းမှာ အရေးအကြီးဆုံးပွဲလို့ ဆိုပါတယ်။ ကျွန်တော်တို့အတွက်လည်း ဒါဟာ အရေးအကြီးဆုံးပွဲပါပဲ။ ဆယ်လ်တာဗီဂိုရဲ့အိပ်မက်တွေက ကျွန်တော်တို့ထက် များပြားလိမ့်မယ်လို့ မထင်ပါဘူး။ သူတို့ရဲ့ နိုင်လိုစိတ်ကလည်း ကျွန်တော်တို့ထက် မပိုနိုင်ပါဘူး။ ဒါပေမဲ့ နှစ်သင်းကြားမှာ ခြားနားမှုလည်း ကြီးကြီးမားမားရှိမနေနိုင်ပါဘူး " ဟုပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရပ်တည်မှုအရ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် မလွယ်ကူတော့သည့်အတွက် ယူရိုပါလိဂ်ဖလားကို အရယူနိုင်ရန် ပစ်မှတ်ထားနေပြီး ဆယ်လ်တာဗီဂိုကို ကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲတွင် အေဂျက်စ်အသင်းနှင့် ဆုံတွေ့ရန် အလားအလာများနေကြောင်းလည်း သိရှိရသည်။
Photos: Gettyimages
 
No comments:
Post a Comment