Sunday, May 7, 2017

မန်ယူကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာတဲ့ အာဆင်နယ်

■ မန်ယူကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်
မျှော်လင့်ချက် ပြန်လည်ရှင်သန်လာတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ အာဆင်နယ်-မန်ယူပွဲမှာ
တော့ အာဆင်နယ်အသင်းက (၂-၀)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်
လင့်ချက် ပြန်လည်ရှင်သန်လာခဲ့တယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ
ဒီပွဲမှာ လူငယ်တွေကို အဓိက ပွဲထုတ်မယ်လို့ ပြောခဲ့ပေမယ့်လည်း နောက်ခံ လူ တွမ်ဇီဘီ တစ်ဦးကလွဲပြီး ရွန်နီ၊ မစ်ခီတာရီယန်၊ မာတာ၊ မာစီယဲလ် စတဲ့
ကစားသမားအစုံအလင် ထုတ်သုံးခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးကလည်း အခုနောက်ပိုင်း အသုံး
ပြုနေတဲ့ (၃-၄-၃)ပုံစံနဲ့ပဲ ပွဲထွက်ခဲ့တယ်။ ပွဲအစပိုင်းကတည်းက အာဆင်
နယ် ဖိကစားနိုင်ခဲ့ပြီး ဒီဂီယာ ကာကွယ်မှုတွေ လုပ်ခဲ့ရတယ်။ မန်ယူကတော့
သရေတစ်မှတ်ကိုသာ အဓိကထားကစားခဲ့ပြီး ပထမပိုင်းမှာ မာစီယဲလ် ကန် သွင်းခွင့်တစ်ကြိမ်၊ ရွန်နီ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်တစ်ကြိမ်သာ
ရခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်း (၅၄)မိနစ်
မှာ ကွင်းလယ်လူ ချာကာရဲ့ အဝေးကန်ချက် ဟာရဲရားနဲ့ထိပြီး လမ်းကြောင်း
ပြောင်း ဂိုးဝင်သွားတာပါ။

အဖွင့်ဂိုးရပြီး (၃)မိနစ်လောက်အကြာမှာပဲ အာဆင်နယ် ဒုတိယဂိုး ထပ်ရခဲ့
တယ်။ ချိန်ဘာလိန်ရဲ့ဖြတ်တင်ဘောကို မန်ယူနဲ့တွေ့ရင် ဂိုးမြူးလေ့ရှိတဲ့
ဝဲလ်ဘတ်က ခေါင်းတိုက်သွင်းခဲ့တာပါ။ အခုပွဲမှာ အာဆင်နယ်အနိုင်ရခဲ့
လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲက အကြိတ်အနယ်
ပိုရှိလာပြီး အာဆင်နယ်အသင်းအနေနဲ့ လက်ကျန်(၄)ပွဲကစားဖို့ရှိနေလို့
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှင်သန်လာခဲ့တယ်။ အခုပွဲရှုံးခဲ့တဲ့
မန်ယူအသင်းကတော့ လိဂ်ပြိုင်ပွဲ(၂၅)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်သွား
သလို မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်မှာ အာစင်ဝင်းဂါးကို ပထမဆုံး
ရှုံးနိမ့်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment