Tuesday, February 14, 2017

PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင် နှစ်သင်း နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့

■ PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင် နှစ်သင်း နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့

အင်္ဂါညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းတွေ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပြီး PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

PSG အသင်းဟာ တိုက်စစ်မှာ ကာဗာနီ၊ ဒရက်ဇ်လာ၊ ဒီမာရီယာ၊ ကွင်းလယ်မှာ မာတွီဒီ၊ ရာဘီယော့၊ ဗာရက်တီတို့ကို ၄-၃-၃ ကစားကွက်နဲ့ ပွဲထုတ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းကလည်း တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ၊ ကွင်းလယ်မှာ အင်နီယေစတာ၊ အန်ဒရီဂိုးမက်ဇ်၊ ဘူးစကွက်စ်တို့ကို ၄-၃-၃ နဲ့ပဲ ပွဲထုတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရတာကလွဲရင် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မပြုလုပ်နိုင်ခဲ့ဘဲ MSN တိုက်စစ် ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့တာ တွေ့ရပါတယ်။ PSG အသင်းကတော့ ဘာစီလိုနာအသင်းရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပြီး နိုင်ပွဲကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာပါ။

PSG အသင်းအတွက် ဦးဆောင်ဂိုးကို (၁၈)မိနစ်မှာ ဒီမာရီယာက ဖရီးကစ်ကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ (၄၀)မိနစ်မှာတော့ PSG တောင်ပံကစားသမား ဒရက်ဇလာက ကွင်းလယ်လူ ဗာရက်တီရဲ့ ဖန်တီးမှုကို အဆုံးသတ်ပြီး ပထမပိုင်းမှာ PSG အသင်း (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်း (၅၅)မိနစ်မှာတော့ ဒီမာရီယာက (၁၈)ကိုက်စည်း အပြင်ကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး PSG အသင်း တတိယဂိုး ရခဲ့ပါတယ်။ (၇၁)မိနစ်မှာတော့ နောက်ခံလူ မီယူနီယာ ထိုးပေးတဲ့ဘောလုံးကို တိုက်စစ်မှူး ကာဗာနီ အပြင်းကန်သွင်းပြီး PSG အသင်း (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘင်ဖီကာနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘင်ဖီကာ အသင်းက (၄၈)မိနစ်မှာ တိုက်စစ်မှူး မီထရိုဂလူ အနီးကပ်အနေအထားကနေ သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ (၅၈)မိနစ်မှာ ဒေါ့မွန်အသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် အူဘာမီယန်းရဲ့ ကန်ချက်ကို ဘင်ဖီကာ ဂိုးသမား မိုရာယက်စ် ကာကွယ်နိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်း ချေပဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

■ ချန်ပီယံလိဂ် ရလဒ်များ
ဘင်ဖီကာ ၁-၀ ဒေါ့မွန်
PSG ၄-၀ ဘာစီလိုနာ

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
အက်စတွန်ဗီလာ ၁-၃ ဘန်စလေ
ဘရိုက်တန် ၁-၁ အစ်ဝစ်ခ်ျ
ဒါဘီ ၃-၄ ကာဒစ်ဖ်
ဖူလ်ဟမ် ၃-၂ နော်တင်ဟမ်
လိဒ်စ် ၂-၁ ဘရစ္စတိုးလ်စီးတီး
နောဝစ်ခ်ျ ၂-၂ နယူးကာဆယ်
ပရက်စတန် ၂-၁ ဘာမင်ဂမ်
ရော့သာဟမ် ၂-၃ ဟတ်ဒါဖီးလ်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ ဘလက်ဘန်း
ဝုလ်ဗ် ၀-၁ ၀ီဂန်
ရက်ဒင်း ၃-၂ ဘရန့်ဖို့ဒ်

Photos: DailyMail

No comments:

Post a Comment