ဆန်းချက်ဇ်၏လက်ထိဘောအား ဂိုးဝင်ခွင့်ပေးခဲ့မိခြင်းအတွက် ဟားလ်စီးတီးအသင်းကို ကလက်တန်ဘတ်ပြန်လည်တောင်းပန်
  ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော အာဆင်နယ်(၂-၀)ဟားလ်စီးတီးပွဲ စဉ်၌ 
ပွဲချိန်(၃၄)မိနစ်တွင် အာဆင်နယ်ကစားသမား ဆန်းချက်ဇ်၏ လက် ထိဘောကို 
ဂိုးအဖြစ်ခွင့်ပြုမိခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်ဒိုင်လူကြီး 
မာ့ခ်ကလက်တန်ဘတ်ကပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
  ယင်းပွဲတွင် အာဆင်နယ်နောက်ခံလူ ကီရင်ဂစ်ဘ် ဂိုးရှေ့သို့ ကန် သည့်ဘောလုံးအား ဟားလ်စီးတီးကစားသမားတစ်ဦး
 က တားဆီးခဲ့ရာတွင် ပြန်ကန်ထွက်လာပြီး ဆန်းချက်ဇ်က
 ပိတ်သွင်းခဲ့သည်။ ဆန်းချက်ဇ်သည် ယင်းဂိုးသွင်းရန် ကြိုးစားခဲ့ရာ၌ 
ဘောလုံးမှာ သူ၏ညာလက်ဖြင့်ထိပြီးမှ ဟားလ်စီးတီးဂိုးထဲသို့ 
ဝင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကို ရုပ်သံပြကွက်များ၌ 
ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပြီး ဟားလ်စီးတီးကစားသမားများက 
လက်ထိဘောအဖြစ်ကန့်ကွက်ခဲ့ ကြသော်လည်း ဒိုင်လူကြီး ကလက်တန်ဘတ်က ဂိုးအဖြစ် 
ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကလက်တန်ဘတ်သည် သူ၏အမှားကို 
ပြန်လည်သိမြင်ပြီးနောက် ယင်းပွဲ၏ ပထမပိုင်းနားနေချိန်တွင် မိမိတို့အား 
ပြန်လည်တောင်းပန်ခဲ့သည်ဟု ဟားလ်စီးတီးနောက်ခံလူ အန်ဒရူးရော်ဘတ်ဆန်က 
ပြောကြားခဲ့သည်။ "ဒိုင်လူကြီးဟာ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ကို 
ဒီဂိုးအတွက် တောင်းပန်ခဲ့ပါတယ်။ ဒါဟာ လက်ထိဘောဖြစ်ခဲ့တယ်လို့ သူ 
ပြောခဲ့ပါတယ်။ ဒီဂိုးကိုခွင့်ပြုခဲ့တာ မှားယွင်းခဲ့တယ်လို့ 
သူနားလည်လိုက်ပါတယ်။ သူ့အတွက်လည်း 
 ခက်ခဲစေတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီလိုကွင်းကြီးတွေမှာ တာဝန်ယူရရင် ရံဖန်ရံခါ ကိုယ်ဆန္ဒရှိသလိုဖြစ်မလာဘဲ မှားယွင်းမှုတွေကို 
 ကြုံတွေ့ရတတ်ပါတယ်။ ကလက်တန်ဘတ်ဟာ ဒီဖြစ်ရပ်မှာ လက်ထိဘောလို့ မသတ်မှတ်ခဲ့တာ သူ့ဘက်က ရာနှုန်းပြည့်သေ 
 ချာမှုမရှိတာကြောင့်ဖြစ်တယ်လို့ ကျွန်တော်တို့ကိုရှင်းပြပါတယ်"ဟု ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။
  ထို့ပြင် စကော့တလန်နောက်ခံလူ ရော်ဘတ်ဆန်က ကလက်တန်ဘတ်၏ရိုးသားစွာ ၀န်ခံပြောကြားမှုကိုလည်း 
 ချီးကျူးခဲ့သည်။ "ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားယွင်းတယ်လို့ဝန်ခံတဲ့ 
ဒိုင်လူကြီး များများစားစား မရှိပါဘူး။ ဖြစ်ပြီးခဲ့သမျှကို ဘာမှပြန်လည် 
ပြင်ဆင်လို့ မရတော့ပေမယ့် ဒီလိုဝန်ခံတာကတော့ ကောင်းတဲ့လုပ်ရပ်တစ်ခုပါ"ဟု 
ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။ သို့သော် ယင်းပွဲဒုတိယပိုင်းမှ 
ကလက်တန်ဘတ်၏ဆုံးဖြတ်ချက်အချို့နှင့်ပတ်သက်၍ ဟားလ်စီးတီး     
 
ကစားသမားများမှာ စိတ်ပျက်ခဲ့ရသည်။ ကလက်တန်ဘတ်သည် ဟားလ်စီးတီးကွင်းလယ်လူ 
မာကိုဗစ်ကိုကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့သည့် အာဆင်နယ်နောက်ခံလူ 
ကီရင်ဂစ်ဘ်အား အနီကတ်ပြထုတ်ပယ်ရန် ပျက်ကွက်ခဲ့သလို၊ 
 ပွဲပြီးခါနီး၌လည်း ဟားလ်စီးတီးကွင်းလယ်လူ ကလူးကပ်စ်ကို တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့ပြီး အာဆင်နယ်ဘက်သို့ ပယ် 
 နယ်တီပေးခဲ့သည်။ ယင်းဖြစ်ရပ်မှာ အာဆင်နယ်တိုက်စစ်မှူး ပီရက်ဇ်ပိတ်သွင်းသည့် ဘောလုံးကို ကလူးကပ်စ်က
 တားဆီးရန်ကြိုးစားရာမှ သူ၏လက်မောင်းဖြင့် ထိမိခဲ့ခြင်းဖြစ်ပြီး ဂိုးဝင်ခါနီးဘောလုံးကို လက်ဖြင့်တားဆီးသည်ဟုဆိုကာ 
 ကလက်တန်ဘတ်က တိုက်ရိုက်အနီပြခဲ့ခြင်းဖြစ်သည်။
 Photo:Skysports

No comments:
Post a Comment