Thursday, February 23, 2017

ယူရိုပါလိဂ် ပွဲစဉ်များ အကြိုသုံးသပ်ချက်

 စပါး နှင့် KAAဂျန့် စပါးအသင်းကစားပုံက တဖြည်းဖြည်းနဲ့ခြေကုန်လက်ပန်း ကျလာတဲ့ပုံပါပဲ။ ရလဒ်ပိုင်းကလည်း ယိုင်ဆင်းနေတာတွေ့ရ တယ်။ အသင်းရဲ့ ပထမဦးစားပေး နဲ့ အရံကစားသမားတွေကြား ခြေစွမ်းကွာဟချက်ကြီးမားတာကလည်း စပါးနည်းပြ ပိုချက်တီ နို ခေါင်းခဲနေရတဲ့ အဓိကပြဿနာတစ်ခုပါ။ အဓိကကစားသမားတွေကိုပဲ ဆက်တိုက်သုံးနေရလို့ အချိန်ကြာလာတဲ့အခါမှာ အ သင်းအနေနဲ့ ပွဲပန်းတဲ့ဒဏ်ခံလာရတာ သိပ်တော့မဆန်းပါဘူး။ ပထမအကျော့မှာ အရံကစားသမားတချို့ကို ပွဲထုတ်ခဲ့လို့ စပါးရဲ့ မူလပုံစံပါပျောက်သွားပြီး ရှုံးပွဲတွေ့ခဲ့တာပါ။ အခုပွဲတော့ ပိုချက်တီနိုက လူစုံပွဲထုတ်လာဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီ က စပါးအသင်း ယူရိုပါလိဂ်ကို စောစောလက်လွှတ်ခဲ့တာ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စပါး အနေနဲ့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာလို့ ယူရိုပါလိဂ်ကို အရံသဘောမျိုးထားပြီး အာရုံစိုက် ကစားဖို့ရှိပါတယ်။ KAA ဂျန့်က ပထမအကျော့မှာနိုင်ထားပေမယ့် ခြေစွမ်းက သာမန်ထက်မပိုပါဘူး။ ကစားသမားပိုင်းကလည်း ဒုတိယတန်းစားအဆင့်လောက်ပဲရှိပါတယ်။ စပါး ဂိုးပြတ်နိုင်ဖို့များပါတယ်။
■ ဖီအိုရင်တီးနား နှင့် မိုချန်ဂလာဘတ်
ဖီအိုရင်တီးနားအသင်း ဒီရာသီအိမ်ကွင်းပွဲတွေမှာ အရေး မပါတော့တဲ့ PAOK ပွဲစဉ်(၁)ပွဲပဲ အရေးနိမ့်ထားခဲ့ပါတယ်။ အ ဝေးကွင်းမှာတောင် အနိုင်ကစားထားလို့ ဖီအိုရင်တီးနား အခုပွဲ မှာ အမှားအယွင်းနည်းအောင်ပဲ အာရုံစိုက်လိမ့်မယ်။ မိုချန်ဂ လာဘတ်ကတော့ ဖောင်ဖျက်ကစားရတော့မှာပါ။ ဖီအိုရင်တီး နား ရှုံးဖို့တော့မရှိပါဘူး။
■ ရှက်တာဒိုးနက် နှင့် ဆယ်လ်တာဗီဂို
ပထမအကျော့မှာ ရှက်တာဒိုးနက်အသင်း ကံကောင်းလို့ သာ အနိုင်ရခဲ့တာပါ။ ရှက်တာဒိုးနက်က ဥရောပပြိုင်ပွဲတွေမှာ လျှော့ကစားတတ်တဲ့အသင်းမဟုတ်ပေမယ့် ဆယ်လ်တာဗီဂို ရဲ့ ရုန်းကန်လာနိုင်စွမ်းကိုလည်း ထည့်တွက်ရမယ်။ ရှက်တာဒိုး နက် အနိုင်ရရင်တောင် ဂိုးပြတ်ဖို့မလွယ်လို့ ဆယ်လ်တာကို ပို ကြိုက်တယ်။
■ ရိုးမား နှင့် ဗီလာရီးယဲလ်
ရိုးမားအသင်း အခုပွဲပြီးရင် စီးရီးအေပွဲကျပ်တွေကစားဖို့ ရှိပါတယ်။ ဗီလာရီးယဲလ်ကလည်း မခြားနားပါဘူး။ ဒီပွဲပြီးရင် ရီးယဲလ်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိတယ်။ သေချာတာ က (၂)သင်းစလုံး အရံအများစုကိုပဲ ထုတ်သုံးမှာပါ။ အရံအင် အားပိုကောင်းတဲ့ ရိုးမားပဲ နိုင်ပွဲဆက်ဖို့များတယ်။
■ အေဂျက်စ် နှင့် လီဂီယာဝါဆော
အေဂျက်စ်အသင်းက ပြီးခဲ့တဲ့ယူရိုပါလိဂ် အုပ်စုအဆင့် မှာ အိမ်ကွင်းပွဲတိုင်း အနိုင်ရထားပါတယ်။ လီဂီယာဝါဆောက တော့ အဝေးကွင်းမှာ တန်းမရှိတဲ့အသင်းပါ။ အေဂျက်စ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
■ လိုင်ယွန် နှင့် အယ်လ်ခမာ
ပထမအကျော့မှာ လိုင်ယွန်အသင်း အခွင့်အရေးတွေ အမိ အရ အသုံးချနိုင်လို့သာ ဂိုးပြတ်ခဲ့တာပါ။ ခြေတော့မကွာခဲ့ပါဘူး။ အိမ်ရှင်အရံတွေထုတ်သုံးနိုင်လို့ အယ်လ်ခမာကိုကြိုက်တယ်။
■ KRC ဂျန့် နှင့် အက်ထရာ
ဘယ်လ်ဂျီယံမြေမှာ အက်ထရာအသင်း ရသလောက်ခံ ကစားဦးမှာပါ။ စိတ်ဓာတ်လည်းကောင်းတယ်။ KRC ဂျန့်အ သင်း ဂိုးပြတ်နိုင်ဖို့မရှိပါဘူး။
■ အူစမန်လစ္စပေါ် နှင့် အိုလံပီယာကော့စ်
ဥရောပအတွေ့အကြုံများလွန်းတာကြောင့်သာ အိုလံပီ ယာကော့စ် ရေပန်းစားနေတာပါ။ တူရကီမြေမှာတော့ ဧည့်သည် အသင်း သိပ်မလွယ်လှဘူး။ အူစမန်လစ္စပေါ် ပွဲချိန်မိနစ်(၉၀)အ တွင်း ရှုံးဖို့မရှိတာသေချာပါတယ်။
■ ဇင်းနစ် နှင့် အန်ဒါလက်ခ်ျ
ဇင်းနစ်အသင်း ဘယ်လ်ဂျီယံမြေမှာ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်တွေမှာ အသာစီးရခဲ့ပေမယ့် ဂိုးပြတ်ရှုံးခဲ့တာ အံ့ အားသင့်စရာပါ။ ဒါပေမဲ့ ဇင်းနစ်လိုအသင်းမျိုးက လျှော့တွက်လို့ မရပါဘူး။ မထင်မှတ်တာတွေလည်း လုပ်ပြနိုင်စွမ်းရှိတယ်။ ဇင်း နစ် အနိုင်သေချာပါတယ်။
■ အပိုးလ်နီကိုးရှား နှင့် ဘီလ်ဘာအို
ပထမအကျော့တုန်းက ပွဲပြီးခါနီးဂိုးတစ်ဂိုး ပြန်ပေးလိုက် ရလို့ ဘီလ်ဘာအို ကပ်အနိုင်ရခဲ့ပေမယ့် သိပ်တော့ပြဿနာမ ရှိနိုင်ပါဘူး။ ဒါပေမဲ့ ဘီလ်ဘာအို ဥရောပပွဲတွေမှာ အဝေးကွင်း အားနည်းချက်များတာ သတိပြုရမှာပါ။ ဘီလ်ဘာအိုအသင်း သ ရေလောက်ပဲ ပစ်မှတ်ထားဖို့ရှိလို့ အိမ်ရှင်ကို ရွေးချယ်ချင်တယ်။
■ FC ကိုပင်ဟေဂင် နှင့် လူဒိုဂိုရတ်စ်
FC ကိုပင်ဟေဂင်အသင်းရဲ့အိမ်ကွင်းခြေစွမ်းက သိပ် စိတ်မချရတော့ဘူး။ ဖောင်ဖျက်ကစားလာနိုင်တဲ့ လူဒိုဂိုရတ်စ်နဲ့ ပဲစွန့်စားသင့်တယ်။
■ ဘက်ဆစ်တက် နှင့် ဟာပိုးလ်ဘီအာရှီဗာ
ဘက်ဆစ်တက်အသင်း ဘယ်လိုကစားသွားမလဲဆိုတဲ့ အပေါ် မှာပဲ အဓိကမူတည်ပါတယ်။ လူစုံထုတ်ရင်တော့ အိမ်ရှင် နိုင်ပွဲဆက်ဖို့ရှိတယ်။
■ စပါတာပရပ်ဂ် နှင့် ရော့စတော့ဗ်
ရော့စတော့ဗ်က ချက်မြေမှာ အိမ်ရှင်အသင်းကို သိက္ခာ ဆယ်ခွင့် ပြန်ပေးပါလိမ့်မယ်။ စပါတာပရပ်ဂ် မျှော်လင့်ချက်မရှိ တော့ပေမယ့် အနိုင်ကစားသွားဖို့များတယ်။

No comments:

Post a Comment