Saturday, February 11, 2017

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ အာဆင်နယ် - ဟားလ်စီးတီး (စနေည ၇း၀၀)
အာဆင်နယ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ ၀က်ဖို့ဒ်ကို ရှုံး ခဲ့တယ်။ ဒီရလဒ်ကြောင့်ပဲ အသင်းကို ဖိအားတွေ ပိုတိုးလာစေခဲ့ တယ်။ ၀င်းဂါးရဲ့ အနာဂတ်ကို လှုပ်ခတ်စေခဲ့တယ်။ ဒီပွဲမှာတော့ အာဆင်နယ် ထပ်မှားဖို့မရှိဘူး။ ဒါပေမဲ့ ဟားလ်စီးတီးရဲ့ စုစည်း အားကြောင့် ဂိုးပြတ်သွင်းဖို့တော့ခက်မယ်။
■ မန်ယူ - ၀က်ဖို့ဒ် (စနေည ၉း၃၀)
နောက်ဆုံးအဝေးကွင်းပွဲမှာ အာဆင်နယ်ကိုနိုင်တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဘန်လေကို နိုင်တယ်။ ၀က်ဖို့ဒ်ရဲ့ ခြေ စွမ်းက သိသိသာသာတိုးတက်လာတယ်။ ရှုံးပွဲမရှိတာ (၄)ပွဲရှိပြီ။ ဒါပေမဲ့ မန်ယူကလည်း အိမ်ကွင်းကောင်းတယ်။ ကစားပုံကောင်း တယ်။ ဂိုးကံမခေရင် ဒီပွဲနိုင်ဖို့ မခက်ပါဘူး။
■ မစ်ဒယ်ဘရော့ - အဲဗာတန် (စနေည ၉း၃၀)
မစ်ဒယ်ဘရော့က နောက်ဆုံး (၇)ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးခဲ့တယ်။ အိမ်ကွင်းရော၊ အဝေးကွင်းပါ စိတ်မချရဘူး။ အဲဗာတန်က ရလဒ်တွေကောင်းနေပြီး အဆင့် (၆)နေရာက မန် ယူနဲ့ (၅)မှတ်ကွာအထိ ကပ်လိုက်လာတယ်။ ဒီပွဲလည်း အဲဗာတန် ရလဒ်ကောင်းလိမ့်မယ်။
■ စတုတ်စီးတီး - ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀)
ပဲလေ့စ်က ခံစစ်ကြောင်းကို အသစ်ပြင်ဆင်ထားတယ်။ ဗန်အန်ဟော့၊ ဆာခိုတို့ကို အားဖြည့်ထားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲမှာ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ (၄)ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲ လည်း အိမ်ကွင်းမာတဲ့ စတုတ်ကွင်းမှာ ရလဒ်ကောင်းဖို့မလွယ် ဘူး။ ဒါပေမဲ့ စတုတ်က အမှတ်မလိုဘူး။ သရေရသွားနိုင်တယ်။
■ ဆန်းဒါးလန်း - ဆောက်သမ်တန် (စနေည ၉း၃၀)
ဆောက်သမ်တန်က ဒီရာသီမှာ ခြေစွမ်းပြနေရာက ရုတ်တ ရက်ခြေစွမ်းထိုးကျသွားတယ်။ အခုအနေအထားက အထက်မ ရောက်၊ အောက်မရောက်ဖြစ်သွားပြီ။ ဖိအားတော့မရှိဘူး။ ရလဒ် တွေကကျနေတယ်။ ဆန်းဒါးလန်းက ရုန်းအားကောင်းလာတာ ကိုတွေ့ရတယ်။ ဆန်းဒါးလန်းပဲ ကြိုက်တယ်။
■ ၀က်စ်ဟမ်း - ၀က်စ်ဘရွန်း (စနေည ၉း၃၀)
ရလဒ်တွေကောင်း၊ ခြေစွမ်းပြနေတဲ့အသင်းတွေပါ။ ၀က်စ် ဟမ်းက ပါယက်မရှိတော့ပေမယ့် ခြေစွမ်းပြနေဆဲပဲ။ နောက်ဆုံး ပွဲမှာ ဆောက်သမ်တန်လိုအသင်းကို ဂိုးပြတ်သွင်းနိုင်ခဲ့တယ်။ ၀က်စ်ဘရွန်းက အဝေးကွင်းဆိုရင် သာမန်အောက်မှာရှိနေတတ် လို့ ၀က်စ်ဟမ်းကိုကြိုက်တယ်။
■ လီဗာပူးလ် - စပါး (စနေည ၁၂း၀၀)
လီဗာပူးလ်က နိုင်ပွဲလုံးဝမရတာ (၅)ပွဲရှိသွားပြီ။ အမှတ်ပေးဇယား အဆင့် (၅)အထိ ကျဆင်းသွားခြင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် ကျဆင်းသွားခြင်းတွေပါ ပါလာလိမ့်မယ်။ လီဗာပူးလ်မှာ တစ်ခုဆိုးတာက အသင်းရလဒ်တွေ ကျဆင်းချိန်၊ ခြေ စွမ်းကျဆင်းချိန် အရံခုံတန်းမှာ အပြောင်းအလဲလုပ်စရာ၊ ဒါမှမဟုတ် အခြေအနေကို ပြန်ထိန်းပေးနိုင်တဲ့ အတွေ့အကြုံရင့် ထိပ်သီးကစားသမား ရှားပါးခြင်းဖြစ်တယ်။ စတာရစ်ခ်ျ၊ လူးကပ်စ်လီဗာတို့နဲ့ အခြေအနေကိုထိန်းဖို့ ကြိုးစားနေတာလည်း အလုပ်သိပ်မဖြစ်ဘူး။ ကွင်းထဲက ကစားသမားတွေက လက်ရှိဖြစ်နေတဲ့အခြေအနေကို လုံးဝပြောင်းလဲသွားအောင်လုပ်ဖို့ပဲ ရှိတယ်။ ဒီနေရာမှာ မာနေက အရေးပါတယ်။ အာဖရိကဖလားပွဲက ပြန်လာပြီး ပထမဆုံးပွဲမှာ သိပ်အလုပ်မဖြစ်ပေမယ့် သူသာ ပုံမှန်ခြေစွမ်းကို ခပ်မြန်မြန်ပြန်ရရင် လီဗာပူးလ်တိုက်စစ်ပြန်တက်လာလိမ့်မယ်။ စပါးကတော့ အကောင်းဆုံးပုံစံပြနေတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် (၉)ပွဲမှာ (၇)ပွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲသရေကျထားတယ်။
အခုလည်း လီဗာပူးလ်ကွင်းမှာ သူတို့နဲ့ ရင်းနှီးနေတဲ့ရလဒ်အတိုင်း သရေကျသွားဖို့များတယ်။ နိုင်မယ်ဆိုရင်တော့ လီဗာပူးလ်ပဲ ဖြစ်လိမ့်မယ်။

No comments:

Post a Comment