Sunday, February 5, 2017

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ မန်စီးတီး နှင့် ဆွမ်ဆီး (တနင်္ဂနွေည ၆း၀၀နာရီ)

ဆွမ်ဆီးက မထင်မှတ်ဘဲ ရလဒ်တွေ ပြန်တက်လာတယ်။ နောက်ဆုံး နှစ်ပွဲမှာ လီဗာပူးလ်၊ ဆောက်သမ်တန်တို့လိုအသင်း တွေကို ဆက်တိုက်အနိုင်ရခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို တော်ရုံ အသင်းတွေမလုပ်ပြနိုင်ဘူး။ ဒီပွဲလည်း မန်စီးတီးကို ဒုက္ခပေးလိမ့် မယ်။ မန်စီးတီး ခက်ခက်ခဲခဲကစားပြီး ကပ်နိုင်ဖို့ရှိတယ်။

■ လက်စတာ နှင့် မန်ယူ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

လက်စတာရဲ့ ခြေစွမ်းက စိတ်မချရပါဘူး။ ပထမအကျော့တွေ့ဆုံမှုမှာလည်း မန်ယူက ပြတ်ပြတ်သားသားအနိုင်ရခဲ့တာ ကိုတွေ့ရတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး ရလဒ်ပိုင်းကျဆင်းနေချိန်ဖြစ်ပေမယ့် လက်စတာက ပိုအခြေအနေဆိုးတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲမှာ ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ ဘန်လေတို့ကို ဆက်တိုက်ရှုံးခဲ့ပြီး တစ်ဂိုးမှ မရခဲ့ဘူး။ ဒီအ နေအထားက လက်စတာကို ယုံကြည်မှု ကျဆင်းနေစေမှာ သေချာသလို မန်ယူနဲ့ ပွဲမှာလည်း တိုက်စစ်ပိုင်းက ဆက်ပြီး ရုန်းကန် ရဦးမယ်။ မန်ယူကတော့ လီဗာပူးလ်နဲ့ စတုတ်တို့ကို သရေကျခဲ့ပြီး နောက်ဆုံးပွဲမှာ ဟားလ်စီးတီးကို အိမ်ကွင်းပဲ ကစားထားရ တယ်။ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး (၄)ပွဲနိုင်ခဲ့တာကိုတွေ့ရတယ်။ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှားမခံတဲ့အနေအထားဖြစ်နေပြီး တိုက်စစ်အင်အားတောင့်တယ်။ လက်စတာက တန်းဆင်းဇုန်နဲ့ တော်တော် လေး နီးစပ်နေပြီ။ သူတို့လည်း အမှားမခံဘူး။ ဒါပေမဲ့ အမှတ်လိုတာချင်းအတူတူ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ လက်စတာ နဲ့ မန်ယူ ခြေစွမ်းရော၊ အခြေအနေပါ ကွာခြားပါတယ်။ မန်ယူ နိုင်ဖို့များတယ်။

No comments:

Post a Comment