Saturday, February 11, 2017

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■လေဗာကူဆင် နှင့် ဖရန့်ဖတ် (စနေည ၉း၀၀ နာရီ)
လေဗာကူဆင်အသင်း အိမ်ကွင်းမှာ အခြေအနေပိုဆိုး နေတယ်။ ကာလကြာရှည် ပွဲပယ်ခံရမယ့် ကယ်လ်ဟာနိုဂလူး နေရာကိုအစားထိုးနိုင်ဖို့ပဲ လေဗာကူဆင် အဓိကစဉ်းစားရတော့ မယ်။ ဖရန့်ဖတ်အသင်းကတော့ ရလဒ်ကောင်းနေပေမယ့်
အဝေးကွင်းရလဒ်ပိုင်းက မှန်းဆရခက်ပါတယ်။ လေဗာကူဆင် နိုင် ပွဲပြန်ရဖို့များတယ်။

■အင်ဂိုးလ်စတက်ဒ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉း၀၀ နာရီ)
တန်းဆင်းဇုန်ထဲက လွတ်မြောက်ဖို့ကြိုးပမ်းနေတဲ့ အင် ဂိုးလ်စတက်ဒ်အသင်းရဲ့ခြေစွမ်းက တိုးတက်လာတာတော့အ မှန်ပါပဲ။ ဒါပေမဲ့ ကံမလိုက်သေးဘူး။ ရှော်လ်ကေး၊ ဟာသာဘာ လင်တို့ကို ရှုံးတဲ့ပွဲတွေမှာ အင်ဂိုးလ်စတက်ဒ်အသင်း အနိမ့်ဆုံး သရေ(၁)မှတ်တော့ရခဲ့သင့်တယ်။ ဘိုင်ယန်က နောက်ပိုင်း ဂိုး ပြတ်နိုင်ပွဲတွေ ရှားလာတယ်။ တိုက်စစ်ပိုင်းက ဟန်ချက်သိပ်မ ညီတော့ဘူး။ ဒီပွဲပြီးရင်လည်း
ဘိုင်ယန် ချန်ပီယံလိဂ်ကစားဖို့ရှိ နေပါတယ်။ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။
■၀ါဒါဘရီမင် နှင့် မိုချန်ဂလာဘတ် (စနေည ၉း၀၀ နာရီ)
(၃)ပွဲဆက်တိုက်ရှုံးထားပေမယ့် ၀ါဒါဘရီမင်ရဲ့ခြေစွမ်းကို လျှော့တွက်လို့မရသေးဘူး။ ဒေါ့မွန်၊ ဘိုင်ယန်အသင်းတွေကို ကပ်အရေးနိမ့်ခဲ့ပြီး အော့စ်ဘတ်ကိုလည်း အဝေးကွင်းမှာ (၂) ကြိမ်တိုင် ဦးဆောင်ပြီးမှ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးပေးခဲ့ရတာပါ။
မိုချန်ဂလာဘတ်ကတော့ ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပြန်ဆက်လာတယ်။
ဝါဒါဘရီမင် ရှုံးဖို့မရှိပါဘူး။
■ဒမ်းစတက်ဒ် နှင့် ဒေါ့မွန် (စနေည ၉း၀၀ နာရီ)
ဒမ်းစတက်ဒ်ရဲ့ဘွန်ဒစ်လီဂါအနာဂတ်က အဆုံးသတ်ဖို့ သေချာသလောက်ရှိနေပါပြီ။ ဒေါ့မွန်အသင်း အဝေးကွင်းမှာ
ဂိုး ပြတ်နိုင်ဖို့များတယ်။
■လိုက်ပ်ဇစ် နှင့် ဟမ်းဘတ် (စနေည ၉း၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းရဲ့ ဒီရာသီရှုံးပွဲ(၃)ပွဲစလုံးက အဝေးကွင်း မှာဖြစ်ခဲ့တာပါ။ အိမ်ကွင်းမှာတော့ မိုချန်နဲ့ပွဲသာ သရေကျပြီး ကျန်ပွဲ အားလုံးကို အနိုင်ကစားထားခဲ့ပါတယ်။ ထိပ်ဆုံးက ဘိုင်ယန်နဲ့ လည်း (၄)မှတ်ပဲကွာဟသေးလို့ အခုလိုပွဲမျိုးကို ပြန်အားထည့် က စားမှာသေချာတယ်။ ဟမ်းဘတ်ကတော့ အဝေးကွင်းသိပ်မစွံဘူး။
ဒါပေမဲ့ တန်းဆင်းဇုန်ဖိအားကြောင့် ရုန်းကန်လာနိုင်ပါတယ်။
ဂိုး ပြတ်ရှုံးဖို့မရှိတဲ့ ဟမ်းဘတ်ကို ပိုကြိုက်တယ်။
■ရှော်လ်ကေး နှင့် ဟာသာဘာလင် (စနေည ၁၂း၀၀ နာရီ)
ရှော်လ်ကေးအသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ တည်ငြိမ်မှုရလုနီးပါးဖြစ်နေတဲ့ အသင်းအထိုင်ပါ ပျက်စီးသွားခဲ့ရတယ်။ လက်ရှိရှော်လ်ကေးတိုက်စစ်က ပြီးခဲ့တဲ့ဇန်န၀ါရီမှာ အားသစ်လောင်းထားပါတယ်။
ဘော့စတယ်လာ-ကာလီဂူရီအတွဲက အချိန်အတိုင်းအတာတစ်ခုလောက်တော့ စောင့်ကြည့်ရဦးမယ်ထင်တယ်။ ရှော်လ်ကေးမှာ သိ သိသာသာပြောင်းလဲလာတာကတော့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ပါပဲ။ အမှတ်ပေးပွဲနောက်ဆုံး(၁၅)ပွဲမှာ (၁)ဂိုးအထက် ပေးရတဲ့ ပွဲ (၃)ပွဲသာရှိခဲ့ပါတယ်။ ဟာသာဘာလင်တိုက်စစ်ကလည်း သိပ်ပုံမလာတော့ဘူး။ အိုင်ဘီဆီဗစ် ဘွန်ဒစ်လီဂါ(၆)ပွဲဆက် ဂိုး ပေါက်ပျောက်နေချိန်မှာ (၁)ပွဲ၊ (၁)ဂိုးလောက်ရဖို့တောင် အတော်လေးရုန်းကန်နေရတယ်။ နောက်ဆုံးပွဲမှာ ဟာသာဘာလင် နိုင်ပွဲပြန်ရထားပေမယ့် တန်းဆင်းဇုန်ထဲက အင်ဂိုးလ်စတက်ဒ်အသင်း ဂိုးကံခေခဲ့လို့သာ ကံကောင်းခဲ့ရတာဖြစ်ပါတယ်။ အဝေးကွင်းရှုံးပွဲဆက်နေတဲ့ ဟာသာဘာလင်ထက် ရှော်လ်ကေးကိုပဲ ရွေးချင်တယ်။

No comments:

Post a Comment