Thursday, February 23, 2017

ရုပ်သံဈေးကွက်ကြောင့် ချယ်လ်ဆီးနှင့် ကစားရမည့်ပွဲကို တနင်္လာနေ့သို့ ရွှေ့ကစားမည့်အပေါ် မော်ရင်ဟို ဒေါသထွက်

မန်ယူအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် FA ဖလားပွဲစဉ်အား တနင်္လာနေ့သို့ နောက်ဆုတ်ကစားမည့်အပေါ် စိတ်ဆိုးဒေါသထွက်နေကြောင်း သိရှိရသည်။
ရုပ်သံမူပိုင်ခွင့်ရထားသူများ၏အစီအစဉ်အရ FA က ချယ်လ်ဆီး-မန်ယူပွဲစဉ်ကို တနင်္လာနေ့ကို ရှေ့တိုးကစားစေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ရှေ့တိုးခဲ့ခြင်းအတွက် မန်ယူအသင်းသည် ယူရိုပါလိဂ် (၁၆)သင်းရှုံးထွက်ပွဲစဉ်ကစားမည့်နေ့နှင့် အလွန်နီးကပ်သွားခဲ့သည်။
မန်ယူအသင်းသည် ယူရိုပါလိဂ် (၁၆)သင်းရှုံးထွက်အဆင့်တွင်မည်သည့်အသင်းနှင့် တွေ့မည်ကို မသိရသေးသော်လည်း ပြည်ပကလပ်အသင်းတစ်သင်းသင်းနှင့် ကစားမည်ဆိုပါက ပြန်လည်အားဖြည့်မည့်အချိန်၊ လေ့ကျင့်ချိန် အလုံအလောက်ရရှိတော့မည်မဟုတ်ချေ။ ယင်းပွဲသည် ယူရိုပါလိဂ်ပထမအကျော့နှင့် ဒုတိယအကျော့ ပွဲစဉ်ကြားတွင် ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲသည် အိမ်ကွင်းပွဲစဉ် မဟုတ်ဘဲ အဝေးကွင်းပွဲစဉ်ကိုဖြစ်နေပါက ပိုဆိုးသွားမည့်အခြေအနေတွင်ရှိနေသည်။
ယင်းအတွက်ကြောင့် မော်ရင်ဟိုက "ဥရောပပွဲကစားမယ့်အသင်းတစ်သင်းကို ဒီလိုဆုံးဖြတ်ချက်ချတယ်ဆိုတာကို ကျွန်တော် တော်တော်လေး အံ့သြမိတယ်။ ယူရိုပါလိဂ် နောက်တစ်ဆင့်မှာ ကျွန်တော်တို့ ဘယ်သူနဲ့ ကစားရမယ်။ အိမ်ကွင်းလား၊ အဝေးကွင်းလားတောင် မသိသေးတဲ့အချိန်မှာ ဒီလို ရှေ့တိုးပြီး ဆုံးဖြတ်တာ မယုံနိုင်စရာပဲ။ ကျွန်တော်တို့က ချယ်လ်ဆီးနဲ့ တနင်္လာနေ့မှာကစားရမယ်။ ပြီးရင် ယူရိုပါလိဂ် ဒုတိယအကျော့ကို ရုရှား၊ တူရကီ၊ ဂရိ တို့လို နိုင်ငံတွေကို သွားကစားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အင်္ဂလိပ်ဘောလုံးဟာ ဥရောပမှာ အောင်မြင်ဖို့ ဒီ့ထက်ပိုပြီး ဂရုတစိုက်လုပ်သင့်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။
Photo: Mirror

ယူရိုပါလိဂ် ပွဲစဉ်များ အကြိုသုံးသပ်ချက်

 စပါး နှင့် KAAဂျန့် စပါးအသင်းကစားပုံက တဖြည်းဖြည်းနဲ့ခြေကုန်လက်ပန်း ကျလာတဲ့ပုံပါပဲ။ ရလဒ်ပိုင်းကလည်း ယိုင်ဆင်းနေတာတွေ့ရ တယ်။ အသင်းရဲ့ ပထမဦးစားပေး နဲ့ အရံကစားသမားတွေကြား ခြေစွမ်းကွာဟချက်ကြီးမားတာကလည်း စပါးနည်းပြ ပိုချက်တီ နို ခေါင်းခဲနေရတဲ့ အဓိကပြဿနာတစ်ခုပါ။ အဓိကကစားသမားတွေကိုပဲ ဆက်တိုက်သုံးနေရလို့ အချိန်ကြာလာတဲ့အခါမှာ အ သင်းအနေနဲ့ ပွဲပန်းတဲ့ဒဏ်ခံလာရတာ သိပ်တော့မဆန်းပါဘူး။ ပထမအကျော့မှာ အရံကစားသမားတချို့ကို ပွဲထုတ်ခဲ့လို့ စပါးရဲ့ မူလပုံစံပါပျောက်သွားပြီး ရှုံးပွဲတွေ့ခဲ့တာပါ။ အခုပွဲတော့ ပိုချက်တီနိုက လူစုံပွဲထုတ်လာဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီ က စပါးအသင်း ယူရိုပါလိဂ်ကို စောစောလက်လွှတ်ခဲ့တာ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စပါး အနေနဲ့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာလို့ ယူရိုပါလိဂ်ကို အရံသဘောမျိုးထားပြီး အာရုံစိုက် ကစားဖို့ရှိပါတယ်။ KAA ဂျန့်က ပထမအကျော့မှာနိုင်ထားပေမယ့် ခြေစွမ်းက သာမန်ထက်မပိုပါဘူး။ ကစားသမားပိုင်းကလည်း ဒုတိယတန်းစားအဆင့်လောက်ပဲရှိပါတယ်။ စပါး ဂိုးပြတ်နိုင်ဖို့များပါတယ်။
■ ဖီအိုရင်တီးနား နှင့် မိုချန်ဂလာဘတ်
ဖီအိုရင်တီးနားအသင်း ဒီရာသီအိမ်ကွင်းပွဲတွေမှာ အရေး မပါတော့တဲ့ PAOK ပွဲစဉ်(၁)ပွဲပဲ အရေးနိမ့်ထားခဲ့ပါတယ်။ အ ဝေးကွင်းမှာတောင် အနိုင်ကစားထားလို့ ဖီအိုရင်တီးနား အခုပွဲ မှာ အမှားအယွင်းနည်းအောင်ပဲ အာရုံစိုက်လိမ့်မယ်။ မိုချန်ဂ လာဘတ်ကတော့ ဖောင်ဖျက်ကစားရတော့မှာပါ။ ဖီအိုရင်တီး နား ရှုံးဖို့တော့မရှိပါဘူး။
■ ရှက်တာဒိုးနက် နှင့် ဆယ်လ်တာဗီဂို
ပထမအကျော့မှာ ရှက်တာဒိုးနက်အသင်း ကံကောင်းလို့ သာ အနိုင်ရခဲ့တာပါ။ ရှက်တာဒိုးနက်က ဥရောပပြိုင်ပွဲတွေမှာ လျှော့ကစားတတ်တဲ့အသင်းမဟုတ်ပေမယ့် ဆယ်လ်တာဗီဂို ရဲ့ ရုန်းကန်လာနိုင်စွမ်းကိုလည်း ထည့်တွက်ရမယ်။ ရှက်တာဒိုး နက် အနိုင်ရရင်တောင် ဂိုးပြတ်ဖို့မလွယ်လို့ ဆယ်လ်တာကို ပို ကြိုက်တယ်။
■ ရိုးမား နှင့် ဗီလာရီးယဲလ်
ရိုးမားအသင်း အခုပွဲပြီးရင် စီးရီးအေပွဲကျပ်တွေကစားဖို့ ရှိပါတယ်။ ဗီလာရီးယဲလ်ကလည်း မခြားနားပါဘူး။ ဒီပွဲပြီးရင် ရီးယဲလ်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိတယ်။ သေချာတာ က (၂)သင်းစလုံး အရံအများစုကိုပဲ ထုတ်သုံးမှာပါ။ အရံအင် အားပိုကောင်းတဲ့ ရိုးမားပဲ နိုင်ပွဲဆက်ဖို့များတယ်။
■ အေဂျက်စ် နှင့် လီဂီယာဝါဆော
အေဂျက်စ်အသင်းက ပြီးခဲ့တဲ့ယူရိုပါလိဂ် အုပ်စုအဆင့် မှာ အိမ်ကွင်းပွဲတိုင်း အနိုင်ရထားပါတယ်။ လီဂီယာဝါဆောက တော့ အဝေးကွင်းမှာ တန်းမရှိတဲ့အသင်းပါ။ အေဂျက်စ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
■ လိုင်ယွန် နှင့် အယ်လ်ခမာ
ပထမအကျော့မှာ လိုင်ယွန်အသင်း အခွင့်အရေးတွေ အမိ အရ အသုံးချနိုင်လို့သာ ဂိုးပြတ်ခဲ့တာပါ။ ခြေတော့မကွာခဲ့ပါဘူး။ အိမ်ရှင်အရံတွေထုတ်သုံးနိုင်လို့ အယ်လ်ခမာကိုကြိုက်တယ်။
■ KRC ဂျန့် နှင့် အက်ထရာ
ဘယ်လ်ဂျီယံမြေမှာ အက်ထရာအသင်း ရသလောက်ခံ ကစားဦးမှာပါ။ စိတ်ဓာတ်လည်းကောင်းတယ်။ KRC ဂျန့်အ သင်း ဂိုးပြတ်နိုင်ဖို့မရှိပါဘူး။
■ အူစမန်လစ္စပေါ် နှင့် အိုလံပီယာကော့စ်
ဥရောပအတွေ့အကြုံများလွန်းတာကြောင့်သာ အိုလံပီ ယာကော့စ် ရေပန်းစားနေတာပါ။ တူရကီမြေမှာတော့ ဧည့်သည် အသင်း သိပ်မလွယ်လှဘူး။ အူစမန်လစ္စပေါ် ပွဲချိန်မိနစ်(၉၀)အ တွင်း ရှုံးဖို့မရှိတာသေချာပါတယ်။
■ ဇင်းနစ် နှင့် အန်ဒါလက်ခ်ျ
ဇင်းနစ်အသင်း ဘယ်လ်ဂျီယံမြေမှာ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်တွေမှာ အသာစီးရခဲ့ပေမယ့် ဂိုးပြတ်ရှုံးခဲ့တာ အံ့ အားသင့်စရာပါ။ ဒါပေမဲ့ ဇင်းနစ်လိုအသင်းမျိုးက လျှော့တွက်လို့ မရပါဘူး။ မထင်မှတ်တာတွေလည်း လုပ်ပြနိုင်စွမ်းရှိတယ်။ ဇင်း နစ် အနိုင်သေချာပါတယ်။
■ အပိုးလ်နီကိုးရှား နှင့် ဘီလ်ဘာအို
ပထမအကျော့တုန်းက ပွဲပြီးခါနီးဂိုးတစ်ဂိုး ပြန်ပေးလိုက် ရလို့ ဘီလ်ဘာအို ကပ်အနိုင်ရခဲ့ပေမယ့် သိပ်တော့ပြဿနာမ ရှိနိုင်ပါဘူး။ ဒါပေမဲ့ ဘီလ်ဘာအို ဥရောပပွဲတွေမှာ အဝေးကွင်း အားနည်းချက်များတာ သတိပြုရမှာပါ။ ဘီလ်ဘာအိုအသင်း သ ရေလောက်ပဲ ပစ်မှတ်ထားဖို့ရှိလို့ အိမ်ရှင်ကို ရွေးချယ်ချင်တယ်။
■ FC ကိုပင်ဟေဂင် နှင့် လူဒိုဂိုရတ်စ်
FC ကိုပင်ဟေဂင်အသင်းရဲ့အိမ်ကွင်းခြေစွမ်းက သိပ် စိတ်မချရတော့ဘူး။ ဖောင်ဖျက်ကစားလာနိုင်တဲ့ လူဒိုဂိုရတ်စ်နဲ့ ပဲစွန့်စားသင့်တယ်။
■ ဘက်ဆစ်တက် နှင့် ဟာပိုးလ်ဘီအာရှီဗာ
ဘက်ဆစ်တက်အသင်း ဘယ်လိုကစားသွားမလဲဆိုတဲ့ အပေါ် မှာပဲ အဓိကမူတည်ပါတယ်။ လူစုံထုတ်ရင်တော့ အိမ်ရှင် နိုင်ပွဲဆက်ဖို့ရှိတယ်။
■ စပါတာပရပ်ဂ် နှင့် ရော့စတော့ဗ်
ရော့စတော့ဗ်က ချက်မြေမှာ အိမ်ရှင်အသင်းကို သိက္ခာ ဆယ်ခွင့် ပြန်ပေးပါလိမ့်မယ်။ စပါတာပရပ်ဂ် မျှော်လင့်ချက်မရှိ တော့ပေမယ့် အနိုင်ကစားသွားဖို့များတယ်။

Wednesday, February 22, 2017

မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ပေါ်တို - ဂျူဗင်တပ်စ်           (၂၃-၂-၂၀၁၇ နံနက် ၂း၁၅)
--------------------------------------------------------------

          ပေါ်တိုက ပေါ်တူဂီလိဂ်မှာ နိုင်ပွဲတွေဆက်နေသလို၊ ဂျူဗင်တပ်စ်ကလည်း စီးရီးအေမှာ နိုင်ပွဲတွေဆက်နေတယ်။ နှစ်သင်း စလုံးက အကောင်းဆုံးပုံစံရနေတဲ့အသင်းတွေပါ။ ပြီးတော့ ချန်ပီယံလိဂ်မှာ အတွေ့အကြုံရော၊ အစဉ်အလာပါကြီးတဲ့အသင်းတွေ ဖြစ်တယ်။ လက်ရှိ လူအင်အားအရ ဂျူဗင်တပ်စ်သာသလို၊ ခြေစွမ်းနဲ့ ကစားကွက်လည်း သာပါတယ်။ ဒါပေမဲ့ ပေါ်တိုက ဂျူဗင် တပ်စ်ကို မထင်မှတ်ဘဲ ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးရှိတယ်။ အိမ်ကွင်းမှာ အနိုင်ကစားထားမှ နောက်တစ်ဆင့်အတွက် ပေါ်တိုမျှော် လင့်ခွင့်ရှိမယ်။ ဂျူဗင်တပ်စ်ကတော့ သရေဆိုရင် ကျေနပ်စရာအနေအထားပါ။ သရေလောက်ပဲ ထိန်းကစားသွားမယ်ထင်တယ်။

ဆီဗီလာ - လက်စတာ           (၂၃-၂-၂၀၁၇ နံနက် ၂း၁၅)
-----------------------------------------------------------------

          လက်စတာက ဒီအဆင့်ကနေ နောက်တစ်ဆင့်ကိုတက်လေ ပရီးမီးယားလိဂ်အတွက် ဒုက္ခရောက်လေပဲ။ ပရီးမီးယားလိဂ် မှာ တန်းဆင်းဇုန်နဲ့ အရမ်းနီးကပ်သွားတာက စိုးရိမ်စရာဖြစ်သလို၊ ဒီပြိုင်ပွဲအပေါ်ထားတဲ့စိတ်ထားလည်း ပြောင်းသွားနိုင်တယ်။ နောက်တစ်ချက်က ဆီဗီလာရဲ့ ဥရောပအတွေ့အကြုံ၊ ဆီဗီလာရဲ့ ခြေစွမ်း၊ စုဖွဲ့မှုတွေကိုလည်း လက်စတာမမီပါဘူး။ စပိန်မြေမှာ ဆီဗီလာကို နိုင်ဖို့ဆိုတာကလည်း ဥရောပထိပ်တန်းအသင်းကြီးတွေလောက်သာ မျှော်လင့်နိုင်တာမျိုးပါ။ လက်စတာ သေချာ ပေါက်ရှုံးမယ်။ အာရုံစိုက်မှုအပေါ် မူတည်ပြီး ဂိုးပြတ်၊ မပြတ်ကွာသွားမယ်။

Tuesday, February 14, 2017

PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင် နှစ်သင်း နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့

■ PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင် နှစ်သင်း နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့

အင်္ဂါညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းတွေ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပြီး PSG ကွင်းမှာ ဘာစီလိုနာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

PSG အသင်းဟာ တိုက်စစ်မှာ ကာဗာနီ၊ ဒရက်ဇ်လာ၊ ဒီမာရီယာ၊ ကွင်းလယ်မှာ မာတွီဒီ၊ ရာဘီယော့၊ ဗာရက်တီတို့ကို ၄-၃-၃ ကစားကွက်နဲ့ ပွဲထုတ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းကလည်း တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ၊ ကွင်းလယ်မှာ အင်နီယေစတာ၊ အန်ဒရီဂိုးမက်ဇ်၊ ဘူးစကွက်စ်တို့ကို ၄-၃-၃ နဲ့ပဲ ပွဲထုတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရတာကလွဲရင် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မပြုလုပ်နိုင်ခဲ့ဘဲ MSN တိုက်စစ် ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့တာ တွေ့ရပါတယ်။ PSG အသင်းကတော့ ဘာစီလိုနာအသင်းရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပြီး နိုင်ပွဲကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာပါ။

PSG အသင်းအတွက် ဦးဆောင်ဂိုးကို (၁၈)မိနစ်မှာ ဒီမာရီယာက ဖရီးကစ်ကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ (၄၀)မိနစ်မှာတော့ PSG တောင်ပံကစားသမား ဒရက်ဇလာက ကွင်းလယ်လူ ဗာရက်တီရဲ့ ဖန်တီးမှုကို အဆုံးသတ်ပြီး ပထမပိုင်းမှာ PSG အသင်း (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်း (၅၅)မိနစ်မှာတော့ ဒီမာရီယာက (၁၈)ကိုက်စည်း အပြင်ကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး PSG အသင်း တတိယဂိုး ရခဲ့ပါတယ်။ (၇၁)မိနစ်မှာတော့ နောက်ခံလူ မီယူနီယာ ထိုးပေးတဲ့ဘောလုံးကို တိုက်စစ်မှူး ကာဗာနီ အပြင်းကန်သွင်းပြီး PSG အသင်း (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘင်ဖီကာနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘင်ဖီကာ အသင်းက (၄၈)မိနစ်မှာ တိုက်စစ်မှူး မီထရိုဂလူ အနီးကပ်အနေအထားကနေ သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ (၅၈)မိနစ်မှာ ဒေါ့မွန်အသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် အူဘာမီယန်းရဲ့ ကန်ချက်ကို ဘင်ဖီကာ ဂိုးသမား မိုရာယက်စ် ကာကွယ်နိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်း ချေပဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

■ ချန်ပီယံလိဂ် ရလဒ်များ
ဘင်ဖီကာ ၁-၀ ဒေါ့မွန်
PSG ၄-၀ ဘာစီလိုနာ

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
အက်စတွန်ဗီလာ ၁-၃ ဘန်စလေ
ဘရိုက်တန် ၁-၁ အစ်ဝစ်ခ်ျ
ဒါဘီ ၃-၄ ကာဒစ်ဖ်
ဖူလ်ဟမ် ၃-၂ နော်တင်ဟမ်
လိဒ်စ် ၂-၁ ဘရစ္စတိုးလ်စီးတီး
နောဝစ်ခ်ျ ၂-၂ နယူးကာဆယ်
ပရက်စတန် ၂-၁ ဘာမင်ဂမ်
ရော့သာဟမ် ၂-၃ ဟတ်ဒါဖီးလ်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ ဘလက်ဘန်း
ဝုလ်ဗ် ၀-၁ ၀ီဂန်
ရက်ဒင်း ၃-၂ ဘရန့်ဖို့ဒ်

Photos: DailyMail

မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် - အာဆင်နယ် (၁၆-၂-၂၀၁၇ နံနက် ၂း၁၅)
----------------------------------------------------------------

       ဘိုင်ယန်မြူးနစ်က  ဒီရာသီမှာ သိသိသာသာ ကျဆင်းနေတယ်။ နိုင်ပွဲတွေရနေဆဲဆိုပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့
နိုင်ပွဲတွေက ဆက်လာတယ်။ ချန်ပီယံလိဂ်မှာလည်း အုပ်စုဒုတိယရပဲရခဲ့တယ်။ အက်သလက်တီကိုကို နှစ်ကျော့ပေါင်းရလဒ်မှာ
နိမ့်ကျခဲ့သလို၊ ရော့စတော့ဗ်လိုအသင်းမျိုးကိုတောင် ရှုံးခဲ့တာမျိုးတွေ့ရတယ်။ အာဆင်နယ်က ပုံမှန်ပဲ။ ဒါပေမဲ့ ဘိုင်ယန်နဲ့ တွေ့ခါနီးမှ အာဆင်နယ်ရဲ့ရလဒ်တွေက ကျဆင်းနေတယ်။ ဟားလ်စီးတီးကို ခက်ခက်ခဲခဲမနိုင်ခင်မှာ နှစ်ပွဲဆက် ရှုံးခဲ့တယ်။ ချန်ပီယံလိဂ်မှာတော့ PSG နဲ့ သရေနှစ်ပွဲကလွဲရင် ပွဲတိုင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲလည်း ဘိုင်ယန်ကပ်နိုင်မှာပါ။

ရီးယဲလ်မက်ဒရစ် - နာပိုလီ (၁၆-၂-၂၀၁၇ နံနက် ၂း၁၅)
----------------------------------------------------------

       အဆင့်အတန်းကွာ၊ သမိုင်းကြောင်းကွာ၊ လူအင်အားကွာပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ နာပိုလီရဲ့ တိုက်စစ်အား၊ ဂိုးသွင်းနှုန်းကဥရောပထိပ်တန်းအဆင့်မှာ ရှိပြီး ရီးယဲလ်၊ ဘာစီလိုနာတို့လိုအသင်းတွေကိုတောင် ယှဉ်နိုင်တာ  ကိုတွေ့ရတယ်။ လက်ရှိအချိန်မှာ ရီးယဲလ်က ပုံမှန်အဆင့်အတန်းမှာ ထိန်းထားနိုင်သလို၊ နာပိုလီကလည်း ခြေပြန်တက်လာပြီးအကောင်းဆုံးပုံစံ ပြန်ရနေတယ်။ ရီးယဲလ်ရဲ့အင်အားကို မယှဉ်နိုင်ပေမယ့် စုဖွဲ့မှုကောင်းတဲ့အသင်းဖြစ်နေတာကြောင့် နာပိုလီဒုက္ခတော့ပေးနိုင်သင့်တယ်။ ဒါပေမဲ့ နာပိုလီက ခံကစားရင်အားနည်းချက်ရှိတယ်။ ဒီအချက်ကြောင့်ပဲ ရီးယဲလ်ဂိုးပြတ်နိုင်ဖို့များပါတယ်။

Sunday, February 12, 2017

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ဘန်လေ - ချယ်လ်ဆီး (၁၂-၂-၂၀၁၇ ည ၈း၀၀)
---------------------------------------------------
ဘန်လေက ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး (၅)ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့အသင်းဖြစ်တယ်။ ဒီ (၅)ပွဲမှာ ဘုန်းမောက်၊
မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်း၊ ဆောက်သမ်တန်၊ လက်စတာတို့ကိုနိုင်ခဲ့တယ်။ ရာသီတစ်လျှောက်လုံးအနေနဲ့ကြည့်ရင် အိမ်ကွင်း (၁၃)ပွဲမှာ (၉)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးကစားခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းမှတ်တမ်းမှာ ချယ်လ်ဆီးနဲ့ စပါးပြီးရင် အမှတ်အများဆုံး ယူထားနိုင်တဲ့အသင်းဖြစ်တယ်။ ဂိုးကွာခြားချက်က (+၁၀)ပဲ ရှိတာတော့ စိုးရိမ်စရာ ကောင်းတယ်။ (၁၃)ပွဲမှာ(၉)ပွဲနိုင်ထားတဲ့ အသင်းရဲ့ ဂိုးကွာခြားချက်ဟာ အနည်းဆုံးတော့ (+၁၅) ရှိသင့်တယ်။ ဘန်လေရဲ့ သွင်းဂိုး အရမ်းနည်းနေတယ်ဆိုတဲ့သဘောက ကျဉ်းမြောင်းတဲ့နိုင်ပွဲတွေ အရမ်းများနေတာကို ပြတယ်။ ဒီအချက်က ချယ်လ်ဆီးလို ခြေစွမ်းပြနေတဲ့အသင်းနဲ့ ရင်ဆိုင်တဲ့အခါမှာ ပုံမှန်ပြနေကျ အိမ်ကွင်းနိုင်ပွဲက ဒီပွဲမှာတော့ စိုးရိမ်စရာရှိတယ်။ ချယ်လ်ဆီးကလည်း
ဒီရာသီမှာ အဝေးကွင်းအကောင်းဆုံးအသင်းဖြစ်နေတယ်။ လက်ရှိအချိန်မှာ ပုံစံကောင်းပြနေတယ်။ ကစားသမားအင်အား အရမ်းကွာတယ်။ အဖက်ဖက်က ခြုံကြည့်ရင် ချယ်လ်ဆီး ဂိုးမပြတ်ဘဲ နိုင်မယ့်ပွဲလို့ မြင်တယ်။
ဆွမ်ဆီး - လက်စတာ (၁၂-၂-၂၀၁၇ ည ၁၀း၃၀)
-------------------------------------------------------
လက်စတာက ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ။ ရလဒ်တွေက ထိုးကျနေတယ်။ ဒီအချိန်မှာ ပြန်တက်လာဖို့ခက်ပါတယ်။ လူပြန်စုံနေပေမယ့် စုဖွဲ့မှုပျက်စီးနေတယ်။ ဆွမ်ဆီးက တောက်လျှောက် ခြေစွမ်းပြနေတဲ့အသင်းပါ။ ပေါလ်ကလီမန့်လက်ထက်မှာ ရလဒ်တွေကောင်းနေတယ်။ ဒီပွဲလည်း ဆွမ်ဆီးနိုင်ဖို့များတယ်။

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ခရိုတိုနီ - ရိုးမား (၁၂-၂-၂၀၁၇ ညနေ ၆း၀၀)
-----------------------------------------------
ခရိုတိုနီက ရလဒ်တွေတက်လာတယ်။ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း (၇)ပွဲမှာ (၃)ပွဲနိုင်ခဲ့တယ်ဆိုတာ တော်တော်လေး
အားကောင်းတဲ့အနေအထားပါ။ ပြိုင်ဘက်ကသာ ရိုးမားမဟုတ်ဘူးဆိုရင် တော်တော်လေး ဒုက္ခပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ရိုးမားကိုတော့ ယှဉ်နိုင်ဖို့မလွယ်ဘူး။ ရိုးမား ပွဲပန်းထားတာကြောင့် ခရိုတိုနီ ဂိုးပြတ်မရှုံးအောင် ကစားနိုင်မယ်လို့ထင်တယ်။
ပါလာမို - အတ္တလန်တာ (၁၂-၂-၂၀၁၇ ည ၈း၃၀)
----------------------------------------------------
ပါလာမိုက နာပိုလီကို မထင်မှတ်ဘဲ သရေကစားခဲ့ပြီးတော့ ပြီးခဲ့တဲ့ပွဲမှာလည်း ခရိုတိုနီကို အနိုင်ရခဲ့တယ်။ အသင်းက တန်းဆင်းရဖို့
များနေပါပြီ။ ဒါပေမဲ့ ရလဒ်တွေပြန်တက်လာတယ်။ ဒီပွဲမှာသာ အတ္တလန်တာကိုနိုင်ခဲ့ရင် (၈)မှတ်ကွာနေတဲ့ အမ်ပိုလီကို အမီလိုက်ဖို့
မျှော်လင့်ချက်ပိုရှိသွားမယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ သရေလောက်ပဲရမယ်။
ဆာဆူအိုလို - ချီယေဗို (၁၂-၂-၂၀၁၇ ည ၈း၃၀)
---------------------------------------------------
ဆာဆူအိုလိုက အရင်ရာသီတွေလောက် အားမကောင်းတော့ဘူး။ အိမ်ကွင်းမှာတောင် သိပ်စိတ်မချရဘူး။ နောက်ဆုံး အိမ်ကွင်းပွဲစဉ် (၆)ပွဲမှာလည်း (၂)ပွဲပဲနိုင်ခဲ့တယ်။ ချီယေဗိုကတော့ ထုံးစံအတိုင်းမထင်မှတ်တဲ့ရလဒ်တွေ ယူပြတတ်တဲ့
အသင်းဖြစ်ပြီး အောက်အသင်းအချင်းချင်းဆိုရင် အားနည်းနေတတ်ပြန်တယ်။ ဆာဆူအိုလို သရေနဲ့ အနိုင်ပါပဲ။
အင်တာမီလန် - အမ်ပိုလီ (၁၂-၂-၂၀၁၇ ည ၈း၃၀)
------------------------------------------------------
အင်တာမီလန်က တောက်လျှောက်နိုင်ပွဲတွေရခဲ့ပြီးမှ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်မှာ နိုင်ပွဲရပ်တန့်သွားခဲ့တယ်။ သူတို့အတွက် ဒီပွဲမှာ ပြန်လာနိုင်ဖို့က အရမ်းအရေးကြီးတယ်။ တုံ့ပြန်မှုကောင်းကို ပြနိုင်ရင်နောက်ပွဲတွေအတွက် ယုံကြည်မှုရှိလာလိမ့်မယ်။ အမ်ပိုလီက ဒီရာသီအဝေးကွင်း (၁၁)ပွဲမှာ (၁)ပွဲပဲနိုင်ထားတဲ့အသင်းပါ။ အင်တာမီလန် သေချာပေါက်နိုင်မယ်။ ဂိုးပြတ်မယ်။
တိုရီနို - ပက်စ်ကာရာ (၁၂-၂-၂၀၁၇ ည ၈း၃၀)
-------------------------------------------------
တိုရီနိုက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၆)ပွဲမှာ တစ်ပွဲပဲ နိုင်ခဲ့တယ်။ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာတော့ ရလဒ်မဆိုးဘူး။ (၃)ပွဲနိုင်ခဲ့တာကိုတွေ့ရတယ်။ လက်ရှိအနေအထားအရ ပက်စ်ကာရာလိုအသင်းမျိုးကို အနိုင်ကစားနိုင်စွမ်း ရှိတယ်ဆိုပေမယ့်
ဂိုးတွေအများကြီး သွင်းနိုင်မယ်တော့ မထင်ဘူး။ တိုရီနိုဂိုးမပြတ်ဘဲ နိုင်လိမ့်မယ်။
ဆမ်ဒိုးရီးယား - ဘိုလော့ဂ်နာ (၁၂-၂-၂၀၁၇ ည ၁၁း၃၀)
----------------------------------------------------------
ဆမ်ဒိုးရီးယားက အဆင့် (၁၀)၊ ဘိုလော့ဂ်နာကအဆင့် (၁၄)ဆိုတော့ သိပ်မကွာဘူး။ ဒါပေမဲ့ အစဉ်အလာအရ ဘိုလော့ဂ်နာနဲ့
အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲနိုင်ခဲ့တယ်။ ဒီပွဲလည်း ဆမ်ဒိုးရီးယား နိုင်လိမ့်မယ်။
ကာဂလီယာရီ - ဂျူဗင်တပ်စ် (၁၃-၂-၂၀၁၇ နံနက် ၂း၁၅)
------------------------------------------------------------
ကာဂလီယာရီက (၂၃)ပွဲကစားပြီးချိန်မှာ ဂျူဗင်တပ်စ်ရဲ့ အမှတ်တစ်ဝက်တောင် မရထားဘူး။ အသင်းနှစ်သင်းရဲ့ ခြေစွမ်း၊
အဆင့်အတန်း၊ လူအင်အား၊ ရလဒ်တွေက အရမ်းကွာပါတယ်။ ဂျူဗင်တပ်စ်က စီးရီးအေမှာ လိုသလို ကစားနိုင်တဲ့အနေအထား
မှာရှိတယ်။ ကာဂလီယာရီလိုအသင်းမျိုးကို အနိုင်ရဖို့အတွက်လည်း သိပ်အခက်အခဲမရှိပါဘူး။

ယနေ့ညနှင့်မနက်ဖြန်နံနက်အစောပိုင်းယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညနှင့်မနက်ဖြန်နံနက်အစောပိုင်းယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ရန်းစ် - နိုက်စ် (၁၂-၂-၂၀၁၇ ည ၈း၃၀)
------------------------------------------
ရာသီအစတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အထိ ရန်းစ် တောက်ပခဲ့ပေမယ့် လက်ရှိအချိန်မှာ ရန်းစ်ရဲ့
ဟန်းနီးမွန်းကာလ ကုန်ဆုံးနေပြီလို့ ဆိုရပါမယ်။ ဒါပေမဲ့ နိုက်စ်ကလည်း အဝေးကွင်းမှာ အမှတ်လေလွင့်တတ်လို့ ရန်းစ် ရှုံးဖို့မရှိပါဘူး။
စိန့်အက်တီယန် - လော်ရီယန့် (၁၂-၂-၂၀၁၇ ည ၁၀း၃၀)
-------------------------------------------------------------
စိန့်အက်တီယန် ဂိုးသွင်းအားပြန်ကောင်းလာပြီ။ ဒီအချိန်မှာ အဝေးကွင်းဆို ခံစစ်ဖရိုဖရဲဖြစ်တတ်လွန်းတဲ့ လော်ရီယန့်နဲ့
ဆုံတွေ့ရမှာဖြစ်လို့ နောက်ထပ်အိမ်ကွင်းနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ဖို့ နီးစပ်လွန်းပါတယ်။ လော်ရီယန့်မှာ တန်းဆင်းဇုန်
ရုန်းအားရှိပေမယ့် စိန့်အက်တီယန် ဂိုးနည်းနည်းနဲ့နိုင်မယ်။
နန့်စ် - မာဆေးလ် (၁၃-၂-၂၀၁၇ နံနက် ၂း၃၀)
--------------------------------------------------
မာဆေးလ်ရဲ့ အဝေးကွင်းခြေစွမ်းက ယုံရခက်ပါတယ်။ ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲတစ်ပွဲသာရထားတဲ့အထိ ယိမ်းယိုင်နေပါတယ်။
နန့်စ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ အရေးနိမ့်ထားပေမယ့် မာဆေးလ်တိုက်စစ်အဝေးကွင်းမှာ ဂိုးရဖို့ခက်တတ်လို့ နန့်စ်နဲ့ပဲ
အရဲစွန့်စေချင်တယ်။

ဆန်းချက်ဇ်၏လက်ထိဘောအား ဂိုးဝင်ခွင့်ပေးခဲ့မိခြင်းအတွက် ဟားလ်စီးတီးအသင်းကို ကလက်တန်ဘတ်ပြန်လည်တောင်းပန်

ဆန်းချက်ဇ်၏လက်ထိဘောအား ဂိုးဝင်ခွင့်ပေးခဲ့မိခြင်းအတွက် ဟားလ်စီးတီးအသင်းကို ကလက်တန်ဘတ်ပြန်လည်တောင်းပန်
ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော အာဆင်နယ်(၂-၀)ဟားလ်စီးတီးပွဲ စဉ်၌ ပွဲချိန်(၃၄)မိနစ်တွင် အာဆင်နယ်ကစားသမား ဆန်းချက်ဇ်၏ လက် ထိဘောကို ဂိုးအဖြစ်ခွင့်ပြုမိခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ်ကပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲတွင် အာဆင်နယ်နောက်ခံလူ ကီရင်ဂစ်ဘ် ဂိုးရှေ့သို့ ကန် သည့်ဘောလုံးအား ဟားလ်စီးတီးကစားသမားတစ်ဦး
က တားဆီးခဲ့ရာတွင် ပြန်ကန်ထွက်လာပြီး ဆန်းချက်ဇ်က ပိတ်သွင်းခဲ့သည်။ ဆန်းချက်ဇ်သည် ယင်းဂိုးသွင်းရန် ကြိုးစားခဲ့ရာ၌ ဘောလုံးမှာ သူ၏ညာလက်ဖြင့်ထိပြီးမှ ဟားလ်စီးတီးဂိုးထဲသို့ ၀င်သွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကို ရုပ်သံပြကွက်များ၌ ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပြီး ဟားလ်စီးတီးကစားသမားများက လက်ထိဘောအဖြစ်ကန့်ကွက်ခဲ့ ကြသော်လည်း ဒိုင်လူကြီး ကလက်တန်ဘတ်က ဂိုးအဖြစ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကလက်တန်ဘတ်သည် သူ၏အမှားကို ပြန်လည်သိမြင်ပြီးနောက် ယင်းပွဲ၏ ပထမပိုင်းနားနေချိန်တွင် မိမိတို့အား ပြန်လည်တောင်းပန်ခဲ့သည်ဟု ဟားလ်စီးတီးနောက်ခံလူ အန်ဒရူးရော်ဘတ်ဆန်က ပြောကြားခဲ့သည်။ "ဒိုင်လူကြီးဟာ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ကို ဒီဂိုးအတွက် တောင်းပန်ခဲ့ပါတယ်။ ဒါဟာ လက်ထိဘောဖြစ်ခဲ့တယ်လို့ သူ ပြောခဲ့ပါတယ်။ ဒီဂိုးကိုခွင့်ပြုခဲ့တာ မှားယွင်းခဲ့တယ်လို့ သူနားလည်လိုက်ပါတယ်။ သူ့အတွက်လည်း
ခက်ခဲစေတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီလိုကွင်းကြီးတွေမှာ တာဝန်ယူရရင် ရံဖန်ရံခါ ကိုယ်ဆန္ဒရှိသလိုဖြစ်မလာဘဲ မှားယွင်းမှုတွေကို
ကြုံတွေ့ရတတ်ပါတယ်။ ကလက်တန်ဘတ်ဟာ ဒီဖြစ်ရပ်မှာ လက်ထိဘောလို့ မသတ်မှတ်ခဲ့တာ သူ့ဘက်က ရာနှုန်းပြည့်သေ
ချာမှုမရှိတာကြောင့်ဖြစ်တယ်လို့ ကျွန်တော်တို့ကိုရှင်းပြပါတယ်"ဟု ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။
ထို့ပြင် စကော့တလန်နောက်ခံလူ ရော်ဘတ်ဆန်က ကလက်တန်ဘတ်၏ရိုးသားစွာ ၀န်ခံပြောကြားမှုကိုလည်း
ချီးကျူးခဲ့သည်။ "ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားယွင်းတယ်လို့ဝန်ခံတဲ့ ဒိုင်လူကြီး များများစားစား မရှိပါဘူး။ ဖြစ်ပြီးခဲ့သမျှကို ဘာမှပြန်လည် ပြင်ဆင်လို့ မရတော့ပေမယ့် ဒီလိုဝန်ခံတာကတော့ ကောင်းတဲ့လုပ်ရပ်တစ်ခုပါ"ဟု ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။ သို့သော် ယင်းပွဲဒုတိယပိုင်းမှ ကလက်တန်ဘတ်၏ဆုံးဖြတ်ချက်အချို့နှင့်ပတ်သက်၍ ဟားလ်စီးတီး
ကစားသမားများမှာ စိတ်ပျက်ခဲ့ရသည်။ ကလက်တန်ဘတ်သည် ဟားလ်စီးတီးကွင်းလယ်လူ မာကိုဗစ်ကိုကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့သည့် အာဆင်နယ်နောက်ခံလူ ကီရင်ဂစ်ဘ်အား အနီကတ်ပြထုတ်ပယ်ရန် ပျက်ကွက်ခဲ့သလို၊
ပွဲပြီးခါနီး၌လည်း ဟားလ်စီးတီးကွင်းလယ်လူ ကလူးကပ်စ်ကို တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့ပြီး အာဆင်နယ်ဘက်သို့ ပယ်
နယ်တီပေးခဲ့သည်။ ယင်းဖြစ်ရပ်မှာ အာဆင်နယ်တိုက်စစ်မှူး ပီရက်ဇ်ပိတ်သွင်းသည့် ဘောလုံးကို ကလူးကပ်စ်က
တားဆီးရန်ကြိုးစားရာမှ သူ၏လက်မောင်းဖြင့် ထိမိခဲ့ခြင်းဖြစ်ပြီး ဂိုးဝင်ခါနီးဘောလုံးကို လက်ဖြင့်တားဆီးသည်ဟုဆိုကာ
ကလက်တန်ဘတ်က တိုက်ရိုက်အနီပြခဲ့ခြင်းဖြစ်သည်။
Photo:Skysports


ယနေ့ညယှဉ်ပြိုင်ကစားမည့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ဝုလ်ဖ်ဘတ် - ဟော်ဖန်ဟင်မ် (၁၂-၂-၂၀၁၇ ည ၉း၀၀)
----------------------------------------------------------
ဟော်ဖန်ဟင်မ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ပစ်မှတ်ထားကစားနေပုံရတယ်။ အသင်းရဲ့ခြေစွမ်း၊ တည်ငြိမ်မှုအရလည်း
များစွာမျှော်လင့်နိုင်ခြေရှိပါတယ်။ ၀ုလ်ဖ်ဘတ်က (၂)ပွဲ ဆက်ရှုံးပွဲကြောင့် အခြေအနေပြန်ဆိုးသွားတယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့
ဝုလ်ဖ်ဘတ် ပြန်လာနိုင်လောက်ပါတယ်။ အိမ်ရှင် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

ဖရိုင်းဘတ် - ကိုလုံး (၁၂-၂-၂၀၁၇ ည ၁၁း၀၀)
----------------------------------------------------
ဖရိုင်းဘတ်ရဲ့ရပ်တည်မှုက အထက်မရောက်အောက်မရောက်ဖြစ်လို့ သိပ်ဖိအားမရှိပါဘူး။ ဥရောပ၀င်ခွင့်မှန်းနေတဲ့
ကိုလုံးဘက်ကပဲ ရပ်တည်ချင်တယ်။

Saturday, February 11, 2017

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ အာဆင်နယ် - ဟားလ်စီးတီး (စနေည ၇း၀၀)
အာဆင်နယ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ ၀က်ဖို့ဒ်ကို ရှုံး ခဲ့တယ်။ ဒီရလဒ်ကြောင့်ပဲ အသင်းကို ဖိအားတွေ ပိုတိုးလာစေခဲ့ တယ်။ ၀င်းဂါးရဲ့ အနာဂတ်ကို လှုပ်ခတ်စေခဲ့တယ်။ ဒီပွဲမှာတော့ အာဆင်နယ် ထပ်မှားဖို့မရှိဘူး။ ဒါပေမဲ့ ဟားလ်စီးတီးရဲ့ စုစည်း အားကြောင့် ဂိုးပြတ်သွင်းဖို့တော့ခက်မယ်။
■ မန်ယူ - ၀က်ဖို့ဒ် (စနေည ၉း၃၀)
နောက်ဆုံးအဝေးကွင်းပွဲမှာ အာဆင်နယ်ကိုနိုင်တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဘန်လေကို နိုင်တယ်။ ၀က်ဖို့ဒ်ရဲ့ ခြေ စွမ်းက သိသိသာသာတိုးတက်လာတယ်။ ရှုံးပွဲမရှိတာ (၄)ပွဲရှိပြီ။ ဒါပေမဲ့ မန်ယူကလည်း အိမ်ကွင်းကောင်းတယ်။ ကစားပုံကောင်း တယ်။ ဂိုးကံမခေရင် ဒီပွဲနိုင်ဖို့ မခက်ပါဘူး။
■ မစ်ဒယ်ဘရော့ - အဲဗာတန် (စနေည ၉း၃၀)
မစ်ဒယ်ဘရော့က နောက်ဆုံး (၇)ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးခဲ့တယ်။ အိမ်ကွင်းရော၊ အဝေးကွင်းပါ စိတ်မချရဘူး။ အဲဗာတန်က ရလဒ်တွေကောင်းနေပြီး အဆင့် (၆)နေရာက မန် ယူနဲ့ (၅)မှတ်ကွာအထိ ကပ်လိုက်လာတယ်။ ဒီပွဲလည်း အဲဗာတန် ရလဒ်ကောင်းလိမ့်မယ်။
■ စတုတ်စီးတီး - ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀)
ပဲလေ့စ်က ခံစစ်ကြောင်းကို အသစ်ပြင်ဆင်ထားတယ်။ ဗန်အန်ဟော့၊ ဆာခိုတို့ကို အားဖြည့်ထားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲမှာ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ (၄)ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲ လည်း အိမ်ကွင်းမာတဲ့ စတုတ်ကွင်းမှာ ရလဒ်ကောင်းဖို့မလွယ် ဘူး။ ဒါပေမဲ့ စတုတ်က အမှတ်မလိုဘူး။ သရေရသွားနိုင်တယ်။
■ ဆန်းဒါးလန်း - ဆောက်သမ်တန် (စနေည ၉း၃၀)
ဆောက်သမ်တန်က ဒီရာသီမှာ ခြေစွမ်းပြနေရာက ရုတ်တ ရက်ခြေစွမ်းထိုးကျသွားတယ်။ အခုအနေအထားက အထက်မ ရောက်၊ အောက်မရောက်ဖြစ်သွားပြီ။ ဖိအားတော့မရှိဘူး။ ရလဒ် တွေကကျနေတယ်။ ဆန်းဒါးလန်းက ရုန်းအားကောင်းလာတာ ကိုတွေ့ရတယ်။ ဆန်းဒါးလန်းပဲ ကြိုက်တယ်။
■ ၀က်စ်ဟမ်း - ၀က်စ်ဘရွန်း (စနေည ၉း၃၀)
ရလဒ်တွေကောင်း၊ ခြေစွမ်းပြနေတဲ့အသင်းတွေပါ။ ၀က်စ် ဟမ်းက ပါယက်မရှိတော့ပေမယ့် ခြေစွမ်းပြနေဆဲပဲ။ နောက်ဆုံး ပွဲမှာ ဆောက်သမ်တန်လိုအသင်းကို ဂိုးပြတ်သွင်းနိုင်ခဲ့တယ်။ ၀က်စ်ဘရွန်းက အဝေးကွင်းဆိုရင် သာမန်အောက်မှာရှိနေတတ် လို့ ၀က်စ်ဟမ်းကိုကြိုက်တယ်။
■ လီဗာပူးလ် - စပါး (စနေည ၁၂း၀၀)
လီဗာပူးလ်က နိုင်ပွဲလုံးဝမရတာ (၅)ပွဲရှိသွားပြီ။ အမှတ်ပေးဇယား အဆင့် (၅)အထိ ကျဆင်းသွားခြင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် ကျဆင်းသွားခြင်းတွေပါ ပါလာလိမ့်မယ်။ လီဗာပူးလ်မှာ တစ်ခုဆိုးတာက အသင်းရလဒ်တွေ ကျဆင်းချိန်၊ ခြေ စွမ်းကျဆင်းချိန် အရံခုံတန်းမှာ အပြောင်းအလဲလုပ်စရာ၊ ဒါမှမဟုတ် အခြေအနေကို ပြန်ထိန်းပေးနိုင်တဲ့ အတွေ့အကြုံရင့် ထိပ်သီးကစားသမား ရှားပါးခြင်းဖြစ်တယ်။ စတာရစ်ခ်ျ၊ လူးကပ်စ်လီဗာတို့နဲ့ အခြေအနေကိုထိန်းဖို့ ကြိုးစားနေတာလည်း အလုပ်သိပ်မဖြစ်ဘူး။ ကွင်းထဲက ကစားသမားတွေက လက်ရှိဖြစ်နေတဲ့အခြေအနေကို လုံးဝပြောင်းလဲသွားအောင်လုပ်ဖို့ပဲ ရှိတယ်။ ဒီနေရာမှာ မာနေက အရေးပါတယ်။ အာဖရိကဖလားပွဲက ပြန်လာပြီး ပထမဆုံးပွဲမှာ သိပ်အလုပ်မဖြစ်ပေမယ့် သူသာ ပုံမှန်ခြေစွမ်းကို ခပ်မြန်မြန်ပြန်ရရင် လီဗာပူးလ်တိုက်စစ်ပြန်တက်လာလိမ့်မယ်။ စပါးကတော့ အကောင်းဆုံးပုံစံပြနေတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် (၉)ပွဲမှာ (၇)ပွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲသရေကျထားတယ်။
အခုလည်း လီဗာပူးလ်ကွင်းမှာ သူတို့နဲ့ ရင်းနှီးနေတဲ့ရလဒ်အတိုင်း သရေကျသွားဖို့များတယ်။ နိုင်မယ်ဆိုရင်တော့ လီဗာပူးလ်ပဲ ဖြစ်လိမ့်မယ်။

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ဘက်တစ် နှင့် ဗလင်စီယာ (စနေည ၆း၃၀ နာရီ)
ဗလင်စီယာကလည်း ဟုတ်တော့မလိုလိုနဲ့ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတယ်။ ဂိုးပြတ်အရှုံးတွေ ပြန်ကြုံနေရပြီး ယုံကြည် လို့မရသေးကြောင်းပြနေတယ်။ ဘက်တစ်က အိမ်ကွင်းအားနဲ့ အမှတ်ရှာတဲ့အသင်းပါ။ ဘက်တစ်နဲ့ ဂိုးအများပဲကောင်းမယ်။
■အလာဗတ်စ် နှင့် ဘာစီလိုနာ (စနေည ၉း၄၅ နာရီ)
ဘာစီလိုနာအတွက် ခက်ခဲမယ့်ပွဲပါပဲ။ ပထမအကျော့အိမ်ကွင်းမှာတုန်းကလည်း ဘာစီလိုနာဟာ အလာဗတ်စ်ရဲ့ခံစစ် ကစားပုံကြောင့် အခက်တွေ့ပြီး (၁-၂)ဂိုးနဲ့ အရှုံးပေးခဲ့ရတယ်။ အခုနောက်ပိုင်း အလာဗတ်စ်ကစားနေတာကိုကြည့်ရင်လည်း ခံစစ်ကစားပုံ ပိုသိပ်သည်းမှုရှိနေတဲ့အပြင် အိမ်ရှင်အခွင့်အရေးပါရှိနေလို့ ဘာစီလိုနာတိုက်စစ် ဒီပွဲမှာလည်း ဂိုးရဖို့ရုန်းကန်ရဦး မယ့်ပုံပါပဲ။ ဘာစီလိုနာဟာ နောက်ဆုံးကစားထားတဲ့ အဝေးကွင်းပွဲမှာလည်း ဘက်တစ်ရဲ့ခံစစ်ကိုကျော်ဖြတ်နိုင်ဖို့ အသည်း အသန်ကြိုးစားခဲ့ရပြီး ပွဲပြီးခါနီးမှ ဆွာရက်ဇ်ရဲ့ဂိုးကြောင့်သာ သရေတစ်မှတ်ရလိုက်တာပါ။ အလာဗတ်စ်ကလည်း ခံစစ်ကိုဘယ် လောက်အားပြုသလဲဆိုရင် စပို့တင်းဂီဂျွန်ကို အနိုင်ရတဲ့ပွဲမတိုင်မီကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်ကို ဂိုးမရှိသရေတွေချည်း ကစားထားတာတွေ့ရတယ်။ ဒါကြောင့် အခုပွဲမှာလည်း အလာဗတ်စ်ရဲ့ အိမ်ကွင်းကစားအားနဲ့ကစားပုံက ဘာစီလိုနာကို အခက်တွေ့စေမှာသေချာနေတယ်။ ဘာစီလိုနာတိုက်စစ်ကလည်း အဝေးကွင်းဂိုးသွင်းနှုန်း ပုံမှန်မရှိတဲ့အပြင် PSG နဲ့ ချန်ပီယံ လိဂ်ကစားဖို့ အသင်းကို အလှည့်အပြောင်းလုပ်ဖို့ရှိနေတယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။
■ဘီလ်ဘာအို နှင့် ဒီပို့တီဗို (စနေည ၁၂း၀၀ နာရီ)
ဘီလ်ဘာအိုအတွက် ယူရိုပါလိဂ်ပွဲတွေ ပြန်ကစားရတော့ မယ့်အချိန်ဆိုတော့ လာလီဂါဘက်ကို အာရုံအပြည့်စိုက်နိုင်တော့ မယ် မထင်ပါဘူး။ ဒီပို့တီဗိုကလည်း အဝေးကွင်းမှာ သရေခံကစား တတ်တဲ့အသင်းဖြစ်နေတယ်။
ဂိုးနည်းပြီး သရေကျမယ့်ပွဲပါ။
■အိုဆာဆူနာ နှင့် ရီးယဲလ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ရီးယဲလ်မက်ဒရစ်အတွက်ကတော့ ကံကြမ္မာဖေးမမှုကိုရသွားတာလား မပြောတတ်ဘူး။
ပြီးခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲကို မကစားဖြစ်လိုက်လို့ အသင်းကအားမွေးခွင့် ပိုရသလိုဖြစ်သွားတယ်။ အခုရင်ဆိုင်ရမယ့်ပြိုင်ဘက်ကလည်း ဇယားအောက်ပိုင်းက အိုဆာဆူနာလိုအသင်းဖြစ်နေလို့ ရီးယဲလ်အတွက် သိပ်ပြီးမခက်လှပါဘူး။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားရဖို့ရှိနေလို့ ရီးယဲလ် ဒီပွဲမှာ အင်အားချွေတာနိုင်တဲ့အနေအထားကြောင့် လိုအပ်သလောက် ဂိုးတွေသွင်းပြနိုင်မလားဆိုတာပဲ အဓိကစောင့်ကြည့်ရ မယ့်ပွဲလို့ ထင်တယ်။ အိုဆာဆူနာကလည်း အိမ်ကွင်းမှာ အားထုတ်မှုကောင်းပေမယ့်လည်း (၁၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေ ပြီး အတော်လေးကို ရုန်းကန်နေရတာတွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းအားနည်းမှုကြောင့် တချို့ပွဲတွေမှာ ဂိုးတွေလွယ်လွယ် ကူကူ ခွင့်ပြုလိုက်ရပြီး နိုင်သင့်တဲ့ပွဲမျိုးတွေမှာ ရမှတ်ဆုံးရှုံးခဲ့ရတာမျိုးတွေဖြစ်နေတတ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းပွဲတွေမှာ အိုဆာဆူနာဟာ တိုက်စစ်လည်းအားပြုကစားလာလို့ ရီးယဲလ်ရဲ့လက်ရှိခံစစ်အားနဲ့တော့ သတိထားရမယ့်ပုံပါပဲ။
ရီးယဲလ်ရဲ့ တိုက်စစ်အားကတော့ အိုဆာဆူနာကို တစ်ဖတ်သတ်အသာစီးကစားဦးမှာပါ။ ရီးယဲလ်နဲ့ ဂိုးအများပဲကြိုက်တယ်။

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဖီအိုရင်တီးနား နှင့် အူဒီးနီးစ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ဖီအိုရင်တီးနားက စီးရီးအေ ပွဲကျန်ပွဲစဉ်မှာ ရိုးမားကို ဂိုး ပြတ်အရှုံးပေးခဲ့ရတယ်။ အခုဒီပွဲကိုလည်း ပြင်ဆင်ချိန်သိပ်မရဘဲ ပြန်ကစားရမယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ကံကောင်းပေမယ့် ပွဲပန်းနေ နိုင်တာကိုတော့
မဖြစ်မနေ သတိပြုရမယ်။ နောက်တစ်ချက်က အူဒီးနီးစ်ကလည်း အပြည့်အ၀အနားရထားသလို၊ ခြေစွမ်းလည်း မဆိုးပါဘူး။ သရေကျသွားနိုင်တယ်။

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■လေဗာကူဆင် နှင့် ဖရန့်ဖတ် (စနေည ၉း၀၀ နာရီ)
လေဗာကူဆင်အသင်း အိမ်ကွင်းမှာ အခြေအနေပိုဆိုး နေတယ်။ ကာလကြာရှည် ပွဲပယ်ခံရမယ့် ကယ်လ်ဟာနိုဂလူး နေရာကိုအစားထိုးနိုင်ဖို့ပဲ လေဗာကူဆင် အဓိကစဉ်းစားရတော့ မယ်။ ဖရန့်ဖတ်အသင်းကတော့ ရလဒ်ကောင်းနေပေမယ့်
အဝေးကွင်းရလဒ်ပိုင်းက မှန်းဆရခက်ပါတယ်။ လေဗာကူဆင် နိုင် ပွဲပြန်ရဖို့များတယ်။

■အင်ဂိုးလ်စတက်ဒ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉း၀၀ နာရီ)
တန်းဆင်းဇုန်ထဲက လွတ်မြောက်ဖို့ကြိုးပမ်းနေတဲ့ အင် ဂိုးလ်စတက်ဒ်အသင်းရဲ့ခြေစွမ်းက တိုးတက်လာတာတော့အ မှန်ပါပဲ။ ဒါပေမဲ့ ကံမလိုက်သေးဘူး။ ရှော်လ်ကေး၊ ဟာသာဘာ လင်တို့ကို ရှုံးတဲ့ပွဲတွေမှာ အင်ဂိုးလ်စတက်ဒ်အသင်း အနိမ့်ဆုံး သရေ(၁)မှတ်တော့ရခဲ့သင့်တယ်။ ဘိုင်ယန်က နောက်ပိုင်း ဂိုး ပြတ်နိုင်ပွဲတွေ ရှားလာတယ်။ တိုက်စစ်ပိုင်းက ဟန်ချက်သိပ်မ ညီတော့ဘူး။ ဒီပွဲပြီးရင်လည်း
ဘိုင်ယန် ချန်ပီယံလိဂ်ကစားဖို့ရှိ နေပါတယ်။ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။
■၀ါဒါဘရီမင် နှင့် မိုချန်ဂလာဘတ် (စနေည ၉း၀၀ နာရီ)
(၃)ပွဲဆက်တိုက်ရှုံးထားပေမယ့် ၀ါဒါဘရီမင်ရဲ့ခြေစွမ်းကို လျှော့တွက်လို့မရသေးဘူး။ ဒေါ့မွန်၊ ဘိုင်ယန်အသင်းတွေကို ကပ်အရေးနိမ့်ခဲ့ပြီး အော့စ်ဘတ်ကိုလည်း အဝေးကွင်းမှာ (၂) ကြိမ်တိုင် ဦးဆောင်ပြီးမှ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးပေးခဲ့ရတာပါ။
မိုချန်ဂလာဘတ်ကတော့ ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပြန်ဆက်လာတယ်။
ဝါဒါဘရီမင် ရှုံးဖို့မရှိပါဘူး။
■ဒမ်းစတက်ဒ် နှင့် ဒေါ့မွန် (စနေည ၉း၀၀ နာရီ)
ဒမ်းစတက်ဒ်ရဲ့ဘွန်ဒစ်လီဂါအနာဂတ်က အဆုံးသတ်ဖို့ သေချာသလောက်ရှိနေပါပြီ။ ဒေါ့မွန်အသင်း အဝေးကွင်းမှာ
ဂိုး ပြတ်နိုင်ဖို့များတယ်။
■လိုက်ပ်ဇစ် နှင့် ဟမ်းဘတ် (စနေည ၉း၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းရဲ့ ဒီရာသီရှုံးပွဲ(၃)ပွဲစလုံးက အဝေးကွင်း မှာဖြစ်ခဲ့တာပါ။ အိမ်ကွင်းမှာတော့ မိုချန်နဲ့ပွဲသာ သရေကျပြီး ကျန်ပွဲ အားလုံးကို အနိုင်ကစားထားခဲ့ပါတယ်။ ထိပ်ဆုံးက ဘိုင်ယန်နဲ့ လည်း (၄)မှတ်ပဲကွာဟသေးလို့ အခုလိုပွဲမျိုးကို ပြန်အားထည့် က စားမှာသေချာတယ်။ ဟမ်းဘတ်ကတော့ အဝေးကွင်းသိပ်မစွံဘူး။
ဒါပေမဲ့ တန်းဆင်းဇုန်ဖိအားကြောင့် ရုန်းကန်လာနိုင်ပါတယ်။
ဂိုး ပြတ်ရှုံးဖို့မရှိတဲ့ ဟမ်းဘတ်ကို ပိုကြိုက်တယ်။
■ရှော်လ်ကေး နှင့် ဟာသာဘာလင် (စနေည ၁၂း၀၀ နာရီ)
ရှော်လ်ကေးအသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ တည်ငြိမ်မှုရလုနီးပါးဖြစ်နေတဲ့ အသင်းအထိုင်ပါ ပျက်စီးသွားခဲ့ရတယ်။ လက်ရှိရှော်လ်ကေးတိုက်စစ်က ပြီးခဲ့တဲ့ဇန်န၀ါရီမှာ အားသစ်လောင်းထားပါတယ်။
ဘော့စတယ်လာ-ကာလီဂူရီအတွဲက အချိန်အတိုင်းအတာတစ်ခုလောက်တော့ စောင့်ကြည့်ရဦးမယ်ထင်တယ်။ ရှော်လ်ကေးမှာ သိ သိသာသာပြောင်းလဲလာတာကတော့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ပါပဲ။ အမှတ်ပေးပွဲနောက်ဆုံး(၁၅)ပွဲမှာ (၁)ဂိုးအထက် ပေးရတဲ့ ပွဲ (၃)ပွဲသာရှိခဲ့ပါတယ်။ ဟာသာဘာလင်တိုက်စစ်ကလည်း သိပ်ပုံမလာတော့ဘူး။ အိုင်ဘီဆီဗစ် ဘွန်ဒစ်လီဂါ(၆)ပွဲဆက် ဂိုး ပေါက်ပျောက်နေချိန်မှာ (၁)ပွဲ၊ (၁)ဂိုးလောက်ရဖို့တောင် အတော်လေးရုန်းကန်နေရတယ်။ နောက်ဆုံးပွဲမှာ ဟာသာဘာလင် နိုင်ပွဲပြန်ရထားပေမယ့် တန်းဆင်းဇုန်ထဲက အင်ဂိုးလ်စတက်ဒ်အသင်း ဂိုးကံခေခဲ့လို့သာ ကံကောင်းခဲ့ရတာဖြစ်ပါတယ်။ အဝေးကွင်းရှုံးပွဲဆက်နေတဲ့ ဟာသာဘာလင်ထက် ရှော်လ်ကေးကိုပဲ ရွေးချင်တယ်။

Sunday, February 5, 2017

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ မန်စီးတီး နှင့် ဆွမ်ဆီး (တနင်္ဂနွေည ၆း၀၀နာရီ)

ဆွမ်ဆီးက မထင်မှတ်ဘဲ ရလဒ်တွေ ပြန်တက်လာတယ်။ နောက်ဆုံး နှစ်ပွဲမှာ လီဗာပူးလ်၊ ဆောက်သမ်တန်တို့လိုအသင်း တွေကို ဆက်တိုက်အနိုင်ရခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို တော်ရုံ အသင်းတွေမလုပ်ပြနိုင်ဘူး။ ဒီပွဲလည်း မန်စီးတီးကို ဒုက္ခပေးလိမ့် မယ်။ မန်စီးတီး ခက်ခက်ခဲခဲကစားပြီး ကပ်နိုင်ဖို့ရှိတယ်။

■ လက်စတာ နှင့် မန်ယူ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

လက်စတာရဲ့ ခြေစွမ်းက စိတ်မချရပါဘူး။ ပထမအကျော့တွေ့ဆုံမှုမှာလည်း မန်ယူက ပြတ်ပြတ်သားသားအနိုင်ရခဲ့တာ ကိုတွေ့ရတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး ရလဒ်ပိုင်းကျဆင်းနေချိန်ဖြစ်ပေမယ့် လက်စတာက ပိုအခြေအနေဆိုးတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲမှာ ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ ဘန်လေတို့ကို ဆက်တိုက်ရှုံးခဲ့ပြီး တစ်ဂိုးမှ မရခဲ့ဘူး။ ဒီအ နေအထားက လက်စတာကို ယုံကြည်မှု ကျဆင်းနေစေမှာ သေချာသလို မန်ယူနဲ့ ပွဲမှာလည်း တိုက်စစ်ပိုင်းက ဆက်ပြီး ရုန်းကန် ရဦးမယ်။ မန်ယူကတော့ လီဗာပူးလ်နဲ့ စတုတ်တို့ကို သရေကျခဲ့ပြီး နောက်ဆုံးပွဲမှာ ဟားလ်စီးတီးကို အိမ်ကွင်းပဲ ကစားထားရ တယ်။ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး (၄)ပွဲနိုင်ခဲ့တာကိုတွေ့ရတယ်။ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှားမခံတဲ့အနေအထားဖြစ်နေပြီး တိုက်စစ်အင်အားတောင့်တယ်။ လက်စတာက တန်းဆင်းဇုန်နဲ့ တော်တော် လေး နီးစပ်နေပြီ။ သူတို့လည်း အမှားမခံဘူး။ ဒါပေမဲ့ အမှတ်လိုတာချင်းအတူတူ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ လက်စတာ နဲ့ မန်ယူ ခြေစွမ်းရော၊ အခြေအနေပါ ကွာခြားပါတယ်။ မန်ယူ နိုင်ဖို့များတယ်။