FA ဖလားပွဲစဉ်များ အကြိုသုံးသပ်ချက်
 ■ မန်ယူ နှင့် ရက်ဒင်း (စနေည ၇း၀၀ နာရီ)
 ရက်ဒင်းက လိဂ်ချန်ပီယံရှစ် အဆင့် (၃)နေရာမှာ ရပ် တည်နေတယ်။ 
ရလဒ်ကောင်းတွေရနေတယ်။ အသင်းလိုက် တည်ငြိမ်တယ်။ တိုက်စစ်မှာ 
ပြင်သစ်ဝါရင့်တိုက်စစ်မှူးကြီး ကာ မွန်ဂန့် ခြေစွမ်းပြနေတယ်။ ခံစစ်မှာ 
ဘလက်ကတ်ရှိတယ်။ ဒါ ပေမဲ့ မန်ယူရဲ့ လက်ရှိခြေစွမ်းကို ယှဉ်နိုင်ဖို့ 
ခက်ပါတယ်။ မန်ယူ အိမ်ကွင်းလည်းဖြစ်နေတယ်။ ဂိုးပြတ်မယ်။ 
 ■ ဟားလ်စီးတီး နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)
 ဆွမ်ဆီးကလည်း နည်းပြနဲ့ လမ်းခွဲထားရတယ်။ ဟားလ် စီးတီးကလည်း နည်းပြနဲ့ 
လမ်းခွဲထားရတယ်။ ရလဒ်တွေက မ ကောင်းဘူး။ ခြေစွမ်းလည်း ညံ့တယ်။ 
ညံ့ကြတာချင်းအတူတူ ဆွမ်ဆီးက လူစာရင်းပိုတောင့်ပြီး နောက်ဆုံးပွဲမှာလည်း 
ပဲလေ့စ် လိုအသင်းကို အဝေးကွင်းမှာ နိုင်ခဲ့တယ်။ ဒီပွဲအတွက် သက် 
ရောက်မှုရှိနိုင်ပါတယ်။ ဆွမ်ဆီးပဲကြိုက်တယ်။ 
 ■ ဆန်းဒါးလန်း နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)
 ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကမှ ဘန်လေကွင်းမှာကစားခဲ့ပြီး ဘန်လေက (၄-၁)နဲ့ 
ဂိုးပြတ်နိုင်ခဲ့တယ်။ ဒီပွဲကတော့ အိမ်ကွင်း မှာ ပြန်ကစားရမယ်။ လီဗာပူးလ်ကို
 ကစားခဲ့တဲ့ ဆန်းဒါးလန်း ရဲ့ ခြေစွမ်းက ကောင်းသလို၊ မန်စီးတီးကို 
ကစားခဲ့တဲ့ ဘန်လေ ရဲ့ ခြေစွမ်းကလည်း ကောင်းပါတယ်။ လက်ရှိခြေစွမ်းအရ ဘန် 
လေပိုကောင်းပြီး ဘန်လေပဲ ရလဒ်ကောင်းဖို့ ရှိတယ်။ 
 ■ မီဝေါလ် နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)
 မီလ်ဝေါလ်က လိဂ်ဝမ်း မှာ အဆင့် (၉)၊ ဘုန်း မောက်က ပရီးမီးယားလိဂ်မှာ 
အဆင့်(၉)နေရာတွေမှာ ရပ်တည် နေတဲ့အသင်းတွေပါ။ အဆင့်ချင်းကွာပါတယ်။ 
ဘုန်းမောက်ရဲ့ လက်ရှိခြေစွမ်းကို မီဝေါလ် ယှဉ်ကစားနိုင်ဖို့မရှိပါဘူး။ အဓိက
 ကစားသမားတွေ အစုံအလင်ပွဲမထုတ်ရင်တောင် ဘုန်းမောက် နိုင်ပါတယ်။ 
 ■ နောဝစ်ခ်ျ နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)
 ဆောက်သမ်တန်က ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၃)ပွဲဆက် ရှုံးခဲ့တယ်။ 
ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့သတင်းတွေ နောက်ပိုင်းမှာ ခံစစ်ကလည်း 
သိသိသာသာကျဆင်းသွားတယ်။ အာရုံစူးစိုက်မှု လျော့နည်းနေပုံရတယ်။ 
အသင်းလိုက်လည်း ညံ့ တယ်။ နောဝစ်ခ်ျက ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး ကစား 
တတ်ပါတယ်။ နောဝစ်ခ်ျကို ကြိုက်တယ်။ 
 ■ ၀က်စ်ဘရွန်း နှင့် ဒါဘီ (စနေည ၉း၃၀ နာရီ)
 ဒါဘီအသင်းက တိုက်စစ်မှာ ကစားသမားကောင်းတွေ ရှိတယ်။ တွမ်အင့်စ်၊ ဟုခ်ျ၊ 
ဒါရင်းဘန့်၊ အန်ညာတို့ ကစားပုံလည်း ကောင်းတယ်။ ၀ီမန်းလိုကစားသမားမျိုးတောင်
 ပွဲထွက်ခွင့် မ မှန်ဘူး။ ဒါကြောင့် ၀က်စ်ဘရွန်းကို ပုံစံကောင်းနဲ့ 
တုံ့ပြန်နိုင်လိမ့် မယ်။ ဒါပေမဲ့ ၀က်စ်ဘရွန်းရဲ့ လက်ရှိခြေစွမ်းကို 
တားဆီးဖို့ မဖြစ် နိုင်ပါဘူး။ ၀က်စ်ဘရွန်း အနိုင်သေချာတယ်။ 
 ■ အဲဗာတန် နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)
 သိပ်မကြာသေးခင်ကပဲ လက်စတာကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် 
ရင်ဆိုင်ခဲ့ရပြီး အဲဗာတန်က (၂-၀)ဂိုးနဲ့အနိုင်ရ ခဲ့တယ်။ 
ခြေစွမ်းသိပ်မကွာပေမယ့် 
အဲဗာတန်ကအခွင့်အရေးတွေကိုအပိုင်အသုံးချပြီးအနိုင်ကစားသွားခဲ့တာကိုတွေ့ရတယ်။
 လက်ရှိအချိန်မှာ လက်စတာက ခြေပြန်တက်လာပြီး ခံစစ်ကလည်း နှစ်ပွဲဆက် 
ပေးဂိုးမရှိကစားနိုင်ခဲ့တာတွေ့ရတယ်။ အဲဗာ တန်ကလည်း လက်စတာကို 
နိုင်ပြီးတဲ့နောက် ဟားလ်စီးတီးကို အဝေးကွင်းမှာ သရေကျပြီး အိမ်ကွင်းမှာ 
ဆောက်သမ်တန်ကို ဂိုးပြတ်ထပ်နိုင်ခဲ့တယ်။ ထူးခြားတာက တိုက်စစ်ပိုင်းပဲ။ 
တိုက်စစ်ပိုင်းက တော်တော်လေးအားကောင်းလာတယ်။ လီဗာပူးလ်နဲ့ ပွဲမှာ 
ဂိုးပေါက်ပျောက်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း (၃)ပွဲမှာ 
(၇)ဂိုးအထိသွင်းယူနိုင်ခဲ့တယ်။ ဒီ (၃)ပွဲမှာ လူကာကူက (၂)ဂိုးသွင်းခဲ့ တယ်။ 
ဘာကလေ၊ မီရာလက်စ်၊ အန်နာဗလင်စီယာတို့လည်း ဂိုးပေါက်တွေ့ခဲ့တယ်။ ဒါကြောင့် 
တိုက်စစ်ပိုင်းမှာ နေရာစုံက ဂိုး တွေသွင်းလာတာကိုတွေ့ရတယ်။ လက်ရှိအနေအထားအရ
 အဲဗာတန် စိုးရိမ်ရမှာက လက်စတာက တစ်ပွဲတိုးပွဲတွေတော် တော်လေး 
ခြေစွမ်းပြနေတဲ့ အချက်ပဲ။ အဲဗာတန်က ဒီပွဲပြီးရင် မန်စီးတီးနဲ့ ကစားရမယ့် 
အနေအထားလည်း ရှိတယ်။ အဓိက ကစားသမားတွေ အစုံအလင်မသုံးဘဲ  
အနားပေးတာမျိုးတွေရှိလာရင် အဲဗာတန်အတွက် အခက်အခဲရှိလာနိုင်တယ်။ ပုံမှန် 
အားဖြင့် ဆိုရင်တော့ အဲဗာတန်ပဲ နိုင်ဖို့ ရှိပါတယ်။ 
 ■ ၀က်ဒ်ဖို့ နှင့် ဘာတန် (စနေည ၉း၃၀ နာရီ)
နိုင်ပွဲပျောက်နေတာ တော်တော် ကြာပြီ။ ဒါပေမဲ့ ဒီလိုပွဲမျိုးတွေမှာတော့ 
မဖြစ်မနေနိုင်ပွဲရှာလိမ့် မယ်။ ဘာတန်က လိဂ်ချန်ပီယံရှစ်မှာတောင် 
တန်းဆင်းဇုန်နား ကပ်နေတဲ့အသင်းဖြစ်ပြီး အားရစရာစုဖွဲ့မှုလည်း မရှိဘူး။ ၀က် 
ဖို့ဒ် သေချာပေါက်နိုင်ပွဲရမယ်။ ဂိုးပြတ်နိုင်တယ်။ 
 ■ စတုတ်စီးတီး နှင့် ၀ုလ်ဗ် (စနေည ၉း၃၀ နာရီ)
ရလဒ်က အားရစရာမရှိဘူး။ အသင်းလူစာရင်း မှာလည်း ကစားသမားကောင်းတွေ 
ပါဝင်မှုမရှိဘူး။ အသင်း လိုက်စုဖွဲ့မှုနဲ့ ကစားနေရပြီး အသင်းလိုက်လည်း 
ညံ့တယ်။ စ တုတ်စီးတီးက ပွဲကျပ်လို့သာ ရလဒ်ဆိုးနေတာ။ ဒီလိုပွဲမျိုးတွေ 
ကိုတော့ သေချာပေါက်နိုင်ပါတယ်။ 
 ■ အစ်ဝစ်ခ်ျ နှင့် လင်ကွန်း (စနေည ၉း၃၀ နာရီ)
 လိဂ်ချန်ပီယံရှစ်မှာ ဇယားအလယ် ရောက်နေပေမယ့် အပျော်တမ်းလိဂ်လို ပြိုင်ပွဲမျိုးက လင်ကွန်းကို အစ်ဝစ်ခ်ျ မနိုင် စရာမရှိပါဘူး။
 ■ ဘရိုက်တန် နှင့် MK ဒွန်းစ် (စနေည ၉း၃၀ နာရီ )
 လိဂ်ချန်ပီယံရှစ်အသင်းနှစ်သင်းရဲ့ ပွဲပါ။ ဘရိုက်တန်က 
အမှတ်ပေးဇယားထိပ်ဆုံးကအသင်းဖြစ်ပြီး ဇယားအောက်ခြေ က MK ဒွန်းစ်ကို 
အနိုင်ကစားပါလိမ့်မယ်။  
 ■ QPR  နှင့် ဘလက်ဘန်း (စနေည ၉း၃၀ နာရီ)
 လိဂ်ချန်ပီယံရှစ်မှာ အဆင့်(၁၇)နဲ့ အဆင့်(၂၂)က အ သင်းတွေပါ။ ခြေသိပ်မကွာကြသလို၊ ရလဒ်လည်း သိပ်မကွာ ဘူး။ 
 အိမ်ရှင် QPR ကို ပိုကြိုက်ပါတယ်။ 
 ■ ဘလက်ပူးလ် နှင့် ဘန်စလေ(စနေည ၉း၃၀ နာရီ)
 ပရီးမီးယားလိဂ်အသင်းဟောင်း ဘလက်ပူးလ်က လိဂ်တူး အထိ ရောက်နေပါပြီ။ အခြေအနေဆိုးနေတယ်။ ဘန်စလေပဲ နိုင်ပွဲရပါလိမ့်မယ်။ 
 ■ ၀ီဂန် နှင့် နော်တင်ဟမ်(စနေည ၉း၃၀ နာရီ)
 ချန်ပီယံရှစ်မှာ ဇယားအောက်ပိုင်းရောက်နေတဲ့အသင်း တွေပါ။ ရလဒ်တွေလည်း 
ဆိုးနေကြတယ်။ ဒီပွဲက ခြေရည်တူ နှစ်သင်းရဲ့ ပွဲဖြစ်ပြီး သရေကျနိုင်တယ်။ 
 ■ ရော့သာဟမ် နှင့် အောက်စဖို့ဒ် (စနေည ၉း၃၀ နာရီ)
 အောက်စဖို့ဒ်က လိဂ်ဝမ်း မှာ ရလဒ်တွေကောင်း နေပါတယ်။ အိမ်ကွင်းမဆိုးပါဘူး။ 
 ဒါပေမဲ့ အဝေးကွင်းမှာတော့ လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းကိုအရှုံးပေးရမှာပါ။
 ■ ဘာရိုး နှင့် ရော့ခ်ျဒေးလ် ( စနေည ၉း၃၀ နာရီ)
 နေရှင်နယ်လိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဘားရိုးက ရော့ခ်ျ ဒေးလ်ကို 
ယှဉ်နိုင်မှာမဟုတ်ဘူး။ ရော့ခ်ျဒေးလ်က ရလဒ်တွေလည်း ဆက်တိုက်ကောင်းနေလို့ 
 သေချာပေါက်နိုင်မယ်။ 
 ■ ၀ိုင်ကမ်ဘီ နှင့် စတိုးဘရစ်ခ်ျ (စနေည ၉း၃၀ နာရီ)
 လိဂ်တူး က ၀ိုင်ကမ်ဘီအသင်းက အပျော်တမ်း လိဂ်ပြိုင်ပွဲက 
စတိုးဘရစ်ခ်ျလိုအသင်းကို အိမ်ကွင်းမှာ မနိုင်စရာ မရှိပါဘူး။ 
နောက်တစ်ဆင့်တက်ဖို့ သေချာတယ်။ 
 ■ ဘရစ္စတိုးလ်စီးတီး နှင့် ဖလိဝုဒ်(စနေည ၉း၃၀ နာရီ)
 လိဂ်ချန်ပီယံရှစ်မှာ တောက်လျှောက်ရှုံးပွဲဆက်နေတဲ့ ဘ ရစ္စတိုးလ်ရဲ့ 
အိမ်ကွင်းမှာ ဖလိဝုဒ် ခံကစားနိုင်စွမ်းရှိပါတယ်။ ခြေပျက်နေတဲ့ 
ဘရစ္စတိုးလ်ထက် ဖလိဝုဒ်ကိုကြိုက်တယ်။ 
 ■ ဟတ်ဒါဖီးလ် နှင့် ပို့တ်ဗေးလ် (စနေည ၉း၃၀ နာရီ)
 ဟတ်ဒါဖီးလ်က လိဂ်ချန်ပီယံရှစ်မှာ ဘရိုက်တန်၊ နယူး ကာဆယ်၊ 
ရက်ဒင်းတို့နောက်က ကပ်လိုက်နေတဲ့အသင်းပါ။ ပို့တ်ဗေးလ်ကို 
ဂိုးပြတ်သွင်းလိမ့်မယ်။ 
 ■ ဘရန့်ဖို့ဒ် နှင့် အီစတယ်လိုက် (စနေည ၉း၃၀ နာရီ)
 အီစတယ်လိုက်က အပျော်တမ်းအဆင့်ကနေ အဆင့် ဆင့်တက်လာတဲ့အသင်းပါ။ 
ဒီအဆင့်လောက်ဆိုရင်ပဲ ကျေနပ် စရာကောင်းနေပါပြီ။ ဘရန့်ဖို့ဒ် 
ဂိုးပြတ်နိုင်မယ်။ 
 ■ ဆပ်တန် နှင့် ၀င်ဘယ်လ်ဒန်(စနေည ၉း၃၀ နာရီ)
 နေရှင်နယ်လိဂ်မှာ ဇယားအောက်ပိုင်းရောက်နေတဲ့ ဆပ် တန်ကို လိဂ်ဝမ်းကလပ် ၀င်ဘယ်လ်ဒန်အနိုင်ကစား နိုင်စွမ်းရှိပါတယ်။
 ■ ဘာမင်ဂမ် နှင့် နယူးကာဆယ် (စနေည ၉း၃၀ နာရီ)
 နယူးကာဆယ်က နောက်ဆုံး(၃)ပွဲမှာ ရှက်ဖီးဝင်းစ်ဒေး နဲ့ 
ဘလက်ဘန်းတို့ကိုရှုံးခဲ့လို့ လိဂ်ချန်ပီယံရှစ်မှာ ဒုတိယနေရာ ရောက်သွားတယ်။ 
ဘာမင်ဂမ်က ဇယားအလယ်က အသင်းပါ။ လက်ရှိအချိန်မှာ 
ခြေစွမ်းအနည်းငယ်ကျဆင်းနေပေမယ့် ခြေစွမ်း၊ လူအင်အား၊ ရလဒ်သာတဲ့ 
နယူးကာဆယ်နိုင်မှာပါ။ 
 ■ ဘော်လ်တန် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀ နာရီ)
 စပီယာရင်း၊ ၀ှီတာတို့ကစားနေတဲ့ ဘော်လ်တန်က လိဂ်ဝမ်း မှာ အဆင့် 
(၂)ဖြစ်နေပြီး လိဂ်ချန်ပီယံရှစ်ကိုတက်လာဖို့ အခြေအနေကောင်းနေတဲ့အသင်းပါ။ 
ဒါပေမဲ့ ပဲလေ့စ်လူစာရင်း နဲ့ အရမ်းကွာပါတယ်။ ပရီးမီးယားလိဂ်မှာ 
ရလဒ်ဆိုးနေတဲ့ ပဲ လေ့စ်ကလည်း ဒီပွဲမှာ နိုင်ပွဲမဖြစ်မနေပြန်ရှာဖို့ 
တင်ကစားပါ လိမ့်မယ်။ ပဲလေ့စ်ပဲ ကြိုက်တယ်။ 
 ■ ပရက်စတန် နှင့် အာဆင်နယ် (စနေည ၁၂း၀၀ နာရီ)
 ပရက်စတန်က လိဂ်ချန်ပီယံရှစ်မှာ ဇယားအလယ်ရောက် နေတဲ့အသင်းဖြစ်ပြီး 
ဂျာမိန်းဘက်ဖို့ဒ်၊ လင်ဒီဂတ်၊ ဂယ်လက် ဟာ၊ 
ကန်နင်ဂမ်တို့လိုကစားသမားတွေရှိပါတယ်။ ဒါပေမဲ့ အာ ဆင်နယ်နဲ့ လာတွေ့နေတာ 
ကံဆိုးပါတယ်။ အာဆင်နယ်က ဒီ လိုပွဲတွေမှာ လူစုံထုတ်လေ့မရှိပေမယ့် 
ပရက်စတန်ကိုတော့ အ နိုင်ကစားမှာပါ။
No comments:
Post a Comment