■ စိတ်ပျက်စရာခံစစ်ကြောင့် အဲဗာတန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်စီးတီး
ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) တနင်္ဂနွေနေ့ ပထမပွဲစဉ်ဖြစ်တဲ့ အဲဗာတန်-မန်စီးတီး
တို့ရဲ့ပွဲမှာတော့ မန်စီးတီးအသင်းက စိတ်ပျက်စရာခံစစ်နဲ့အတူ (၄)ဂိုးပြတ်ရှုံးနိမ့်
ခဲ့ပါတယ်။ အခုနောက်ပိုင်းပွဲတွေမှာ ရလဒ်ရော၊ ခြေစွမ်းပါမတည်မငြိမ်ဖြစ်နေ
ပြီး ဖိအားတွေနဲ့ရင်ဆိုင်ရနေတဲ့ ဂွါဒီယိုလာအတွက် နောက်ထပ် ဖိအားတိုးသွား
စေတဲ့ ရှုံးပွဲပါပဲ။
ဂွါဒီယိုလာဟာ အခုပွဲမှာ (၄-၂-၃-၁)ပုံစံပွဲထွက်ခဲ့ပြီး ဇာဘလက်တာနဲ့ယာယာ
တိုရေးကို ကွင်းလယ်မှာတွဲဖက်ခဲ့တဲ့အပြင် ဒီဘရိုင်း၊ ဒေးဗစ်ဆေးလ်ဗား၊ စတာလင်၊ အဂွဲရိုးတို့နဲ့ တိုက်စစ်ကို ခင်းကျင်းခဲ့တယ်။ အဲဗာတန်ကတော့ တန်ပြန် 
တိုက်စစ်ကိုပဲ ဦးစားပေးခဲ့ပြီး အကောင်းဆုံးလည်းကစားသွားနိုင်ခဲ့တယ်။ အဲဗာ
တန်အသင်းဟာ မန်စီးတီးဘောလုံးဆုံးရှုံးတာနဲ့ တိုက်စစ်ကို အလျင်အမြန်ကူး
ပြောင်းနိုင်ခဲ့သလို မန်စီးတီးခံစစ်ကလည်း အဲဒီထိုးဖောက်မှုတွေကို မထိန်း
ချုပ်နိုင်ခဲ့လို့ ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် ယာယာတိုရေးနဲ့ ဇာဘလက်တာတို့က ဘယ်လိုမှ တွဲမရလို့ ကွင်းလယ်မှာ ဟာကွက်တွေရှိခဲ့ပြီး အဲဗာ
တန်အသင်းက လူကာကူ၊ မီရာလက်စ်တို့က အကောင်းဆုံးအသုံးချခဲ့တယ်
အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးကို (၃၄)မိနစ်မှာမီရာလက်စ် ချိုးပေးတာ ကနေ လူကာကူက ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့(၄၇)မိနစ်မှာ
မန်စီးတီးခံစစ် မသေသပ်တဲ့ ဖျက်ထုတ်မှုကနေ မီရာလက်စ်က သွင်းယူခဲ့တာ
ဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် လက်ကျန်ဂိုးတွေကို အသက်(၁၈)နှစ်
သာရှိသေးတဲ့ လူငယ်ကစားတွေဖြစ်တဲ့ ဒေးဗီးစ်၊ လွက်ခ်မန်းတို့က သွင်းယူခဲ့
တာပါ။ ဒီရှုံးပွဲကြောင့် မန်စီးတီးအသင်းဟာ ထိပ်ဆုံးက ချယ်လ်ဆီးနဲ့(၁၀)မှတ်
အထိ ကွာဟသွားပြီဖြစ်ပြီး ချန်ပီယံဆုမျှော်လင့်ချက်ထက် ချန်ပီယံလိဂ်ဝင်ခွင့်
မဆုံးရှုံးအောင်ပဲ အဓိကထားရမယ့်အနေအထားဖြစ်သွားပါပြီ။
 
No comments:
Post a Comment