■ ပါယက်နှင့် မိမိစကားမပြောသည်မှာ (၃)ပတ်ခန့် ရှိနေပြီဟု နိုဘယ် ပြောကြား
ဝက်စ်ဟမ်းအသင်း၏ အသင်းခေါင်းဆောင် နိုဘယ်က အသင်းမှ ထွက်ခွာမည်ဟု ကြေညာထားသည့် ပါယက်နှင့် မိမိစကားမပြောသည်မှာ (၂)ပတ်၊ (၃)ပတ်ခန့်ရှိနေပြီဟု ပြောကြားခဲ့သည်။
နိုဘယ်က ''ကျွန်တော်အမြဲ တမ်းပြောလေ့ရှိပါတယ်။ သူက ဒီအ သင်းမှာတင်မဟုတ်ဘဲ ကျွန်တော်တွဲ ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ သူနဲ့ ကျွန်တော့်ကြား မှာ ဆက်ဆံရေးကောင်းလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအသင်းက ထွက်ခွာ မယ်လို့ ဆုံးဖြတ်ပြီးချိန်ကတည်းက သူကျွန်တော့်ကို စကားမပြောတော့ပါ ဘူး။ (၂)ပတ်၊ (၃)ပတ်လောက်ရှိနေပါ ပြီ''ဟု ပြောကြားခဲ့သည်။
Photo:Gettyimages
 
No comments:
Post a Comment