■ အမ်ပိုလီ နှင့် ပါလာမို (စနေည ၁၁း၃၀ နာရီ)
တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်နေတဲ့အသင်းတွေ ပါ။ ဒီတစ်ပတ်ပွဲစဉ်တွေမှာ ပက်စ်ကာရာ၊ ခရိုတိုနီတို့ ရလဒ် ကောင်းဖို့မရှိလို့ ဒီပွဲကိုသာ အမ်ပိုလီအနိုင်ကစားလိုက်ရင် အဆင့် (၁၈) နေရာက ပါလာမိုကို (၇) မှတ် ဖြတ်နိုင်လိမ့်မယ်။ အိမ်ကွင်းမှာ ဒီအခွင့်အရေးကို အမ်ပိုလီ လက်လွှတ်ခံမှာမဟုတ် ဘူး။ အမ်ပိုလီအနိုင်ကစားလိမ့်မယ်။
 ■ နာပိုလီ နှင့် ဆမ်ဒိုးရီးယား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
နာပိုလီက တိုက်စစ်မှာ ဂိုးသွင်းနိုင်တဲ့ကစားသမားများ တာက အားသာချက်ပါ။ ဒရီးစ်မာတင်စ် ခြေစွမ်းပြနေပြီး ဒီရာသီ စီးရီးအေသွင်းဂိုး (၁၁)ဂိုးသွင်းထားတယ်။ ဟမ်ဆစ်၊ အင်ဆစ်ဂ် နီ၊ ကယ်လီဟွန်တို့လည်း ဂိုးတွေသွင်းနိုင်ကြတယ်။ ကွင်းလယ် ကတော့ ဂိုးသွင်းအားမရှိဘူး။ အိမ်ကွင်းမှာတော့ ဆမ်ဒိုးရီးယားကို နာပိုလီ လွယ်လွယ်နဲ့အနိုင်ကစားမှာပါ။

No comments:
Post a Comment