Saturday, January 14, 2017

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ လီဟာနက်စ် နှင့် ဘီလ်ဘာအို (စနေည ၆း၃၀ နာရီ)
ဘီလ်ဘာအိုကအဝေးကွင်းခြေစွမ်းသိပ်မကောင်းဘူး။ အဝေးကွင်း (၂)ပွဲဆက် ရှုံးထားတယ်။ အိမ်ကွင်း အားနဲ့ကစားမယ့် လီဟာနက်စ်နဲ့ဂိုးအနည်းပဲထင်တယ်။
■ ဘာစီလိုနာ နှင့် လက်စ်ပါးမားစ် (စနေည ၉း၄၅ နာရီ)
ဘာစီလိုနာအတွက်တော့ နှစ်သစ်မှာ (၂)ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်ဖို့ အိမ်ကွင်းမှာ အားထုတ်ပြမယ့်ပွဲမျိုးပါပဲ။ တစ်ဖက်မှာ ထိပ်ဆုံး (၂)သင်း ထိပ်တိုက်တွေ့နေလို့ ရလာမယ့်အခွင့်အရေးကို ဘာစီလိုနာ အကောင်းဆုံးအသုံးချမယ်ထင်တယ်။ လက်စ်ပါမားစ်ကလည်း ကစားပုံမဆိုးလှပေမယ့် ခံစစ်က အားနည်းလွန်းပါတယ်။ အဝေးကွင်းမှာလည်း နိုင်ပွဲတွေပျောက်နေ တယ်။ ဒါပေမဲ့ နောက်ပိုင်းကစားတဲ့ အဝေးကွင်းပွဲစဉ်တွေမှာတော့ လက်စ်ပါမားစ်တို့ ခံစစ်ကိုအားပြုပြီး ပေးဂိုးနည်းရေးကို ဦးတည် ကစားနေလို့ ဘာစီလိုနာနဲ့ပွဲမှာလည်း ခံစစ်ကိုပဲ ဦးစားပေးနိုင်တယ်။ ဒါကြောင့် အခုပွဲက ဘာစီလိုနာတိုက်စစ် ဂိုးတွေရအောင် သွင်းပြနိုင်ဖို့ပဲ စောင့်ကြည့်ရမလိုဖြစ်လာတယ်။ ဘာစီလိုနာကလည်း အိမ်ကွင်းနောက်ဆုံး(၄)ပွဲမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲ က အက်စ်ပန်ညိုနဲ့တစ်ပွဲပဲရှိတာတွေ့ရတယ်။ ဒါပေမဲ့ ကွင်းလယ်ပိုင်းမှာ အင်နီယေစတာပါလာပြီးနောက်ပိုင်း ဘာစီလိုနာရဲ့ တိုက်စစ်က ဂိုးတွေပိုသွင်းလာနိုင်တာကို ချန်ပီယံလိဂ်၊ ဘုရင့်ဖလားပွဲတွေမှာလည်း တွေ့ရတယ်။ ဒါ့အပြင် ဘာစီလိုနာအတွက် လက်ရှိအနေအထားက ရီးယဲလ်နဲ့ အမှတ်ထပ်မပြတ်ဖို့ ထပ်မှားလို့မရတော့သလို၊ ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်အတွေ့ အနိုင် အတွက်အရေးကြီးချိန်မှာ ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲပါပဲ။
■ အက်သလက်တီကို နှင့် ဘက်တစ်(စနေည ၁၂း၀၀ နာရီ)
အက်သလက်တီကိုအတွက် စိုးရိမ်စရာ သိပ်မရှိတဲ့ပွဲမျိုး ပါ။ ဘက်တစ်ရဲ့အဝေးကွင်းကစားပုံကလည်း အားရစရာသိပ် မရှိလို့ အက်သလက်တီကိုကိုခြိမ်းခြောက်ဖို့ နည်းလမ်းလည်းမရှိ နိုင်ဘူး။ အိမ်ရှင်နဲ့ဂိုးအများပဲ ရွေးထားချင်တယ်။
■ ဒီပို့တီဗို နှင့် ဗီလာရီးယဲလ်(တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
အခုနောက်ပိုင်း ဗီလာရီးယဲလ် ခြေစွမ်းပုံမှန်ပြန်ရလာ သလို တိုက်စစ်ကလည်း ဂိုးတွေရအောင် ကစားလာနိုင်တာတွေ့ ရတယ်။ ဒါပေမဲ့ ဒီပို့တီဗိုကလည်း အိမ်ကွင်းမှာ တိုက်စစ်အား ကောင်းနေတယ်။ ဒီပို့တီဗိုနဲ့ ဂိုးအများပဲကြိုက်တယ်။

No comments:

Post a Comment