■ ရီးယဲလ် နှင့် ဂရန်နာဒါ (စနေည ၆း၃၀ နာရီ)
ရီးယဲလ်အတွက် အမှတ်ပြည့်ရဖို့ မခက်တဲ့ပွဲဆိုပေမယ့်
ဂိုး သွင်းနှုန်းကိုတော့ စောင့်ကြည့်ရဖို့ရှိနေတယ်။
ဆီဗီလာနဲ့ စပိန်ဘုရင့်ဖလားပွဲရှိနေပေမယ့်ပထမအကျော့တုန်းက ဂိုးပြတ်နိုင်ခဲ့လို့ ဒီပွဲကို ရီးယဲလ်အာရုံအပြည့်စိုက်ပါလိမ့်မယ်။
ရီးယဲလ်နဲ့ ဂိုးအများပဲကြိုက်တယ်။
 ■ အီဘာ နှင့် အက်သလက်တီကို (စနေည ၉း၃၀ နာရီ)
အက်သလက်တီကို နှစ်သစ်မှာ အတိမ်းအစောင်းထပ်အ ဖြစ်ခံတော့မယ်မထင်ဘူး။ ဒါပေမဲ့ အီဘာကလည်း စိတ်ဓာတ် ကောင်းပြီး စုစုစည်းစည်းကစားလို့ အက်သလက်တီကိုအတွက် လွယ်ကူမှာမဟုတ်ပါဘူး။ တီကိုနိုင်ရင်တောင် ဂိုးနည်းမယ်။
■ လက်စ်ပါးမားစ် နှင့် စပို့တင်းဂီဂျွန် (စနေည ၁၂း၀၀ နာရီ)
စပို့တင်းဂီဂျွန် တန်းဆင်းဇုန်ထဲကနေ အလွတ်ရုန်းနေပေ မယ့် အဝေးကွင်းကစားပုံ အားနည်းလွန်းပါတယ်။ ဒါကြောင့် အိမ်ကွင်းအားပြုကစားတဲ့ လက်စ်ပါမားစ်ကို မနည်းတောင့်ခံရ မယ့်ပုံပါပဲ။ လက်စ်ပါမားစ်နဲ့ ဂိုးအများပဲကြိုက်တယ်။
■ ဆိုစီဒက် နှင့် ဆီဗီလာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
၂၀၁၇ ထဲမှာ ဘာစီလိုနာပြီးရင် ရီးယဲလ်ကို ဖိအားပေးနိုင်မယ့် အနီးကပ်ဆုံးနောက်တစ်သင်းကတော့ ဆီဗီလာပါပဲ။ လော လောဆယ် ရီးယဲလ်ထက် တစ်ပွဲပိုကစားပြီး (၄)မှတ်အကွာမှာရှိနေတဲ့ ဆီဗီလာရဲ့ဖိအားပေးလာနိုင်မှုကိုလည်း လျှော့တွက်လို့ မရဘူး။ ဒါပေမဲ့ ဆီဗီလာရဲ့အားနည်းမှုက အဝေးကွင်းကစားပုံ မတည်ငြိမ်သေးတာလို့ပြောနိုင်ပြီး ပြီးခဲ့တဲ့ရာသီကစလို့ ဒီရာသီ ၂၀၁၆ ကုန်တဲ့အထိ အဝေးကွင်းနိုင်ပွဲဆိုလို့ (၃)ပွဲသာရှိသေးတယ်။ နောက်ဆုံးအဝေးကွင်း(၄)ပွဲမှာ (၂)ပွဲအနိုင်ရထားတယ်ဆို ပေမယ့် အခုရင်ဆိုင်ရမယ့် ဆိုစီဒက်ကလည်း အိမ်ကွင်းအားကောင်းတဲ့အသင်းဖြစ်နေပြီး အိမ်ကွင်းမှာ အက်သလက်တီကိုကို အနိုင်၊ ဘာစီလိုနာကို သရေကျအောင်ကစားပြထားတဲ့အသင်းဖြစ်နေလို့ ဆီဗီလာအတွက် ခက်ခဲမယ့်ပြိုင်ဘက်ဖြစ်နေတယ်။ ဆိုစီဒက်ဟာ အိမ်ကွင်းပွဲဦးထွက် ရီးယဲလ်ကိုရှုံးပြီးနောက်ပိုင်း အိမ်ကွင်းရှုံးပွဲလုံးဝမရှိတော့ဘဲ အိမ်ကွင်းပုံစံကောင်းကို ပြထား တယ်။ ဒါပေမဲ့ ဆီဗီလာကလည်း အဝေးကွင်းမှာ ခံစစ်ကိုအားပြုပြီး အနိုင်ရရေးထက် သရေရမှတ်အတွက်ကစားနိုင်တဲ့ အသင်းမျိုး ဖြစ်နေတယ်။ အနိုတာကွင်းမှာ ဆီဗီလာရုန်းကန်ရလေ့ရှိပေမယ့် ဒီပွဲတော့ သရေရအောင်ခံကစားနိုင်မှာပါ။

No comments:
Post a Comment