■ လိဂ်ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ အာဆင်နယ်
FA ဖလား စတုတ္ထအဆင့် စနေည နောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အာဆင်နယ်အသင်းက (၅)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ ၀ဲလ်ဘက်၊ လူးကပ်စ်ပီရက်ဇ်၊ ဝေါလ်ကော့တို့ကို ပွဲထုတ်ပြီး (၄-၃-၃) ခင်းကျင်းခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းကလည်း ရှိန်းလောင်းကို တိုက်စစ်မြားဦးမှာတင်ပြီး (၄-၃-၃)ကိုပဲ အသုံးပြုခဲ့တာပါ။
ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲမှာ Clean Sheet (၄)ပွဲရခဲ့တဲ့ ဆောက်သမ်တန် အသင်းရဲ့ ခံစစ်ဟာ ဒီပွဲမှာတော့ အာဆင်နယ်အသင်းတိုက်စစ်ကို မထိန်းနိုင်ခဲ့ဘဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန်(၁၅)မိနစ်နဲ့ (၂၂)မိနစ်တွေမှာ အာဆင်နယ် တိုက်စစ်မှူး ၀ဲလ်ဘက်က နှစ်ဦးဆက်တိုက် သွင်းယူခဲ့ပြီး (၃၅)မိနစ်မှာတော့ ၀ဲလ်ဘက် ဖန်တီးပေးတဲ့ ဘောလုံးကို ဝေါလ်ကော့ အဆုံးသတ် သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း (၆၉)မိနစ်နဲ့ (၈၄)မိနစ်တွေမှာတော့ လူစားဝင် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ဖန်တီးမှု နှစ်ကြိမ်ကို ဝေါလ်ကော့ တစ်ဦးတည်းက အဆုံးသတ်ပြီး ဟက်ထရစ်ရခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာ ဝေါလ်ကော့ရဲ့ အာဆင်နယ် ကစားသမားဘ၀ (၅)ကြိမ်မြောက် ဟက်ထရစ် ဖြစ်ခဲ့တာပါ။
ဒီရာသီ လိဂ်ဖလားမှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ FA ဖလားမှာ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။
■ FA ဖလား ရလဒ်များ
လီဗာပူးလ် ၁-၂ ၀ုလ်ဗ်
စပါး ၄-၃ ၀ိုင္ကမ္ဘီ
အောက်စဖို့ဒ် ၃-၀ နယူးကာဆယ်
လင်ကွန်း ၃-၁ ဘရိုက်တန်
ချယ်လ်ဆီး ၄-၀ ဘရန့်ဖို့ဒ်
ရော့ခ်ျဒေးလ် ၀-၄ ဟတ်ဒါဖီးလ်
ဘန်လေ ၂-၀ ဘရစ္စတိုးလ်စီးတီး
ဘလက်ဘန်း ၂-၀ ဘလက်ပူးလ်
မစ်ဒယ်ဘရော့ ၁-၀ အက်ကရင်တန်
ခရစ္စတယ်ပဲလေ့စ် ၀-၃ မန်စီးတီး
ဆောက်သမ်တန် ၀-၅ အာဆင်နယ်
■ လာလီဂါ ရလဒ်များ
ဗီလာရီးယဲလ် ၂-၀ ဂရန်နာဒါ
အလာဗတ်စ် ၀-၀ အက်သလက်တီကို
အီဘာ ၃-၁ ဒီပို့တီဗို
လီဟာနက်စ် ၀-၂ ဆယ်လ်တာဗီဂို
■ စီးရီးအေ ရလဒ်များ
လာဇီယို ၀-၁ ချီယေဗို
အင်တာမီလန် ၃-၀ ပက်စ်ကာရာ
■ ဘွန်ဒစ်လီဂါ ရလဒ်များ
ဝုလ်ဖ်ဘတ် ၁-၂ အော့စ်ဘတ်
အင်ဂိုးလ်စတက်ဒ် ၃-၁ ဟမ်းဘတ်
ဝါဒါဘရီမင် ၁-၂ ဘိုင်ယန်မြူးနစ်
ဒမ်းစတက်ဒ် ၁-၆ ကိုလုံး
လိုက်ပ်ဇစ် ၂-၁ ဟော်ဖန်ဟင်မ်
လေဗာကူဆင် ၂-၃ မိုချန်ဂလာဘတ်
■ ပြင်သစ်လီဂူး ရလဒ်များ
လိုင်ယွန် ၁-၂ လိုင်လီ
နန်စီ ၀-၂ ဘော်ဒိုး
လော်ရီယန့် ၂-၃ ဒီယွန်း
ဘတ်စတီယာ ၁-၁ ကိန်း
အန်ဂါစ် ၂-၁ မက်ဇ်
ရန်းစ် ၁-၁ နန့်စ်
■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
နောဝစ်ခ်ျ ၂-၀ ဘာမင်ဂမ်
ပရက်စတန် ၁-၁ အစ်ဝစ်ခ်ျ
ရက်ဒင်း ၂-၁ ကာဒစ်ဖ်
ရော့သာဟမ် ၀-၁ ဘန်စလေ
QPR ၁-၂ ဘာတန်
Photo: DailyMail
 
No comments:
Post a Comment