Thursday, June 8, 2017

ဒဏ်ရာပြဿသနာကြောင့်နိုင်ငံတကာပွဲများ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဗာဒီ နုတ်ထွက်

■ ဒဏ်ရာပြဿသနာကြောင့်နိုင်ငံတကာပွဲများ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဗာဒီ နုတ်ထွက်

လက်စတာအသင်းမှ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဗာဒီသည် အသေးစားဒဏ်ရာပြဿနာကြောင့် နိုင်ငံတကာပွဲများကစားမည့် အင်္ဂလန်အသင်း လူစာရင်းမှ နုတ်ထွက်သွားကြောင်း FA က အတည်ပြုခဲ့သည်။

ဗာဒီ(၃၀နှစ်)သည် ပြီးခဲ့သည့် အင်္ဂါနေ့က အင်္ဂလန်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်ဒဏ်ရာရရှိခဲ့ခြင်းကိုမူ FA က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ဗာဒီသည် ယခုစနေနေ့တွင် စကော့တလန်နှင့် ကစားမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ လာမည့်အင်္ဂါနေ့၌ ပြင်သစ်နှင့် ကစားမည့်ခြေစမ်းပွဲများကို လွဲချော်ရန်သေချာသွားပြီဖြစ်သည်။ ဗာဒီသည် အင်္ဂလန်လက်ရွေးစင်အသင်းတွင်  ၂၀၁၅ ခုနှစ်မှ စတင်ရွေးချယ်ခံခဲ့ရပြီး (၁၆)ပွဲကစား(၆)ဂိုးသွင်း ယူထားသည်။

အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်အနေဖြင့် ဗာဒီ၏နေရာတွင် အခြားတိုက်စစ်မှူးတစ်ဦးကို အစားထိုးခေါ်ယူမည် မဟုတ်ကြောင်းလည်း သိရသည်။

Photo; Sky Sports

No comments:

Post a Comment